Tuesday, April 17, 2012
ပညာရေးကွာဟမှု
တလောလောက်က ဘွဲ့ ရမိန်းကလေးတယောက်နဲ့ တွေ့ တယ်
ဘာတွေလေ့လာနေလဲလို့ မေးလိုက်တယ်။သူက MS တဲ့ ကျနော်နဲနဲ ကြောင်သွားတယ်
ဘာဘာသာရပ်လဲပေါ့ ပြီးတော့မှ အဲ့မိန်းကလေးပြောတာက Microsoft Office တဲ
့။ကျနော်ပြေးပြီးထိုင်ငိုချင်စိတ်ပေါက်သွားတယ်။Microsoft Office ဆိုတဲ
့ပညာရပ်လောက် ဘာသာရပ်လောက်ဆိုတာ မသင်ထားလဲတတ်နေ
ရမယ်။ကွန်ပျူတာနယ်ပယ်မှာ ဒီဆော့ဖ်ဝဲလ်တခုထဲရှိတာလဲမဟုတ်။အများအပြား Linux
တို့ ဘာတို့ သုံးရင်ဘယ်လိုနေမလဲမသိ။
နှိုင်းယှဉ်ချက်အရပြောရရင်လဲ အိမ်နီးချင်းနိုင်ငံတွေမှာ
ကလေးတော်တော်များများက ကွန်ပျူတာကိုကောင်းကောင်းကျွမ်းကျွမ်းကျင်ကျင်
သုံးတတ်နေပြီ။အဓိကဖြစ်သင့်တာက ကွန်ပျူတာဆိုတာ လူ
့လောကကိုအထောက်အကူပြုလောက်ပဲပေါ့..။ပြီးတော့ Microsoft Office မှာ
အလုပ်လျှောက်လွှာတင်ဖို့ ရိုက်ထားတယ် ကျနော့်ကွန်ပျူတာမှာက Microsoft
Office 2003 ပဲရှိလို့ သူ၂၀၀၇ ဗားရှင်းနဲ့ ဆေ့ဖ်ထားတာကို
ပြောင်းခိုင်းတာမတတ်ဘူး...။အဲ့မှာ ပွဲကပြတ်ကရောပဲ...။
တလွဲဆံပင်ကောင်းခြင်း
အဲ့နောက်ထပ်တွေ့ သေးတယ်ဗျ....အသိမိန်းကလေးတယောက်ပဲ
အင်ဂျင်နီယာCivilကိုနောက်ဆုံးနှစ်သူတို့ 
အိမ်ကဆင်းရဲတယ်လေ ပညာနဲ့ စီးပွားရှာချင်တယ်။ကျနော်နားလည်ပါတယ် ထားပါတော့
သူက Civil ဆိုရင် အနည်းဆုံးတော့ သူ့ အင်ဂျင်နီယာပညာနဲ့ သင်ထောက်ကူပစ္စည်း
ကွန်ပျူတာတလုံးလောက်ရှိသင့်တယ်။သူက ၂သိန်းတန်ုဖုန်းဝယ်ဖို့ စဉ်းစားတယ် ။
မိဘကလဲလမ်းကြောင်းကောင်းကောင်းမချပေးနိုင်ဘူး။အမှန်တကယ်ဆို
သူအင်ဂျင်နီယာပညာနဲ့ ပက်သက်တာ ကွန်ပျူတာဝယ်သင့်တယ်။ကွန်ပျူတာဆိုတာ
သုံးနေရင်းယဉ်ပါးသွားမှာပဲ။ဖုန်းကဘာလုပ်ဖို့ လဲ
လွဲမှားနေတာ..ထပ်ပြီးငိုချင်သွားတယ်။
Globalizationနဲ့ လွဲချော်မှု
သင်္ကြန်မှာ မြင်တဲ့ ပုံတွေကိုတွေ့ လိုက်တော့
ပိုစိတ်ပျက်သွားတယ်။အမှန်တကယ်
အရက်သောက်နိုင်တာ၊ဖုန်းကိုင်နိုင်တာ၊ကလပ်တက်နိုင်တာ၊အဖေါ်အချွတ်လုပ်နိုင်တာ
အဲ့ဒါဂလိုဘယ်လိုက်ဇေးရှင်းဆိုမှားသွားမယ်ထင်တယ်။ဂလိုဘယ်လိုက်ဇေးရှင်းနဲ
့တန်တဲ့ အသိ ပညာမရှိသေးဘူးလို့ ပဲဆိုရမယ်။ဘာကြောင့်လဲဆိုတော့
လူငယ်တွေအင်တာနက်ဆိုတာကို
