ညာခြေထောက် တစ်ဆစ်ဆစ် ကိုက်နေတယ်
ဘယ်သူမှ မကြားနိုင်အောင်ကို
အကျယ်ကြီး ရွတ်ဆိုနေမိတယ်၊
မျက်စိရှေ့  ဘာတွေ ထွက်သွားတာလဲ
မီးခိုးတစ်လမ်း မိုးတိမ်တစ်လမ်း။
မိုးရွာရင် ရေပါလာမှန်း သိရုံကလွဲပြီး
ကိုယ်နဲ့ ဝေေ၀းသွားတဲ့ မိုးစက်တစ်ချို့ ၊
ကြည့်လိုက်တိုင်း အကြည့်တွေပဲ ရှိတယ်။
အရေးပြားတစ်ချို့ ခွာချဖို့ 
အရေပြားတစ်ချို့ မွေးရဦးမယ်။
သူ့ ကိုယ်သူအိပ်မက်ပါလို့  ပြောတဲ့ နေ့ ခင်းကြောင်တောင်ရေ
လူလုပ်တဲ့ ကံပါ
ဂျင်းဘောင်ဘီတစ်ထည်ကို လုပ်ကြံချင်သူ လူကြီးမင်းများအတွက်
ကိုယ်နဲ့ ကြံရာပါ သီချင်းတစ်ချို့ တော့ရှိမယ်။
ကိုယ့်ရောင်းရင်း ပင်လယ်စာ၊
ဖြူဖတ်ဖြူရော်ကြီး
သွေးအေးလေးလံနေတာကြီး
ပူယောင်ဖေါင်းပွကြီး
ပွတတ အရောင်ကတုံးကြီး
အပိုင်းပိုင်း အပြတ်ပြတ်မြစ်ကြီး။
ဒုက္ခနဲ့ ပျားရည်ကို ချစ်ပါတယ်။
ဟိုး ပြေရာပြေကြောင်း တစ်ခုထဲ
ကိုယ့်ကိုယ်ကို အနောက်တောင်ရပ်ဝန်းလို့  သတ်မှတ်ပြီးသား။
သွေးကြောတွေထဲ နောက်ထပ်သွေးကြောတွေ
စိမ့်ထွက်လာသလို
တစ်ယောက်တည်းလျှောက်တဲ့ လရောင်အောက်မှာတောင်
ကိုယ့်ဘက်က အသေအပျောက်များတယ်။
ညီဇံလှ
၀၂ ၀၇ ၁၂
No comments:
Post a Comment