ဘ၀က မောပန်းလွန်းလှတယ်
ငါ့မနက်ဖြန်တွေအတွက်
ခိုလှုံနားစက်ရာ
ဘယ်မှာလဲကွယ်။
ယုံကြည်မှုတွေနဲ့စူးလက်နေတဲ့
ငါ့မျက်လုံးတွေကိုရော
ဖတ်တတ်ရဲ့လား
မူးယစ်ရီဝေနေတာ မဟုတ်ပါပဲ
မှားယွင်းမှုနဲ့ သံသယတွေပဲရခဲ့တာ။
နှုတ်ခမ်းတွေကို မြင်ရဲ့လားကွယ်
တုန်ရင် လှိုက်မောစွာနဲ့
ခုန်ထွက်လာမယ့် စကားလုံးတွေကို
အသိသညာတွေက ထိန်းချုပ်ထားတယ်။
ဘယ်သူခိုးမှန်းမသိလိုက်ပဲ
နှလုံးသားအစုံဟာလဲ ပျောက်ရှနေခဲ့တယ်
တစ်ဦးထဲလား အများကြီးကလား
နှလုံးသားရှာဖို့
နှလုံးသားများစွာကို
ဖွင့်ရှာရအုံးမယ်။
အပျော်ဆိုတာလဲ ခဏပါပဲ
ပန်းတွေခိုးမခူးထားပါနဲ့
ဆူးစူးတတ်တယ်ကွယ်
တည်မြဲခြင်းဆိုတာ မရှိပါဘူး
တချိန်တော့ ကြွေကျသွားရအုံးမှာပါ။
ပစ္စုပ္ပန်ရဲ့ အရှိတရားတွေဟာ
ခါးသက်နေလွန်းလို့
အိပ်မက်ကနေ
မနှိုးလိုက်ပါနဲ့နော်
တွယ်ငြိနေတာမဟုတ်ပါပဲ
ဆွဲခွာလို့ မရနိုင်ခဲ့ဘူး
ဒီအိပ်မက်တွေကိုပဲ
မြတ်နိုးခြင်းတွေအဖြစ် ချစ်ရတော့မှာပါ။
သက်သာရာ ရစေဖို့
သိက္ခာတရားရှိပါတဲ့
ပညာရှိတွေရဲ့စကားနဲ့
ကိုယ့်ကိုကိုယ် လှည့်စားရင်း
မာန်ချလိုက်တာ
တစ်ဘ၀စာမို့သာပဲ။
သင်ခန်းစာတွေ
သင်ခန်းစာတွေ
သင်ခန်းစာတွေပေါ့
ပျားရည်ဖွပ်သလို
Wednesday, January 19, 2011
Monday, January 10, 2011
မိန်းမဆိုးသို့ ……အလွမ်း
ကျွန်ုပ်တုန်နေအောင်ချစ်ရပါသောချစ်သူ
သင်သည် ရုပ်ဆိုး၏၊။
အသားလည်းညို၏။
အရပ်လည်းပု၏။
သို့ ပါသော်လည်း……….ငါချစ်၏။
အိုချစ်သူ………….
ကျွန်ုပ်အသည်းနင့်အောင်ချစ်ရပါသောချစ်သူ
သင်သည် လွဲမှားသောအတွေးအခေါ်ရှိ၏။
ငွေတစ်မျက်နှာသာအားကိုး၏။
သိမ်ငယ်တတ်သောစိတ်ရှိ၏။
ဘ၀ ကိုရင်မဆိုင်ဘဲနေ၏။
သို့ ပါသော်လည်း……..ငါသင်ကိုခွင့်လွတ်စွာချစ်၏။
အိုချစ်သူ………
ကျွန်ုပ်အိပ်မပျော်အောင်ချစ်ရပါသောချစ်သူ
သင်သည်မာနကြီး၏
ဘ၀င်မြင့်၏
စိတ်ဆိုးစိတ်ကောက်လွယ်၏
သို့ ပါသော်လည်း…………ငါသင်ကိုနားလည်စွာချစ်၏။
အိုချစ်သူ……
.ကျွန်ပ်၏ရင်ကိုလှိုက်ဖိုစေသောချစ်သူ
သင်သည်အလှအပကိုခုံမင်၏
အ၀တ်အစားမက်၏
အစားအသောက်တွင်ဇီဇာကြောင်၏
သို့ ပါသော်လည်း…..ငါသင့်ကိုရူးမိုက်စွာချစ်၏။
အိုချစ်သူ…….
ကျွန်ုပ်၏စိတ်ကိုညစ်နွမ်းစေသောချစ်သူ
သင်သည်အသုံးအဖြုန်း ကြီး၏
အရှာအဖွေနည်း၏ ဥာဏ်ပညာနည်းပါး၏။
သို့ ပါသော်လည်း……….ငါသင့်ကိုပြောမပြတတ်အောင်ချစ်၏။
အိုချစ်သူ…..
ကျွန်ုပ်သင့်အား ပိုးပန်းစကားပြောမှာစိုးရိမ်သောချစ်သူ
သင်သည်ကျွန်ုပ်အား တက်နိုင်သလောက်ရှောင်၏
အရွဲ့ တိုက်၏
ကျွန်ုပ်ပြောသမျှကိုမနာခံဘဲ ရှိ၏။
အိုချစ်သူ….ကျွန်ုပ်(သို့ မဟုတ်)တစုံတခုအား မပြုလုပ်မိရန်ထိန်းနေရသောချစ်သူ
ကျွန်ုပ် မွေးနေ့ စားသောက်ဆိုင်တခုတွင် သင်နှင့်ကျွန်ုပ် မထင်မှတ်ပဲတွဲထိုင်မိ၏
သင်သည်ကျွန်ုပ်အား အထင်လွဲ၏ အမုန်းမီး တောက်၏။
သို့ ပါသော်လည်း ……….ငါအကျွန်ုပ်သည် သင့်အားနားမလည်စွာဖြင့် ချစ်၏။
အိုချစ်သူ….
ကျွန်ုပ်အားမျက်မာန်ပွားနေသော ချစ်သူ
တနေ့ သင် နှင့်ကျွန်ုပ် လမ်းတွင် မထင်မှတ်ပဲတွေ့ ဆုံမိ၏
သင်သည်ငါ့အားမြင်သော်လည်း… မမြင်ချင်ဟန်ဆောင်သွား၏
နှုတ်ဆက်သော်လည်း မကြားချင်ဟန်ဆောင်သွား၏။
သင့် စိတ်ခံစားချက်အတိုင်း မျက်မှောင်ကြုတ်သွား၏။
သို့ ပါသော်လည်း……ငါသည်သင့် အားဒေါသမာန်မာန တို့ ဖြင့် ချစ်၏။
အိုချစ်သူ……
သင့် နှင်ငါတို့ ၏ ကံသည်ကာ ကှ်ျ သို့ အတိုင်းရှိလေသည်
အနာဂါတ်တွင် ဘာဖြစ်မည်ကို
သင်ရောငါပါ မသိလေတကား………….အိုချစ်သူ။။
ဆန်းထွဋ်ဦး
Subscribe to:
Posts (Atom)
