Friday, April 12, 2013
Sunday, April 7, 2013
စက်ရုပ်ဘဝနဲ့ ဝစီပိတ် တပ်မတော်သား ကိုယ်စားလှယ်များ - အပိုင်း (၁)
စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှာ တင်ပြခဲ့တဲ့ သတင်းများကို ဖတ်ရှုလိုက်ရတဲ့ လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် အရာရှိတစ်ဦးက သူတို့ဟာ ပြုပြင်ပြောင်းလဲ ပွင့်လင်းမြင်သာ ခေတ်ကြီးထဲမှာ ဝစီပိတ်ကျင့်နေကြရပုံနဲ့ စက်ရုပ်ဘဝ ရောက်နေကြရပုံတွေကို ရင်ဖွင့်သွားပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၂၅% သော တပ်မတော်အရာရှိ အမည်စာရင်းများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (တပ်ချုပ်) က အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်များမှာ တက်ရောက်ခွင့် တင်သွင်းခဲ့ပါတယ်။ တပ်ရဲ့ ထုံးစံအတိုင်း တပ်သစ် ဖွဲ့စည်းမည် ဆိုပါက တပ်ဟောင်းက ဆိုးသွမ်းသူ၊ သုံးမရသူ၊ ဂဏန်းသွား ကန့်လန့်တိုက်သူများ၊ မလုပ်မရှုပ် မပြုတ်တဲ့ ရာထူးမတက်သူများကို တွန်းပိုးလေ့ ရှိကြပါတယ်။ အဲဒီ အစဉ်အလာအတိုင်း လွှတ်တော်အတွင်း တာဝန်ထမ်းဆောင်ကြရမဲ့ အရာရှိစာရင်းကို လက်အောက်တပ်များက တပ်ချုပ်ထံ အဆိုပါ ဂုဏ်အင်္ဂါရပ် ဝိသေသထူးများနဲ့ ပြည့်စုံသူများကိုသာ ရွေးချယ်ကာ တင်ပြပေးခဲ့ကြပါတယ်။ စည်းလုံးခြင်းရဲ့အင်အားက လွှတ်တော်အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော် (လေ) မှ အရာရှိများအကြောင်း တင်ပြခဲ့ဖူးပါတယ်။
ဒါပေမဲ့ လွှတ်တော်အတွင်းကို ရောက်ရှိခဲ့ကြတဲ့ အဆိုပါ အရာရှိများဟာ စစ်တပ်ထဲမှာလို လျော့တိလျော့ရဲ ပြုမူနေထိုင်ခြင်း မရှိကြတော့ဘဲ တက်ကြွစွာ ဆွေးနွေးကြပါတယ်။ လွှတ်တော်အမတ်များရဲ့ စောင့်ကြည့်မှုကို ခံရလို့ သူတို့ရဲ့ ဂုဏ်သိက္ခာ အထူးသဖြင့် တပ်မတော်အပေါ် အထင်သေးမှာ စိုးရိမ်ပြီး အားထည့်လုပ်ကိုင်လာတယ်လို့ သုံးသပ်ရပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများနဲ့ နိုင်ငံရေး အကျဉ်းကျနေသူများအား ပြန်လည်လွှတ်ပေးရေးကို ထောက်ခံဆွေးနွေး မဲပေးခဲ့ကြရာ လွှတ်တော်အမတ်များကပင် အံ့သြကုန်ကြပါတယ်။ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနဲ့ ရင်းနှီးလာကြပြီး အပြန်အလှန် ဆွေးနွေးကြ၊ အမြင်ချင်းဖလှယ်ကြကာ ယုံကြည်မှု တည်ဆောက်ခဲ့ကြလို့ ဒီမိုကရေစီရဲ့ အနှစ်သာရ ထင်ဟပ် ပေါ်လွင်လာကြပါတယ်။ ဒါကို တပ်ချုပ်တစ်ယောက် စိတ်ပူပန်ဟန် တူလာပြီး သူတို့ကို နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ကျောင်းဆင်း ဗိုလ်မှူးကြီးများ အပါအဝင် အရာရှိကြီးများနဲ့ လဲလှယ်လိုက်ပါတယ်။
အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း စတင် ရောက်ရှိလာတဲ့အချိန်မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး သမ္မတနှင့် လွှတ်တော်အကြား အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်သိန်းစိုး (DSA - 16) တို့ အဖွဲ့အား ပြည်ထောင်စုအဆင့် ထားသင့်/ မသင့် သဘောထား ကွဲလွဲခဲ့ရာ တပ်မတော်သား ကိုယ်စားလှယ် အများစုက နိုင်ငံတကာ ဖွဲ့စည်းပုံများနဲ့ နှိုင်းယှဉ်ကာ ဇယားကားချပ်များနဲ့ စနစ်တကျ ဝင်ရောက်ဆွေးနွေး ဝေဖန်ခဲ့ပါတယ်။ ဒါကိုမကြိုက်တဲ့ အစိုးရနဲ့ လွှတ်တော်မှ ဗိုလ်ချုပ်ဟောင်း တချို့က တပ်ချုပ်ထံ တိုင်ကြားဟန်တူပြီး နောက်ပိုင်းမှာ လွှတ်တော်ထဲတွင် လွှတ်တော်အမတ်များ တင်လာတဲ့ အဆိုများနဲ့ မေးခွန်းများကို ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း၊ ဝေဖန်ခြင်း၊ တော်ရုံတန်ရုံ မပြုလုပ်ကြဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေကို တပ်ချုပ်က သတိပေးခဲ့တယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။
တပ်မတော်သား ကိုယ်စားလှယ် အရာရှိတစ်ဦးဟာ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်ထံ ရီရီမောမော ပြောလိုက်တာကတော့ "ကျွန်တော်တို့က လွှတ်တော်အတွင်း သွားလာပြုမူ ပြောဆိုနေထိုင်တာ သတိနဲ့နေရတာဗျ။ တော်ကြာ ဒေါ်အောင်ဆန်းစုကြည်ကို အပြုံးနဲ့နှုတ်ဆက်မိလို့ CCTV ကင်မရာက ဖြစ်စေ၊ လိုင်းပျောက် အသံဖမ်းစက်က တွေ့သွားလို့ ဖြစ်စေ၊ ကြားသွားလို့ ရှိရင်တော့ နောက်နေ့ကျ ပြောင်းရင်ပြောင်း၊ မပြောင်းရင် ထုထောင်းခံရတာမျိုး ရှိနိုင်တယ်ဗျ" လို့ ဆိုသွားပါတယ်။ အဲဒီလိုအခြေအနေ ရုတ်ချည်းပြောင်းလဲသွားတာဟာ တပ်မတော်မှ လွှတ်တော်ကိုယ်စားလှယ်များကို တကူးတက စေလွှတ်ရန် မလိုတော့ဘဲ သဘောထားမှတ်ချက် တပ်ချုပ်ထံ တောင်းခံရုံသာရှိပါတယ်။ ဖင်ညောင်းခံကာ အချိန်ကုန်ခံပြီး အရာရှိများက သူများတွေ ပြောဆိုတာကိုသာ နားထောင်ရုံသက်သက်ဆိုပါက သဘာဝမကျတဲ့အပြင် ပြည်သူလူထု အနေနဲ့ အမြင်ကြည်လင်မှု ရရှိဦးမှာ မဟုတ်ကြောင်း စစ်ဘက်နီးစပ်သူများက ဆိုပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး ဝေဖန်ထောက်ပြ ဆွေးနွေးချက်များ ထပ်မံ ၀င်ရောက်ရန်ရှိရာ ဆက်လက် တင်ပြပေးသွားပါမယ်။
မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား။
၁) မနှိုင်းနဲ့
"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။
၂) လျှစ်လျှူမရှူနဲ့
မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။
၃) မျက်နှာထား မပြနဲ့
မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် " မိန်းမရေ.. ပင်ပန်းနေပြီလား" နဲ့ " မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ" ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။
၎) ပြိုင်ကြတယ်
ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။
၅) ကြည့်တတ်တယ်
မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။
၆) မရိုက်နဲ့
မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။
၇) နူးညံ့ပါ
မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။
၈) မိသားစုဟာ ပထမ
ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။
၉) ယောက္ခမဆိုတာလည်း မိဘပဲ
မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။
၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း
လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက်ခံစားတတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။
ဟာဒရမှပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
Tuesday, April 2, 2013
Good!!!