အများဆုံး တလွဲသုံးနေကြတယ်။ချက်တင်ထိုင်တယ် ဂိမ်းနှိပ်တယ် ဖွန်ကြောင်တယ်
ကျူတယ် အီတယ်။ဒါမဖြစ်သင့်ဘူး..အချိန်အလားကားဖြုန်းနေတာပဲ။အင်တာနက်မှာ
စာပေတွေဖတ်သင့်တယ် ဆောင်းပါးတွေ မိမိသန်ရာဘာသာရပ်တွေနဲ့ ပက်သက်လို
့တကမ္ဘာလုံးမှာ ဘယ်နိုင်ငံက ဘာနဲ့ ပက်သက်လို့ ဘာလုပ်လိုက်ပြီဆိုတာမျိုးကို
သိအောင်လေ့လာနေရမယ်။ပညာမလာလဲထိုင်နေကြတဲ့ အများစု
ဟုတ်ပြီ အစိုးရပညာရေး ဘာမှမပေးနိုင်ဘူးဗျာ လက်ခံတယ်
ပြည့် ဝအောင်မသင်ကြားပေးနိုင်ဘူး ဆရာတော်တော်များ
များကလဲ သင်ကြားပေးဖို့ စွမ်းရည်မလောက်ဘူး ။ဟုတ်ပြီ ဒါဆို လူငယ်တွေအနေနဲ
့ကိုယ်ကသွားရမယ်လေ သင်တန်းတက် စာဖတ် စားများများဖတ်
တွေးခေါ်သုံးသပ်။ဒါမျိုးတွေမဟုတ်ဘူး သင်တန်းတွေကလဲ ကွန်ပျူတာဆို
ကွန်ပျူတာသင်တန်းတော်တော်များများက ပိုက်ဆံကြည့် ကြတယ် အစိုးရက
စစ်ဆေးမှုမရှိ ကျောင်းသားတွေက ဖွန်ကြောင်ချင်နဲ
့ဘာဘာသာရပ်မဆိုနော်..။ပညာမလာရင်ကိုယ်ကသွားရတယ်တဲ့ အခုတော့ ထိုင်နေကြတယ်
ကဲ ပြတ်ကရော။
အာဏာရူးလေးများ (သို့ )ဘိလပ်ရည်ပုလင်းဖုံးထဲက ဖား
ပညာရပ်တွေကိုသေချာမလေ့လာ မဖတ် နဲနဲလေးသိပြီး
လူငယ်အချင်းချင်းပဲကို မာနကြီးတခွဲသားနဲ့ နေ..။အများသဖြင့် မတန်တဲ
့နေရာကို အလွယ်တကူရသွားလိုက်တဲ့ လူငယ်တွေမှာအဖြစ်များတယ်။ပညာရပ်ဆိုတာက
တကယ်တမ်းလေ့လာကြည့် ပါ..။ခင်ဗျားမသေမချင်းလေ့လာနေရမယ်
ဒါကိုနားမလည်ဘူး။ကိုယ့်ကိုယ်ကိုဘာမှမသိခြင်း သုညဆိုတာနားမလည်ဘူး။ပြီးတော့
တချို့ အင်္ဂလိပ်လိုတွေ ပြောတယ် ဥပမာ Civil Society တို့ ဘာတို့ ပေါ့
သုံးပါ သုံးတာတော့ သုံးပါ။ဒါပေမယ့် အဲ့ဒီအပေါ်မှာ
ဘာသက်ရောက်မှုမှမရှိစေရဘူး မသိသေးတဲ့ သူတွေကို
စကားလုံးကြီးတွေသုံးပြတယ်(လူငယ်တွေထဲမှာပဲနော်)
တကယ်မေးလိုက်မယ် အင်္ဂလိပ်စာကို တကယ်တတ်ပြီလားလို့ ။ပွဲတွေ ပြတ်သလားမမေးနဲ့ .။
ပညာသင်ခြင်းဆိုတာနဲ့ ကပ်လွဲခြင်းနောက်တချက်
ပညာသင်ခြင်းဆိုတာ မိမိကိုယ်ကို
မိမိဝမ်းစာဖြည့်ခြင်းပါ။မိမိကိုယ်ကို
တိုးတက်အောင်လုပ်ခြင်းပါ။မိမိကိုယ်ကိုပညာပြည့်အောင်လုပ်မှ မိမိနေထိုင်တဲ
့လူ့ အဖွဲ့ အစည်းလဲ တိုးတက်မှာဖြစ်တယ်။ကျနော်တို့ မြန်မာပြည်မှာ
လူငယ်တော်
တော်များများ တပွဲထိုးလေ့လာရေးများတယ်။ဥပမာ အင်ဂျင်နီယာကျောင်းဆိုတာနဲ
