Sunday, December 9, 2012
Monday, December 3, 2012
Android ဖုန်းမှ WiFi လွင့်ပြီး computer တွင် ချိတ်ဆက်အသုံးပြုနည်း
Friday, November 30, 2012
Tuesday, November 27, 2012
GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G သို့ တိုးမြှင့်ကာ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်
| | |
| |
| GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G စနစ်သို့ တိုးမြှင့်ကာ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် GSM ဖုန်းများတွင် အသုံးပြုနေသည့် အင်တာနက်စနစ်မှာ 2G စနစ်ဖြစ်ပြီး အင်တာနက်အသုံးပြုရာတွင် နှေးကွေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် GSM ဖုန်းများတွင် 3G အင်တာနက်စနစ်ကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်ပကုမ္ပဏီ ၃ ခုနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။ ''ZTE, Huawei နဲ့ Alcatel Shanghai Bell ကုမ္ပဏီတို့နဲ့ ပူးပေါင်းထုတ်လုပ်သွားမှာပါ။ နိုဝင်ဘာလလယ်ကနေ လာမယ့် နှစ်လအတွင်း 3G GSM ဖုန်းလိုင်း တစ်သန်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းတွေမှာ အင်တာနက်တွေ ပိုကောင်းလာမှာပါ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။ ထိုပြင် လက်ရှိရောင်းချနေသော ၂သိန်းတန် GSM ဖုန်းများကိုလည်း ငွေကျပ် ၁ သိန်းခွဲသို့ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ လျော့ချ ရောင်းချပေးရန်ရှိကြောင်း သိရှိရသည်။ ''ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး ဈေးချိုအောင် ဆောင်ရွက်နေပါတယ်။၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလလောက်မှာ ရောင်းချမယ့် 3G GSM ဖုန်းတွေက ဈေးနှုန်းအနည်းဆုံး ၁ သိန်းခွဲလောက် ဖြစ်ပါမယ်'' ဟု ဦးဌေးဝင်းက ဆက်လက်ပြောကြားခဲ့သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ၀န်ဆောင်မှုများအတွက် တင်ဒါများခေါ်ယူထားကြောင်း သိရှိရသည်။ |
မြောက်ကိုရီးယားမှ စိုးမင်းထိုက် ကုမ္ပဏီသို့ တင်ပို့သော လက်နက်အဆင့် ထုတ်လုပ်နိုင်သည့် ပစ္စည်းများပါ သင်္ဘောကို ရှာဖွေခဲ့ကြောင်း ဂျပန်သတင်းစာ၏ ဖော်ပြချက်သည် ကုမ္ပဏီနှင့်သာ ဆိုင်မည်ဖြစ်ပြီး အစိုးရနှင့် ပတ်သတ်ခြင်း လုံးဝမရှိဟု သမ္မတရုံး ညွှန်ကြားရေးမှူးပြောကြား
| | |
| |
| |
မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားမှ လက်နက်အဆင့် ထုတ်လုပ်နိုင်သည့်ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောအား ဂျပန်ဆိပ်ကမ်းတွင် ရပ်နားစဉ် ၀င်ရောက်ရှာဖွေခဲ့ကြောင်း ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းတွင် သတင်းဖော်ပြထားသည်။အဆိုပါသတင်းပါ အကြောင်းအရာများနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြန်လည် ငြင်းဆိုထားသည်။ " အကယ်၍ ဒီသတင်းမှန်တယ်ဆိုရင်တောင် အဲဒီသတင်းမှာပါတဲ့ သက်ဆိုင်ရာ ကုမ္ပဏီနဲ့သာ ဆိုင်ပါလိမ့်မယ်။ မြန်မာအစိုးရနဲ့ ပတ်သက်ခြင်း လုံးဝမရှိပါဘူး" ဟု နိုင်ငံသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ငြင်းဆိုထားသည်ဟု ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားသည်။ ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းက ယူရေနီယမ်သန့်စင်ခြင်း သို့မဟုတ် ဒုံးကျည်ထုတ်လုပ်ခြင်းအတွက် အသုံးပြုနိုင်သော ပစ္စည်းများကို မြောက်ကိုရီးယားက တရုတ်မှတစ်ဆင့် မြန်မာသို့ သင်္ဘောဖြင့်ပေးပို့ရန် ယခုနှစ်တွင် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၏ ယခုလုပ်ရပ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်မည် ဖြစ်သည်ဟုလည်း သုံးသပ်ထားသည်။ ယင်းသင်္ဘောတွင် သတ္တုပိုက်လုံး ၅၀ ခန့်၊ အထူးပြုလုပ်ထားသော အလူမီနီယံ အလွိုင်းဘား ၁၅ ခုခန့် တို့အပါအ၀င် အခြားပစ္စည်းများကို တင်ဆောင်လာခြင်းဖြစ်ပြီး ယင်းပစ္စည်းများမှာ အနည်းဆုံးအားဖြင့် နျူကလီးယားလက်နက် စီမံကိန်းအတွက် လိုအပ်သော စက်ဒလက်များ ပြုလုပ်ရာတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်ဝမ် ရေကြောင်းကုမ္ပဏီတစ်ခုက တာ့လျန်တွင် ဇူလိုင်လ ၂၇ ရက်က စင်ကာပူ၌ မှတ်ပုံတင်ခဲ့သော တန်ချိန် ၁၇၁၃၈ တန်ရှိသော Wan Hai 215 သင်္ဘောပေါ်တွင် ယင်းပစ္စည်းများ တင်ဆောင်လာခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သြဂုတ်လ ၉ ရက်တွင် ယင်းပစ္စည်းများကို တရုတ်နိုင်ငံ၊ Shekou ၌ တန်ချိန် ၂၇၈၀၀ တန်ရှိ Wai Hai 313 သင်္ဘောသို့ ရွှေ့ပြောင်းခဲ့သည်။ သြဂုတ်လ ၁၄ ရက်တွင် ယင်းသင်္ဘောသည် မလေးရှား၌ သင်္ဘောပြန်ပြောင်းရန် စီစဉ်ထားပြီး သြဂုတ်လ ၁၅ ရက်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရန် စီစဉ်ထားကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုက ကုန်သေတ္တာအတွင်း ပါဝင်သည့် ပစ္စည်းများနှင့်ပတ်သက်ပြီး သံသယရှိသောကြောင့် မလေးရှားတွင် သင်္ဘောလွှဲပြောင်းမှု မလုပ်ရန် ထိုင်ဝမ်သင်္ဘောကုမ္ပဏီအား တောင်းဆိုခဲ့သည်။ Wai Hai 313 သည် တိုကျိုဆိပ်ကမ်းသို့ သြဂုတ်လ ၂၂ ရက်နေ့တွင် ဆိုက်ကပ်လာခဲ့သည်။ တိုကျိုအကောက်ခွန်၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် အခြားအေဂျင်စီများက အရာရှိများက ကာဂိုကို စစ်ဆေးခဲ့သောအခါ မေးခွန်းထုတ်ဖွယ်ရာ ပစ္စည်းများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အမေရိကန်၏ တောင်းဆိုချက်အရ သြဂုတ်လ ၂၂ ရက်တွင် တိုကျိုဆိပ်ကမ်း၌ ကပ်ထားသော ယင်းသင်္ဘောကို ဂျပန်တာဝန်ရှိသူများက စီးနင်းရှာဖွေခဲ့ပြီး ယင်းသင်္ဘောပေါ်ရှိ ပစ္စည်းများအား သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက အဆာဟိသို့ ပြောကြားခဲ့သည်။ ယင်းသင်္ဘောပေါ်တွင် တွေ့ရသော အလူမီနီယံ အလွိုင်းဘားများ၌ DPRK ဟု တံဆိပ်နှိပ်ထားသဖြင့် ယင်းသင်္ဘောသည် မြောက်ကိုရီးယားမှ စတင်ထွက်လာခြင်း ဖြစ်မည်ဟု တာဝန်ရှိသူများက ကောက်ချက်ချခဲ့သည်။ သို့သော် ယင်းသင်္ဘော၏ မှတ်တမ်းများ သို့မဟုတ် သင်္ဘောသားတို့၏ မူရင်းအကြောင်းအရာများကိုမူ စုံစမ်းစစ်ဆေးသူများက အတည်မပြုနိုင်သေးကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားမှ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သယ်ယူလာသည်ဟု သံသယရှိသော သင်္ဘောများမှ ကာဂိုများကို အစိုးရက စစ်ဆေးခွင့်ရှိသော အထူးဥပဒေတစ်ရပ်ကို ဂျပန်အစိုးရ ပထမဆုံးအကြိမ် အသုံးချခဲ့ခြင်း ဖြစ်သည်။ ယင်းပစ္စည်းများကို ရန်ကုန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် စိုးမင်းထိုက် ကုမ္ပဏီအတွက် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရပြီး ယင်းကုမ္ပဏီသည် မြန်မာစစ်ဘက်က အပေါ်ယံဗန်းပြထားမှု တစ်ခုဖြစ်ကြောင်း အမေရိကန်အစိုးရက ယုံကြည်ထားသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၊ တာ့လျန်အခြေစိုက် ကုမ္ပဏီတစ်ခုနှင့် အဆာဟိသတင်းစာ အင်တာဗျူးတစ်ခုတွင် ယင်းကုမ္ပဏီက အလူမီနီယံ အလွိုင်းဘားများကို မြန်မာသို့ပို့ရန် ကြိုးစားခဲ့ဖူးကြောင်း အတည်ပြုခဲ့သည်။ ကုမ္ပဏီ၏ တောင်းဆိုချက်အရ မိမိတို့ကုမ္ပဏီသည် ယင်းသင်္ဘောပိုင်ရှင်ဖြစ်ခဲ့ကြောင်း၊ ယင်းသင်္ဘော အဖမ်းခံရကြောင်း ကြားသိရပြီး အဘယ်ကြောင့် အဖမ်းခံခဲ့ရသည်ကိုမူ မသိခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
![]()
မြောက်ကိုရီးယားသည် အလူမီနီယံ အလွိုင်းဘားများကို တရုတ်မှတစ်ဆင့် ရရှိခဲ့သည်ဟု ဂျပန်အစိုးရ တာဝန်ရှိသူများက ယုံကြည်ထားပြီး မြောက်ကိုရီးယားတွင် ယင်းပစ္စည်းများ ထုတ်လုပ်နိုင်သော နည်းပညာ မပိုင်သေးကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသို့ ယင်းပစ္စည်းများ ပေးပို့ရန် တရုတ်စစ်ဘက်က အတည်ပြုချက် ပေးခဲ့ဖွယ်ရှိသည်ဟု ဂျပန်အစိုးရက ယုံကြည်ခဲ့သည်။ အဆာဟိ ရှင်ဘွန်းသတင်းတွင် ပါရှိသော မြောက်ကိုရီးယားမှ တင်ပို့သော ကုန်သေတ္တာကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ရှင်းလင်း ပြောကြားချက် အပြည့်အစုံ |
Sunday, November 18, 2012
မြန်မာ့ ဒီမိုကရေစီအရေးကို စဉ်ဆက်မပြတ် အားပေးခဲ့ သည့် နိုင်ငံ့ခေါင်းဆောင် တစ်ဦးအဖြစ် သမ္မတအိုဘားမား အား မြန်မာပြည်သူ များ ကြိုဆိုကြမည်၊ မြန်မာ့နိုင်ငံရေး သမိုင်းတွင် အစဉ်အလာ ကြီးမားခဲ့သော ရန်ကုန်တက္ကသိုလ်၌ အိုဘားမား မိန့်ခွန်းပြောကြားရန် စီစဉ်ထား
