Saturday, December 24, 2011

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း









22 December 23:1
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း


အားလုံး ဗဟုသုတ ရစေရန်မျှဝေပေးတာပါ။


အပိုဒ်(၁)။ ။မွေးဖွားသည်မှစ၍လူသားတိုင်းတွင်လွတ်လပ်သောဂုဏ်သိက္ခာနှင့်အခွင့်အရေးများ


တန်းတူညီမျှရှိကြသည်။






အပိုဒ်(၂)။ ။အသားအရောင်၊ ကိုးကွယ်သည့်ဘာသာ၊ အယူအဆ၊ ဘာသာစကား၊ ကျားမ၊ အဆင့်အတန်း၊


နေရာဒေသမရွေးလူတိုင်းအခြေခံလူ့အခွင့်အရေးကိုတန်းတူညီမျှခံစားခွင့်ရှိ ကြသည်။






အပိုဒ်(၃)။ ။လူသားတိုင်းလွတ်လပ်လုံခြုံစွာဖြင့်အသက်ရှင်သန်ခွင့်ရှိသည်။






အပိုဒ်(၄)။ ။မည်သူတစ်ဦးတစ်ယောက်ကိုမျှကျွန်အဖြစ်စေခိုင်းခြင်းမပြုရ။






အပိုဒ်(၅)။ ။မည်သူ့ကိုမှမတရားနှိပ်စက်ခြင်းမရှိစေရ။






အပိုဒ်(၆)။ ။လူတိုင်းတရားဥပဒေရှေ့တွင်လူသားကဲ့သို့ဆက်ဆံခံရမည်။






အပိုဒ်(၇)။ ။လူတိုင်းတရားဥပဒေရှေ့မှောက်တွင်တန်းတူဖြစ်သည်။ ကျောသား၊ ရင်သားမခွဲခြားရ။






အပိုဒ်(၈)။ ။အခွင့်အရေးချိုးဖောက်ခံရပါကဥပဒေအကူအညီယူခွင့်ရှိသည်။






အပိုဒ်(၉)။ ။မည်သူ့ကိုမှဥပဒေမဲ့ဖမ်းဆီးခြင်း၊ တိုင်းပြည်မှနှင်ထုတ်ခြင်းမပြုရ။






အပိုဒ်(၁၀)။ ။လူတိုင်းမျှတသောတရားစီရင်မှုခံခွင့်ရှိသည်။ လူအများကြားနာနိုင်သောတရားရုံးဖြစ်ရမည်။






အပိုဒ်(၁၁)။ ။အပြစ်ရှိသည်ဟုခိုင်လုံသောအထောက်အထားမရှိမချင်းထိုသူသည်အပြစ်မရှိ။






အပိုဒ်(၁၂)။ ။မကောင်းသောရည်ရွယ်ချက်ဖြင့်အခြားသူ၏စာများဖောက်ခြင်း၊ အိမ်အတွင်းဝင်ခြင်းမပြုရ။






အပိုဒ်(၁၃)။ ။လူတိုင်းမိမိတိုင်းပြည်အတွင်းလွတ်လပ်စွာသွားလာခွင့်ရှိသည်။






အပိုဒ်(၁၄)။ ။မတရားအပြစ်ပေးပါခံရမည်ဆိုပါကအခြားနိုင်ငံတွင်ခိုလှုံခွင့်တောင်းခံနိုင်သည်။






အပိုဒ်(၁၅)။ ။လူသားတိုင်း နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ရှိသည်။ ဆန္ဒရှိပါက အခြားနိုင်ငံသားအဖြစ်ခံယူနိုင်သည်။






အပိုဒ်(၁၆)။ ။အရွယ်ရောက်ပြီးသားကျား၊ မ တိုင်းမိမိဆန္ဒဖြင့်လပ်ထပ်ခွင့်၊ အိမ်ထောင်ထူထောင်ခွင့်ရှိသည်။






အပိုဒ်(၁၇)။ ။လူတိုင်း ကိုယ်ပိုင်ပစ္စည်းပိုင်ဆိုင်ခွင့်ရှိသည်။






အပိုဒ်(၁၈)။ ။လူတိုင်း လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသည်။ ဆန္ဒရှိပါကအခြားဘာသာသို့ကူးပြောင်းနိုင်သည်။