့စုပြုံရောက်သွားတယ်။တိုင်းပြည်တခုကဒီပညာရပ်
တခုတည်းနဲ့ ရပ်တည်လို့ မှမရတာ အဖက်ဖက်က ပညာရပ်တွေကို မျှခြေနဲ
့သင်ယူရမယ်။ပြီးတော့ ကိုယ်တကယ်ဝါသနာပါလို့ ရွေးချယ်
တာမဟုတ်။ကျောင်းကပေးလိုက်တဲ့ ပညာကလဲ တကယ်မတတ်..အဲ့မှာပွဲပြတ်ရော။သူတို
့ရည်ရွယ်ချက်က ဘွဲ့ ဆိုတဲ့ တံဆိပ်လေးပဲ။
အဲ့ပညာတရပ်လုံးလိုချင်လို့ မဟုတ်ဘူး။ပြီးတော့ မိဘတွေကလဲ ကြွားချင်တာနဲ
့သားသမီးကို ဖိအားပေးဖို့ လောက်ပဲသိတယ်။သားသမီး
တွေကလဲ ဘွဲ့ ရပြီးရင် စင်္ကာပူသွားမယ်။ပိုက်ဆံရှာမယ်။အဲ့ဖုန်းဝယ်တဲ
့အင်ဂျင်နီယာလောင်းလေးပြောတာက စင်္ကာပူနိုင်ငံသားလုပ်မယ်တဲ့ ။ကဲပြတ်ကရော
ဦးနှောက်ယိုစီးမှုတွေ..။ကျနော်ကတော့ အဲ့လိုလူတွေကို
ပညာတတ်အောက်တန်းစားလို့ 
မှတ်လိုက်တယ်။နိုင်ငံကိုမကြည့် ခြင်း(လူ့ အဖွဲ့ အစည်းကိုမကြည့် ခြင်း)။
ဒီလိုလူတွေ နဲ့ နောင်အနှစ်၂၀သုတို့ ခေတ်
ဒီလိုလူတွေနဲ့ နောင်အနှစ်၂၀ သူတို
့ဦးဆောင်မယ့်ခေတ်ကျရင် ကျနော်တို့ ဘယ်လိုစခန်းသွားမလဲ ?
သင်တို့ ပညာရေး သင်တို့ လွတ်လပ်မှု
သင်တို့ ကျန်းမာရေး သင်တို့ နိုင်ငံဖွံ့ ဖြိုးရေး သင်တို
့ဒီမိုကရေစီအုတ်မြစ်ခိုင်မာရေး လူ
့အခွင့်အရေး...............................................?
မှတ်ချက်။ ။ထိုထဲမှရုန်းထွက်နေသော လူငယ်အနည်းစုမပါပါ။
ခေတ်သစ်မီးမောင်း
Wednesday, April 11, 2012
အင်္ဂလိပ်စာလေ့လာရာတွင် အသိများလေ ပိုလွယ်လေ
Posted by Kyaw Win Tun on April 9, 2012
ထိုသို့ နားထောင်စရာများကို အင်တာနက်စာအိမ်များပေါ်တွင်ရှာနိုင်ပါသည်။ အင်္ဂလိပ်စာ လေ့လာ သူများအတွက်သီး သန့်  ဟောပြောချက်များကိုမူ သိပ်ရှာတွေ့ မည်မဟုတ်ဘဲ ပုံမှန် စကားပြောနှုန်းဖြင့် ပြောသော ဟောပြောမှု၊ ဆွေး နွေးမှု စကားပြောများကိုသာ များသောအားဖြင့် နား ထောင်နိုင်ပါ လိမ့် မည်။ bbcworldservice.com bbc.co.uk စာအိမ်များတွင် အကြောင်းအရာအမျိုးမျိုးကို  ဆွေးနွေး ဟောပြောထားသော နားထောင်စရာများစွာ ရှိပါသည်။