"မဟာရန်ကုန် ရွှေမြို့တော်ကြီးက အကောင်းဆုံး အစားအသောက် စာရင်း ၁၀၁"
၁. တရုတ်တန်း ကိုကိုညီညီ ထမင်းကြော်ဆိုင်က ဝက်သားကြော်နဲ့ ချဉ်ပေါင်ကြော်
၂. ၁၅လမ်းထိပ် ကိုဆယ်သန်းဆိုင်က ဝက်သားလုံးယိုးဒယားဟင်းချို
၃. ဆင်မလိုက်လမ်းဆုံက ဝက်သားစပယ်ရှယ်ထမင်းကြော်
၎. လှည်းတန်းဗဟိုလမ်းက ပြည် ဒေါ်ဥထမင်းသုပ်နဲ့ ဆိတ်သားကြော် ဆိတ်သားလုံးကြော်
၅. ဝက်လယ်သမားဟင်း သဘောင်္သီးထောင်း@ ပန်းစွယ်တော် Thai Express
၆. မင်းလမ်းမုန့်တီ က ရေချိုပုဇွန်မီးဖုတ်သုပ် နဲ့ ငရုပ်သီးငါးပိဖျော်....
၇. မြေနီကုန်း ရှမ်းကုန်းလမ်း သီရိဝဏ်းတား က ယိုးဒယားဝက်သားသုပ်
၈. ဆာ့ခုမ် အမဲလျှာနဲ့အမဲခြောက်ထောင်း
၉. Green Curry Seafood Spaghetti @ Coffee Circle
၁၀. တောင်ဥက္ကလာ အောင်ရတနာဆေးခန်းနားက လရောင် အသုပ်စုံ
၁၁. Signature သီးစုံပျားရည် ဒိန်ချဉ်
၁၂. အင်းယားလမ်း KKS အသားကင်
၁၃. 369 က ပြည်လုံးချမ်းသာ ဝက်နံရိုးကြော်
၁၄. ရွှေဂုံတိုင် မအင်ဟုန် ကတ်ကြေးကိုက်
၁၅. ၁၂ လမ်း မောင်မြင့် အူပေါင်း
၁၆. ဗန်မော်ငါးမျှစ်ချဉ်ခေါက်ဆွဲကောင်းမှကောင်း @ မလိခူး
၁၇. ကန်လမ်း လျှာဂျွမ်းပြန် ကော်ရည် ဆီချက် ငါးပိထောင်း
၁၈. Sushi @ Samurai
၁၉. ယူဂျီးနီးယား ရေခဲမုန့်ကြော်
၂၀. Keco ပုစွန်ဟွာ ဟော့ပေါ့
၂၁. နှစ်ယောက်တစ်ပွဲမှ ပိုအရသာရှိတဲ့ ရွှေထူးမိုးပျံခေါက်ဆွဲ
၂၂. မြေနီကုန်း ဒေါ်တင်ရီ ဘဲဥမွှေကြော်
၂၃. Tokyo Fried chicken
၂၄. လမ်း၂၀ ဆန်ပြုတ် ဘဲခြေသုပ် အသဲမြစ်သုပ်
၂၅. ဗိုလ်မြတ်ထွန်းလမ်း မြစ်ကြီးနား ဆန်စီးခေါက်ဆွဲ
၂၆. Pepper Beef steak
၂၇. ရွှေမန်းရုံ အောက် အဘိုးကြီးဝက်သားတုတ်ထိုး
၂၈. Shake လက်ဖက်ကြက်ဥ ကော်ရည်
၂၉. ၅၁လမ်း မော်တော်ပီကယ်ရုံးဘေးက အမဲနှပ်နဲ့ ထမင်းကြော်
၃၀. သံဈေးငွေသိန်းက နက်စ်အော်စွန်း
၃၁. အိမ်ကြီးလမ်းရေကျော်ဈေးက အစ်ကိုကြီးချက်တဲ့ ရွှေလက်ရာမုန့်ဟင်းခါး
၃၂. ကျောက်မြောင်းက ....မန္တလေး..... ရှောက်သီးသုပ်နဲ့ကြာဇံချက်