အပိုဒ်(၁၉)။ ။လူတိုင်းတွင်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိသည်။






အပိုဒ်(၂၀)။ ။လူတိုင်းငြိမ်းချမ်းသောနည်းဖြင့်ဖွဲ့ထားသော အဖွဲ့များသို့လွတ်လပ်စွာဝင်ခွင့်ရှိသည်။






အပိုဒ်(၂၁)။ ။လူတိုင်း မိမိတိုင်းပြည်၏ အစိုးရကို ဆန္ဒမဲဖြင့်ရွေးချယ်ပိုင်ခွင့်ရှိသည်။






အပိုဒ်(၂၂)။ ။လူတိုင်း လူမှုဘ၀ဖူလုံရေး ခံစားခွင့်ရှိသည်။






အပိုဒ်(၂၃)။ ။လူတိုင်းသင့်တင့်သောလစာဖြင့် အလုပ်လုပ်ခွင့်ရှိသည်။ အလုပ်သမားများသမဂ္ဂများသို့ဝင်ခွင့်


ရှိသည်။






အပိုဒ်(၂၄)။ ။လူတိုင်း အပန်းဖြေအနားယူခွင့်ရှိသည်။






အပိုဒ်(၂၅)။ ။လူတိုင်းလုံလောက်သောလူနေမှု အဆင့်အတန်း နှင့် ဆေါ်ကုသခံခွင့်ရှိသည်။






အပိုဒ်(၂၆)။ ။လူတိုင်းပညာသင်ကြားခွင့်ရှိသည်။ အနိမ့်ဆုံးမူလတန်းပညာကို အခမဲ့သင်ခွင့်ရှိသည်။






အပိုဒ်(၂၇)။ ။လူတိုင်းမိမိပတ်ဝန်းကျင်၏ ယဉ်ကျေးမှုတွင် ပါဝင်ပိုင်ခွင့်ရှိသည်။






အပိုဒ်(၂၈)။ ။လူတိုင်း ဤစာတမ်းပါအခွင့်အရေးများကို လေးစားရမည်။






အပိုဒ်(၂၉)။ ။ လူသားတိုင်းအခြားသူများ၏ အခွင့်အရေးများကိုလေးစားရမည်။






အပိုဒ်(၃၀)။ ။ဤစာတမ်းပါ အခွင့်အရေးများကိုမည်သူမျှမချိုးဖောက်ရ။






လူသားတိုင်း ကိုယ်ပိုင်ဆုံးဖြတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်း
View Post on Facebook · Edit email settings · Reply to this email to add a comment.



--
This is what it is.

Monday, December 19, 2011

ပြောလိုက်ပါဘိ ဟောပါဘိ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎မင်း၏သက်လှယ်၊ မင်း သားငယ်သည်၊‎သက်နှစ်ဆယ်ပင်ပြည့်ခဲ့ပြီ။‎

သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်၊‎
အူယားဖါးယား၊‎
ကစားရာမှ၊ နွားရုပ်ချ၍၊‎
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့၊‎
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို၊‎
ငါမြင်ခဲ့၏ မှတ်မိ၏။‎

မိုးကစိုစို၊ ကျီးအုပ်ပြို၍၊‎
ထိုမှဤမှ၊ တို့လမ်းမတွင်၊‎
ပျံကြဝဲကြ၊ ငရဲကသို့၊‎
အုံကြွမြည်အာ၊ မသာယာကို၊‎
ငါကြားခဲ့၏ မှတ်မိ၏။‎

ထိုနေ့၌ပင်၊ ထိုချိန်ထင်၏၊‎
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်၊‎
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏၊‎
မြေခသတင်း၊ မိုးကြိုးခွင်းသို့၊‎
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌၊‎
မချင်မရဲ၊ ဝမ်းနဲခံခက်၊‎
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်၊‎
ရွာဦးပိုင်းမှ သင်္ချိုင်းထိ။‎