ဤနေရာတွင် အခက်အခဲတစ်ခုရှိပါသည်။ ပြောသော အသံများ၊ စကားလုံးများကို အကုန် ဖမ်းမိလျင်သော်မှ နားမ လည်လိုက်သော အဖြစ်မျိုးရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆွေးနွေး ဟောပြောသော အကြောင်းအရာကို တီးမိခေါက်မိမရှိသောကြောင့်ဖြစ်ပါသည်။ ဥပမာ ဘီဘီစီ အင်္ဂလိပ်ပိုင်းရှိ သိပံ္ပဆိုင်ရာ သတင်းလွှာသော်လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှု အစီအစဉ်သော်လည်းကောင်း၊ စာပေဆွေးနွေးမှုများကိုလည်းကောင်း နားထောင် ရာတွင် ထိုအကြောင်းတို့ ၏ အခြေခံ သဘောများကိုအနည်းငယ် တီးမိခေါက် မိရှိထားပါက မြန်မြန်နားလည်နိုင်ပါ လိမ့်မည်။
မေးစရာရှိပါသည်။ ထိုအရာတို့ ကို မသိပါ။ ကျောင်းတွင်မသင်ခဲ့ရပါ။ ထို့ ကြောင့် ဘယ်လိုသိနိုင် မလဲ။ သတိပြု စရာ တစ်ခု ရှိ ပါသည်။ ၎င်းရေဒီယို အစီအစဉ်များမှာ သိပံ္ပပညာရှင် စာပေပညာရှင် ကျန်းမာရေးပညာရှင်များအတွက်သာ သီးသန့် ထုတ်လုပ်ထားသည်မဟုတ်ပါ။ သူလိုကိုယ်လို သာမန်နားဆင်သူများအတွက် မေးမြန်းဆွေးနွေးထား ချက် များ ဖြစ်ပါသည်။ မေးမြန်းသူက နားထောင်သူများ လိုက် နိုင်မည်ဟု ထင်သည့် နေရာက စ ထားတတ်ပါသည်။ ထို့ ကြောင့် ထိုအရာတွေကို မသိ၍ စ နားမထောင်ဘူးဟု ဆင်ခြေမပေးသင့်ပဲ အကြောင်းအရာ အသစ်များကို စိတ် ၀င် စားအောင် အားထုတ်သင့်ပါသည်။  
ထိုမျှမကပါ။ IELTS TOEFL စသည့် စာမေးပွဲဖြေရာတွင်လည်း အထောက်အကူပေးပါလိမ့်မည်။ ထိုစာမေးပွဲများတွင် အကြားစွမ်းရည်စစ်ဆေးသည့် နားထောင်စရာများတွင် ထိုထိုသော အကြောင်း အရာ များစွာပါ၏။ သိထားသော အကြောင်းအရာကို နားထောင်ရသည်က ဘာမှမသိဘဲ အသံများ စကားလုံးများကိုသာ လိုက်နားထောင်ရသည်ထက် ပို၍ လွယ်ကူပါလိမ့်မည်။ အဖတ်စွမ်းရည် ကိုဖြေရာ တွင်လည်း ဤအတိုင်းပင်ဖြစ်ပါသည်။ ရေးရာတွင်လည်း သူ များ သုံးထားသည့် ဖန်တရာတေ အ ချက်များထက်သာအောင် ရေးနိုင်ပါလိမ့်မည်။
နောက်ဆုံးမေးခွန်းတစ်ခုမှာ များပြားလှသော သိစရာများအနက် ဘယ်အရာကို အရင်သိအောင် အားထုတ်သင့် သလဲ ဆိုသော မေးခွန်းဖြစ်ပါသည်။ ဖတ်စရာများများ နားထောင်စရာများများကို ရှိရန် နိုင်ငံ တကာသတင်းများကို စတင် စိတ် ၀င်စားကြည့်ပါဟု အကြံပေးလိုပါသည်။ မြေပုံကိုလည်း ဂူဂဲလ် မြေပုံ googlemap မှရှာနိုင်ပါသည်။ နိုင်ငံ တစ် ခုစီ၏ ခေတ်ဟောင်း ခေတ်သစ်သမိုင်းကိုလည်း အင်တာ နက် ပေါ်တွင် လက်ချောင်း တစ်ချက်နှစ်ချက်နှိပ်ဖြင့်ပင် ရှာ ဖတ်နိုင်ပါပြီ။
အသိများများ ရှာနိုင်ကြပါစေ။