၃၃. ဗိုလ်ရာညွန့်လမ်း စကော့ဈေးကုန်းတံတားအဆင်းက သာခွေယိုင်
၃၄. နှီးခွက်လေးနဲ့ငါးပေါင်း အရမ်းကောင်းတဲ့ the ritz
၃၅. ပုစွန်ပေါင်မုန့်ကပ်ကြော် ဝက်ကချင်ချက် @ space bar
၃၆. စကော့ဈေးကုန်းတံတားအောက် အကျိဆိုင်က ဝက်အူစုံ ဘဲဥ ခေါက်ဆွဲ
၃၇. စကော့ဈေး စားသောက်တန်း ဦးကြွိဆီချက် နဲ့သံပုရာရည်
၃၈. စကားဝါ ကြေးအိုး
၃၉. ရွှေတောင်တန်းလမ်း ဒေါ်ချွန်း ကော်ပြန့်စိမ်း
၄၀. မနက် ၉း၀၀ နာရီအပြောင်ရှင်းတဲ့ ယုဇနပလာဇာနားက အဘွားကြီးအစုံသုပ်
၄၁. ကျိုက်ထီးရိုးဘုရားလေးလမ်း ဘဲသားမုန့် ကော်ပြန့် 
၄၂. ၁၂း၀၀ နဲ့ ၄း၀၀ နာရီအတွင်းပဲရတဲ့ ၁၆၅ လမ်းထိပ်က အသုပ်စုံ အာပူလျှာပူ ကြာဇံချက်
၄၃. ရန်ကင်း ဝဆန်းသီး ချစ်တီးထမင်းဆိုင်ကြက်ကြော်
၄၄.လေးထောင့်ကန်လမ်း ILBC နားက ဟင်းရည် ကပ်စီးနည်းတဲ့ မုန့်ဟင်းခါး
၄၅. သီရိမင်္ဂလာဈေး အီကြာကွေး ပဲပြုတ်အစာသွပ်
၄၆. ရေကျော်မောင်အေး စမူဆာ
၄၇. စိတ်တိုင်းကျ ဆိတ်စွပ်
၄၈. လပ်ကီးဆဲဗင်း နံရိုးပေါင်းမန်ထို
၄၉. ချယ်ရီမန်း ဆိတ်ကင်
၅၀. လမ်း၂၀ ဂဏန်းကော်ကြော်
၅၁.စိန့်ဩဂတ်စတင်းကျောင်း ရှေ့ စစ်တပ်ဝင်း အကြော်ဆိုင်က အာလူးကတ်တလိပ်ကြော်
၅၂. တောင်လုံးပြန် ကမ်းနားက ပဲကြော်
၅၃. TTC ကျောင်းဆင်းရောင်းတဲ့ ဖက်ထုပ်ကြော်
၅၄. မြေနီကုန်း ကြက်တန်း ဒီဇင်ဘာ ကုလားလက်ဖက်ရည်ဆိုင်က ပဲဟင်းအာလူးပူရီ
၅၅. Sport Bar ပုစွန်အစိမ်းသုပ်
၅၆. မေးလို့မသိရင် ရေကျော်သားမစစ်တဲ့ ဒေါ်မြလေးမုန့်ဟင်းခါး
၅၇. တာမွေ ဦးချစ်မောင်လမ်းက ရှီမို ဝက်အူစုံ
၅၈. စပါးရှားလမ်း အာလူး ဇကာကွက်ကြော်
၅၉. ရွှေမြို့တော်က ဆိတ်ဦးနှောက်
၆၀. ကန်တော်ကြီးက ပုံးလေးနဲ့ရောင်းတဲ့ ယိုးဒယားရေခဲချောင်း
၆၁. ရွှေလီ မာလာငါး
၆၂. ကြက်လျှာစွန်း ဒံပေါက်
၆၃. ယူနန်အသားကင်ဆိုင်က ငါးခဲပတ်ကင်
၆၄. ဝင်္ကဘာလမ်း မိုးကုတ်ဒေါ်ရှန် နန်းပြားသုပ် ငါးထမင်းနယ်
၆၅. Legacy ယိုးဒယားဂဏန်းချက်
၆၆. ကန်ရိပ်သာလမ်း ချစ်တီးထမင်းဆိုင်
၆၇. ကြည့်မြင်တိုင် ကျောင်းကြီးလမ်းထောင့် ဝက်သားကြော် ရခိုင်မုန့်တီ