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎
မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊‎
သူတို့ခေတ်၌၊ တိုင်းချစ်ပြည်ခင်၊‎
မြတ်စေချင်၏၊ မင်းမြင်ငါကြား၊‎
စကားဥဒါန်း၊ ဆန်း၏သတ္တိ၊‎
ဆန်း၏သမာဓိ၊ ဆန်း၏ပညာ၊‎
ဆန်းမှာဆုံပေါင်း၊ ယောက်ျားကောင်းတို့၊‎
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊‎
ပြောလိုက်ပါဘိ ဟောပါဘိ။ ။‎

ဇော်ဂျီ

(ဇူလိုင်လ ၁၉ ရက်၊ ၁၉၆၄ ခုနှစ်၊ အာဇာနည်နေ့)‎


Monday, November 28, 2011

အနိုင်မခံ



ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤမှောင်တိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏ စိတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား ငါကျေးဇူး ဆိုပါ၏။

လောကဓံတရား တို့၏ ရက်စက်ကြမ်းကြုတ်သော
လက်ဆုပ်တွင်းသို့ ကျရောက်နေရသော်လည်း
ငါကားမတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက် တို့ကြောင့်
ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏
ညွတ်ကားမညွတ်။

ဤဒေါသ လောဘတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ကြောက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏။
သို့သော်လည်း ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့သွားရာ တံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည် ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုဒ်၌ ငါ့အပြစ်တို့ကို
မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ
ငါကားဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။

W.E. Henley ၏ Invictus ကို ဗိုလ်ချုပ်အောင်ဆန်း နှင့် အိုးဝေ ဦးညိုမြ တွဲဖက်ဘာသာပြန်သည်။
တက္ကသိုလ် ကျောင်းသားသမဂ္ဂထုတ် အိုးဝေမဂ္ဂဇင်း၊ အတွဲ (၆)၊ အမှတ် (၁)၊ ၁၉၃၆ခုနှစ်။

မူရင်း

Invictus

Out of the night that covers me,
Black as the pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.

Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds and shall find me unafraid.

It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.

William Ernest Henley (1849–1903).

Tuesday, October 25, 2011

လက် . . . . . . .

လက်ဝတ်ရတနာတွေနဲ့  ဘာမှမဆိုင်တဲ့ လက်
လက္ခဏာပညာရှင်တွေနဲ့ ဘယ်လိုမှမပတ်သက်တဲ့ လက်
ခုချိန်ထိဘာကိုမှမိမိရရ မဆုပ်ကိုင်မိသေးတဲ လက်
လက်ရေးလှလှရေးတတ်ပေမယ့်  လက်ညှိုးညွှန်ရာရေမဖြစ်ခဲ့ တဲ့ လက်
အသာမာတက်နေပေမယ့်  လက်ခမောင်းမခတ်နိုင်သေးတဲ့ လက်
သဲ အိတ်ထိုးရမှာဝန်လေးခဲ့ တဲ့ လက်
မြွေတွင်းကိုမှနှိုက်ချင်တဲ့ လက်
အဲဒီလက်က အဲဒီ့ လက်ကိုတို့ ပြီး သတိပေးတယ်
အဲဒီလက်က အဲဒီ့ လက်ကို လက်ဖျားခါလိုက်တယ်

တနေ့ လက်ချည်းပဲ ပြန်ရမယ်ဆိုတာ သေချာနေတဲ့ လက်
အဲဒီလက်က အဲဒီ့ လက်ကို လက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။


လှသန်း(ခ) ကြည်မောင်သန်း

ကွယ်လွန်သူ ကဗျာဆရာ ကိုကြည်မောင်သန်းရဲ့  ကဗျာပါ။

Saturday, October 8, 2011

ခံစားမိရသမျှ

ဒီပိုစ့်ကိုရေးချင်နေတာကြာပါပြီ
အလုပ်မအားတာနဲ့မရေးဖြစ်တာ
တိုးတက်နေတဲ့ဒီခေတ်ကြီးမှာလူတိုင်းနီးပါးအင်တာနက်သုံးနေကြပါတယ်
ခေတ်ကြီးတိုးတက်နေသလိုတဖြေးဖြေး
ယဉ်ကျေးမူ့တွေကွယ်ပျောက်ကုန်တာလဲ
ဝမ်းနည်းစွာမြင်တွေ့ရပါတယ်
အထူးသဖြင့်ချက်တင်စတက်တဲ့ဆယ်ကျော်သက်
အရွယ်တွေမှာအများဆုံးတွေ့နေရပါတယ်
ကိုယ်တွေဆယ်ကျော်သက်တုန်းကလဲ
ချက်တင်ကိုရူးသွပ်ခဲ့ဘူးတာပဲလေ
ဒါပေမယ့်ဘယ်သူ့ကိုမှရိုင်းရိုင်းစိုင်းစိုင်းတွေ
မရေးခဲ့ဘူးပါဘူး
ဒီခေတ်ခလေးတွေအများစုကတော့
တော်တော့ကိုရိုင်းစိုင်းလာကြတယ်
သူတို့ချက်တင်တက်လာလို့ထုံးစံအတိုင်း
လူတယောက်ကိုစပြီး ဟိုင်း လို့စပြောတယ်
ပြန်မဖြေရင်ဒုတိယအကြိမ်ထက် ဟိုင်းတယ်
ဒုတိယအကြိမ်မှပြန်ပြီး ဟိုင်းမလုပ်ရင်
စပြီးဆဲခံရဖို့သာပြင်ပေတော့
မာန်တက်နေတာလားဆိုတာပါသေးရဲ့
နောက်ဆုံးအဆင့်ဆိုရင် မိဘတွေပါမလွတ်အောင်
ဆဲခံရပါပြီ
ကျွန်မဆိုလိုချင်တာက
ကျွန်မတို့လိုဖုန်းနဲ့သုံးမိတဲ့လူတွေဟာ
အမြဲတမ်းအကောင့်အွန်လိုင်းဖြစ်နေတတ်တာပါပဲ
သူတို့နားမလည်လို့ရှင်းပြမိရင်လဲ သောက်ကြွားမတဲ့
English လိုအော်တိုရီပလိုင်းရေးထားပြန်တော့လဲ
English လိုနားမလည်ဘူးတဲ့
နားမလည်ရင်သင်ယူသင့်တာပေါ့
ချက်တင်တက်တာဟာ
ဘဝကိုတိုးတက်အောင်အကျိုးပြုမှာမှမဟုတ်တာ
တချို့ဆို simple English တောင်နားမလည်ပါဘူး
တော်တော်ဝမ်းနည်းစရာပါ
တချို့လူငယ်တွေဆို အမေနှမဖတ်လို့မသင့်တော်တဲ့
မကောင်းတဲ့စာတွေရေးထားတာမျိုးတွေတောင်
ကိုယ့်ဆီပို့တာမျိုးကြုံရပါတယ်
အင်တာနက်သုံးတာဟာ
မိဝေးဖဝေးနိုင်ငံခြားမှာနေတဲ့လူတွေအဖို့
မိဘတွေနဲ့ငွေကုန်ကြေးကျသက်သာစွာ
ပြောဆိုနိုင်မယ်။ နိုင်ငံတကာရောက်နေတဲ့
ကိုယ့်သူငယ်ချင်းတွေနဲ့အချိန်မရွေးအဆက်အသွယ်လုပ်လို့ရမယ်
ကိုယ်မသိလိုက်ကတဲ့ကိုယ့်နိုင်ငံကသတင်းတွေကို
ဖတ်ရှု့နိုင်မယ် ကိုယ်မသိတဲ့နည်းပညာတွေကို
အချင်းချင်းဖလှယ်နိုင်အောင်သုံးကြတာများပါတယ်
နိုင်ငံခြားဆိုရင်မြန်မာပြည်ကလူတွေကအထင်ကြီးကျတယ်ပိုက်ဆံတွေအများကြီးရတယ်ပေါ့
ရတာသာမြင်ကျတာပေးဆပ်လိုက်ကတဲ့အရာတွေကိုမမြင်ကျပါဘူး
နိုင်ငံခြားမှာနေတဲ့လူတွေမှာအရှားပါးဆုံးကအချိန်ပါပဲ။ကိုယ့်တိုင်းပြည်မှာဆိုအချိန်တန်မိဘအိမ်ပေါ်
တက်လက်ဆေးထမင်းစားလိုက်ရုံပါပဲ
သူများနိုင်ငံမှာဆိုရေတခွက်တောင်အလကား
သောက်ရဖို့မလွယ်ပါဘူး
အချိန်နဲ့အမျှအလုပ်နဲ့လက်နဲ့မပြတ်လုပ်နေကျရ