၆၈. အနော်ရထာနဲ့ပန်းဆိုးတန်းထောင့်ကငါးဖယ်အစာသွပ်
၆၉. ၁၀၀တန် ဆူးလေကျောက်ကျော
၇၀. တိုကျိုဒိုးနပ်မျက်နှာချင်းဆိုင်က အသုပ်စုံ
၇၁. ပုစွန်တောင် ကာဆင်ဘိုင်ကြက်သားသုပ်
၇၂. ရွှေဘဲ ခေါက်ဆွဲကြော်
၇၃. western park ဂျုံပြားနဲ့ဘဲကင် ကြာညို့ငရုပ်ချဉ် ကြက်သွန်မိတ်
၇၄. မေတ္တာညွန့်ဇာတိဂုဏ်လမ်းက အရမ်းညစ်ပတ်တဲ့ အပျိုကြီး ရခိုင်မုန့်တီငါးဖယ်အစာသွပ်
၇၅. စမ်းချောင်းသူဌေးမင်း ပဲပလာတာ
၇၆. ၄၉လမ်း အပေါ်လမ်းထိပ်က သကြားပလာတာ
၇၇. ၁၃လမ်းထိပ်က သီးစုံUSA
၇၈. မိန်းထဲက ဦးငယ်လေး ပဲပြုတ်ထမင်းကြော် ငရံ့ခြောက်ဖုတ် ဆတ်သားခြောက်ဖုတ် FOC ချဉ်စပ်ဟင်းရည်
၇၉. ၃၆လမ်း မွန်မွန် မုန့်ဟင်းခါး
၈၀. အင်းယားလမ်းထိပ် friendship က ဂုံးသုပ် ဆိတ်ပေါင်းစပ်ပေါင်မုန့်
၈၁. ရွှေမြို့တော် ကူဖီးရေခဲချောင်း
၈၂. မနက်အစောကြီးရောင်းတဲ့ ရွှေပလောင် လက်ဖက်ရည်ဆိုင်ဘေးက အရမ်းသဘောကောင်းတဲ့ အဘွားကြီးရောင်း ကောက်ညင်းပေါင်း ငချိပ်ပေါင်း ဆီထမင်း
၈၃. သိမ်တော်ကြီးဓမ္မာရုံမျက်စောင်းထိုး က မနက် ၃း၃၀ စရောင်းတဲ့ တရုတ်ကြီးထမင်းကြော်ဆိုင် ဝက်သားဟင်း
၈၄. လှည်းတန်းဈေးက ကြက်ကင်
၈၅. signature က စက်နဲ့ရောင်းတဲ့ ရေခဲမုန့်
၈၆. မြေနီကုန်း မူလလက်ဟောင်း ဦးကျော်ထမင်းပေါင်း
၈၇. ဖျာပုံလမ်းအောက်ဘက်ထိပ်က အခေါက်ကင်သုပ်
၈၈.frolick ဒိန်ချဉ် ရေခဲမုန့်
၈၉. အင်းယားလမ်း Sakura Residence က the best burger in town
၉၀. YKKO အာလူးထောင်း
၉၁. မြောက်ဥက္ကလာ မယ်လမုဘုရားနားက ရွှေအိမ်စည် အခေါက်ကင် နံကင် ဆေးဘဲဥသုပ်
၉၂. တရုတ်တန်း ၁၈လမ်းထိပ်က ဆွေသဟာခေါက်ဆွဲပြုတ်ကြော်
၉၃. သိမ်ဖြူလမ်းနဲ့အနော်ရထာလမ်းထောင့်က ဆလပ်ရွက်တွေတောင်လိုပုံထားတဲ့ ဘူးသီးကြော်ဆိုင်
၉၄. 77cheese cake
၉၅. လမ်း၂၀ ထိပ် ဝက်သားပေါင်း
၉၆. Sharky အမဲသားကင်
၉၇.Thai Kitchen တုံယမ်းနို့ စိမ်းဟင်းချို သင်္ဘောသီးကြော်သုပ်
၉၈. ၃၇ အောက်လမ်းက မောင်ငွေ ထမင်းပေါင်း
၉၉. Oriental House Dim Sum နံရိုးဟင်း နိုင်လွန်ပုစွန် ဘဲဥငံ ဝက်သားပေါင်း
၁၀၀. ၁၉လမ်း နို့ဆီခွက်ကြက်ဥပေါင်း
၁၀၁. ၃၈ လမ်းထိပ် အနော်ရထာလမ်းမက ဝက်အူစုံကြာဇံ
Forward Mail က ရတာလေးပါ ......... အဲဒီဆိုင်တွေက အစားအသောက်တွေ တကယ်ကော ပြောသလောက် ကောင်းရဲ့ လား ၊ စားဖူးတဲ့ အတွေ့ အကြုံလေးရှိရင် ဝေမျှကြပါအုံး ။ ဒါမှ မဟုတ် မိတ်ေ ဆွတို့ အနေဖြင့် စားလို့ ကောင်းတဲ့ ဆိုင်လေးတွေ ရှိရင် ထပ်ဖြည့် ပေးကြပါအုံးဗျာ........ :)
မိန်းမ . . . . . . . . . .
အလုပ်အကိုင်မရှိ ၊အခြောက်တိုက်ဘ၀င်မြင့် သော မိန်းမ
ပိုက်ဆံ ခဏခဏ ချေးသောမိန်းမ ၊ ဟင်းမချက်တတ်သောမိန်းမ
နေမြင့် မွန်းတည့် မှအိပ်ယာ ထသောမိန်းမ…………
ချစ်သူရှိသော ယောက်ျားလေးသူငယ်ချင်းကို နာမည်ပျက်လောက်အောင် လိုက် ကြိုက်သော
မိန်းမ၊ အ၀တ်မလျှော်တတ်သောမိန်းမ .. . . ..
ခိုးကြောင်ခိုးဝှက် ကြည့်  ၍ လူမိလျင် ထွက်ပြေးတတ်သောမိန်းမ . . . . . . . . .
အပျိုရည် ပျက်ရလောက်အောင်ပင် ရည်စားသက်စေ့  ထားသော မိန်းမ၊ ည သန်းခေါင်တွင်ဖုန်းဆက်သော မိန်းမ ……
Gmail Gtalk များတွင် အိစီကလီတတ်သော မိန်းမ၊မိုးတိမ်နှင့် တူသောမိန်းမ. . . . .
အသားအလွန်မဲ ရုပ်အလွန်ဆိုးသော မိန်းမ
မိဘအပေါ် တွင် ဆိုး၊ ငယ်သူများကို အနိုင့် ကျင့် သောမိန်းမ၊ သ၀န်တိုတတ်သောမိန်းမ….. . .
အိမ်ထောင်မပြုတော့ ဟုပြော ကာ .. ယောက်ျားများကိုစိတ်ဝင်စားတတ်သောမိန်းမ …..
မိဘ မောင်ဖွားမျာအပေါ်အထက်စီးက ဆက် ဆံသော မိန်းမ . . . . . . .
ရည်စား(၂) ယောက် တပြိုင်တည်းထားသောမိန်းမ
ရည်စားပူမိ၍ စုန်ပူးသလို ဖြစ်သောမိန်းမ.. . . . . . .
ငတ် ကြီးကျလွန်းသောမိန်းမ၊ ရေခဲ ချောင်းရေခဲ မုန့်  တို ကို လမ်းတွင်လျှာထုတ်ပြီးလျှက်သော မိန်းမ . . . . . . . .
ယောက်ျားကို နွားလို ခိုင်းသော မိန်းမ လက်နှီးလို သဘောထားသောမိန်းမ………
ယောက်ျားထောင်ကျနေချိန် သဘောင်္ တက်နေချိန်တွင် လင် ငယ်နေသော မိန်းမ . . . . . .
ဒါလေးဝယ်ပေးပါလားဟုခဏခဏ ပူဆာသော မိန်းမ….
အို …. အလွန်ဆိုးသောမိန်းမ