တာပါ။အိပ်ချိန်တောင်အနိုင်နိုင်လုနေရတဲ့နေရာ
မျိုးမှာချက်တင်တက်ဖို့ဆိုတာဝေလာဝေးပါ
လာပြီးချက်နေတာတော့တွေ့ပါရဲ့
ပြန်ချက်ဖို့ဆိုတာမလွယ်ပါဘူး
ကျွန်မတို့မြန်မာပြည်မှာနေတုန်းကဆိုရင်
အချိန်တွေတော်တော်ပေါပါတယ်
ကျောင်းလေးတက်လိုက်စာလေးကျက်လိုက်နဲ့
အချိန်တွေပိုနေတာဘာလုပ်ကမှန်းကိုမသိဘူး
မိဘတွေကလဲငါ့သားသမီးကျောင်းစာသင်နေတာ
ဆိုပြီးဘာမှမခိုင်းရက်ကျဘူးလေ
ကျွန်မယူဆချက်ကတော့အဲ့တာ
သားသမီးကိုချစ်တာမဟုတ်ဘူးနှစ်နေတာပါ
လက်ကြောမတင်းချင်းဆိုတာကိုမွေးမြူပေးလိုက်တာပါ
ကျွန်မတို့နိုင်ငံမှာချမ်းသာတဲ့လူတန်းစာတွေဟာ
တရုတ်ကုလားများပါတယ်
အများစုပြောတာကြားဘူးပါရဲ့
ဒီတရုတ်ကုလားပဲချမ်းသာနေတာပါကွာတဲ့
ပြောတဲ့လူကိုကြည့်လိုက်ရင်လမ်းဘေး
လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့လူတွေများပါတယ်
တရုတ်ကုလားချမ်းသာမှာပေါ့
အောက်သက်ကျေတာကိုး
သူတို့ခံယူချက်မှာအလုပ်ဟူသမျှဂုဏ်ရှိစွလဲ
ပါတယ်လေ
ကျွန်မကျောင်းနေတုန်းကသူငယ်ချင်း
တရုတ်ကောင်လေးတယောက်ရှိပါတယ်
ကျွန်မတို့နွေရာသီကျောင်းပိတ်ချိန်ဆို
အိပ်လိုက်စားလိုက်ကစားလိုက်နဲ့
အချိန်တွေဖြုန်းခဲ့တာပါ
သူကတော့သူများစားသောက်ဆိုင်မှာ
စားပွဲထိုးသွားလုပ်နေခဲ့တယ်
ကျွန်မဆိုသူ့မိဘတွေကိုအံ့သြလို့မဆုံးဘူး
နေတော့ရွှေတောင်ကြား
သားသမီးကျတော့စားပွဲထိုးလုပ်ခိုင်းရက်တယ်ပေါ့
တော်တော်ရက်စက်တဲ့မိဘတွေထင်ခဲ့တာ
အခုကိုယ်တိုင်ငွေရှာတော့မှ
ငွေတန်ဖိုးကိုနားလည်အောင် အောက်သက်ကြေ
အောင်လုပ်ခိုင်းခဲ့မှန်းစဉ်းစားမိတယ်
ကျွန်မတွေးမိတာလေးတခုရှိတယ်
ကျွန်မတို့မြန်မာလူမျိုးတွေရဲ့
သားသမီးကိုချစ်တာဟာချစ်ရာမရောက်ဘဲ
နှစ် ရာများရောက်နေသလားလို့ပေါ့
မိဘတွေကအလိုလိုက်လေလေ
သားသမီးတွေကမလေးမစားလုပ်လာလေလေ
နောက်ဆုံးမိဘတောင်ပြောမနိုင်ဆိုမနိုင်ဖြစ်တဲ့
အထိရောက်ကုန်ကျတာတွေအများကြီး
တွေ့ဘူးပါတယ်
မိဘတွေဟာသားသမီးဆယ်ယောက်ကို
မငတ်အောင်ကျွေးနိုင်ခဲ့ပေမယ့်
သားသမီးဆယ်ယောက်ကမိဘ၂ပါးကို
ကျွေးနိုင်ဖို့မလွယ်ပါဘူး
ဒီခေတ်လူငယ်တော်တော်များများဟာ
အချိန်တွေကိုလက်ဖက်ရည်ဆိုင်နဲ့
အင်တာနက်ဆိုင်တွေမှာအကျိုးမဲ့စွာ
ဖြုန်းနေကျတာကိုတွေ့ရပါတယ်
မိမိတို့တနေ့တနေ့ဖြုန်းမိနေတဲ့
အချိန်တွေထဲကနာရီဝက်လောက်များ
ဖဲ့ပြီး English စာသင်ယူတာပဲဖြစ်ဖြစ်
စီးပွားရေးပညာတခုခုသင်ယူတာပဲဖြစ်ဖြစ်
အကျိုးရှိမဲ့စာပေတခုခုဖတ်တာပဲဖြစ်ဖြစ်
လုပ်မိကျမယ်ဆိုရင်နောင်အနာဂတ်မှာ
တိုင်းပြည်အတွက်အကျိုးရှိမဲ့
တိုင်းပြည်အကျိုးပြုလူငယ်လေးတွေ
ပေါ်ထွန်းလာမှာပါ
[By April Thinn Naing ]

Wednesday, January 19, 2011

No Tittle

ဘ၀က မောပန်းလွန်းလှတယ်
ငါ့မနက်ဖြန်တွေအတွက်
ခိုလှုံနားစက်ရာ ဘယ်မှာလဲကွယ်။
ယုံကြည်မှုတွေနဲ့စူးလက်နေတဲ့ ငါ့မျက်လုံးတွေကိုရော
ဖတ်တတ်ရဲ့လား မူးယစ်ရီဝေနေတာ မဟုတ်ပါပဲ
မှားယွင်းမှုနဲ့ သံသယတွေပဲရခဲ့တာ။
နှုတ်ခမ်းတွေကို မြင်ရဲ့လားကွယ်
တုန်ရင် လှိုက်မောစွာနဲ့
ခုန်ထွက်လာမယ့် စကားလုံးတွေကို
အသိသညာတွေက ထိန်းချုပ်ထားတယ်။
ဘယ်သူခိုးမှန်းမသိလိုက်ပဲ
နှလုံးသားအစုံဟာလဲ ပျောက်ရှနေခဲ့တယ်
တစ်ဦးထဲလား အများကြီးကလား
နှလုံးသားရှာဖို့ နှလုံးသားများစွာကို
ဖွင့်ရှာရအုံးမယ်။
အပျော်ဆိုတာလဲ ခဏပါပဲ
ပန်းတွေခိုးမခူးထားပါနဲ့
ဆူးစူးတတ်တယ်ကွယ်
တည်မြဲခြင်းဆိုတာ မရှိပါဘူး
တချိန်တော့ ကြွေကျသွားရအုံးမှာပါ။
ပစ္စုပ္ပန်ရဲ့ အရှိတရားတွေဟာ
ခါးသက်နေလွန်းလို့
အိပ်မက်ကနေ မနှိုးလိုက်ပါနဲ့နော်
တွယ်ငြိနေတာမဟုတ်ပါပဲ ဆွဲခွာလို့ မရနိုင်ခဲ့ဘူး
ဒီအိပ်မက်တွေကိုပဲ မြတ်နိုးခြင်းတွေအဖြစ် ချစ်ရတော့မှာပါ။
သက်သာရာ ရစေဖို့ သိက္ခာတရားရှိပါတဲ့ ပညာရှိတွေရဲ့စကားနဲ့ ကိုယ့်ကိုကိုယ် လှည့်စားရင်း မာန်ချလိုက်တာ တစ်ဘ၀စာမို့သာပဲ။
သင်ခန်းစာတွေ
သင်ခန်းစာတွေ
သင်ခန်းစာတွေပေါ့
ပျားရည်ဖွပ်သလို

Monday, January 10, 2011

မိန်းမဆိုးသို့ ……အလွမ်း

အိုချစ်သူ………..
ကျွန်ုပ်တုန်နေအောင်ချစ်ရပါသောချစ်သူ
သင်သည် ရုပ်ဆိုး၏၊။
အသားလည်းညို၏။
အရပ်လည်းပု၏။
သို့ ပါသော်လည်း……….ငါချစ်၏။

အိုချစ်သူ………….
ကျွန်ုပ်အသည်းနင့်အောင်ချစ်ရပါသောချစ်သူ
သင်သည် လွဲမှားသောအတွေးအခေါ်ရှိ၏။
ငွေတစ်မျက်နှာသာအားကိုး၏။
သိမ်ငယ်တတ်သောစိတ်ရှိ၏။
ဘ၀ ကိုရင်မဆိုင်ဘဲနေ၏။
သို့ ပါသော်လည်း……..ငါသင်ကိုခွင့်လွတ်စွာချစ်၏။

အိုချစ်သူ………
ကျွန်ုပ်အိပ်မပျော်အောင်ချစ်ရပါသောချစ်သူ
သင်သည်မာနကြီး၏
ဘ၀င်မြင့်၏
စိတ်ဆိုးစိတ်ကောက်လွယ်၏
သို့ ပါသော်လည်း…………ငါသင်ကိုနားလည်စွာချစ်၏။

အိုချစ်သူ……
.ကျွန်ပ်၏ရင်ကိုလှိုက်ဖိုစေသောချစ်သူ
သင်သည်အလှအပကိုခုံမင်၏
အ၀တ်အစားမက်၏
အစားအသောက်တွင်ဇီဇာကြောင်၏
သို့ ပါသော်လည်း…..ငါသင့်ကိုရူးမိုက်စွာချစ်၏။

အိုချစ်သူ…….
ကျွန်ုပ်၏စိတ်ကိုညစ်နွမ်းစေသောချစ်သူ
သင်သည်အသုံးအဖြုန်း ကြီး၏
အရှာအဖွေနည်း၏ ဥာဏ်ပညာနည်းပါး၏။
သို့ ပါသော်လည်း……….ငါသင့်ကိုပြောမပြတတ်အောင်ချစ်၏။

အိုချစ်သူ…..
ကျွန်ုပ်သင့်အား ပိုးပန်းစကားပြောမှာစိုးရိမ်သောချစ်သူ
သင်သည်ကျွန်ုပ်အား တက်နိုင်သလောက်ရှောင်၏
အရွဲ့ တိုက်၏
ကျွန်ုပ်ပြောသမျှကိုမနာခံဘဲ ရှိ၏။
အိုချစ်သူ….ကျွန်ုပ်(သို့ မဟုတ်)တစုံတခုအား မပြုလုပ်မိရန်ထိန်းနေရသောချစ်သူ
ကျွန်ုပ် မွေးနေ့ စားသောက်ဆိုင်တခုတွင် သင်နှင့်ကျွန်ုပ် မထင်မှတ်ပဲတွဲထိုင်မိ၏
သင်သည်ကျွန်ုပ်အား အထင်လွဲ၏ အမုန်းမီး တောက်၏။
သို့ ပါသော်လည်း ……….ငါအကျွန်ုပ်သည် သင့်အားနားမလည်စွာဖြင့် ချစ်၏။

အိုချစ်သူ….
ကျွန်ုပ်အားမျက်မာန်ပွားနေသော ချစ်သူ
တနေ့ သင် နှင့်ကျွန်ုပ် လမ်းတွင် မထင်မှတ်ပဲတွေ့ ဆုံမိ၏
သင်သည်ငါ့အားမြင်သော်လည်း… မမြင်ချင်ဟန်ဆောင်သွား၏
နှုတ်ဆက်သော်လည်း မကြားချင်ဟန်ဆောင်သွား၏။
သင့် စိတ်ခံစားချက်အတိုင်း မျက်မှောင်ကြုတ်သွား၏။
သို့ ပါသော်လည်း……ငါသည်သင့် အားဒေါသမာန်မာန တို့ ဖြင့် ချစ်၏။

အိုချစ်သူ……
သင့် နှင်ငါတို့ ၏ ကံသည်ကာ ကှ်ျ သို့ အတိုင်းရှိလေသည်
အနာဂါတ်တွင် ဘာဖြစ်မည်ကို
သင်ရောငါပါ မသိလေတကား………….အိုချစ်သူ။။


                                                                                                                                               ဆန်းထွဋ်ဦး