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန်သမ္မတ အိုဘားမားအား မြန်မာ့ဒီမိုကရေစီအရေးကို စဉ်ဆက်မပြတ် အားပေးခဲ့သည့် နိုင်ငံ့ခေါင်းဆောင် တစ်ဦးအား ကြိုဆိုသည့်အသွင်ဖြင့် သမ္မတ အိုဘားမားအား မြန်မာပြည်သူများက ကြိုဆိုကြမည်ဖြစ်ကြောင်း Facebook ကဲ့သို့သော လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သတင်းများ ထွက်ပေါ် ပျံ့နှံ့နေသည်။
အဆိုပါသတင်းများ၌ အမေရိကန် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အိုဘားမားပုံစံတူလူ ရုပ်ကြီးများဖြင့်လည်း ကြိုဆိုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အမေရိကန် သမ္မတတစ်ဦး၏ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သော ခရီးစဉ်အား မြန်မာပြည်သူများမှ ကြိုဆိုလိုလျှင် လုံခြုံရေးအခြေ အနေပေါ်မူတည်ကာ ကြိုဆိုခွင့် ပေးသွားမည် ဖြစ်ကြောင်း မြန်မာအစိုးရနှင့် နီးစပ်သူ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် ကြိုဆိုမှုအဖြစ် ရန်ကုန်မြို့ကန်တော်ကြီးပတ်လမ်းနှင့် ရွှေဂုံတိုင် Excel Tower အနီးတွင် အိုဘားမား၏ ရုပ်ပုံ၊ မြန်မာနိုင်ငံအလံနှင့် အမေရိကန်နိုင်ငံအလံတို့ကို ပေါင်းစပ်ထားသည့် Welcome Obama စာသားပါ Graffiti ရုပ်ပုံတစ်ခုကို မြန်မာလူငယ်တစ်စုက ရေးဆွဲခဲ့သည်။ တံဆိပ်ရိုက်လုပ်ငန်းများတွင်လည်း အမေရိကန်သမ္မတ လာရောက်လျှင် ကြိုဆိုရန်အတွက် ပြင်ဆင်နေသူများက အမေရိကန်နိုင်ငံ အလံများ ၀ယ်ယူမှုများပြားလျက်ရှိကြောင်း သိရသည်။
| ရန်ကုန်တက္ကသိုလ်သည် တိုင်းတစ်ပါး နယ်ချဲ့လက်အောက်သို့ ကျရောက်စဉ်ကစ၍ လွတ်လပ်ရေး ကြိုးပမ်းသည့် ကာလအထိ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ခေတ်သမိုင်း အဆက်ဆက်တွင် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ၊ မျိုးချစ်ခေါင်းဆောင်ကြီးများနှင့် စာပေအနုပညာရှင်ကြီးများ ထွက်ပေါ်ခဲ့သည့် နေရာဖြစ်သလို . . . |
ထို့အပြင် သမ္မတအိုဘားမားသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အစဉ်အလာ ကြီးမားခဲ့သော ရန်ကုန်တက္ကသိုလ်တွင် လူထုအား မိန့်ခွန်းပြောကြားရန် စီစဉ်ထားရာ ၎င်းမလာရောက်ခင် ရက်ပိုင်းအတွင်းတွင် ရန်ကုန်တက္ကသိုလ်ကို အကြီးစားပြင်ဆင်မှုများ ပြုလုပ်နေသည်။
ရန်ကုန်တက္ကသိုလ်သည် တိုင်းတစ်ပါးနယ်ချဲ့လက်အောက်သို့ ကျရောက်စဉ်ကစ၍ လွတ်လပ်ရေး ကြိုးပမ်းသည့်ကာလ အထိ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င်ခေတ် သမိုင်းအဆက်ဆက်တွင် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ၊ မျိုးချစ်ခေါင်းဆောင်ကြီးများနှင့် စာပေအနုပညာရှင်ကြီးများ ထွက်ပေါ်ခဲ့သည့်နေရာ ဖြစ်သလို၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ် ကျောင်းသား လှုပ်ရှားမှုများနှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် ထင်ရှားသည့်ဖြစ်စဉ်များ ရန်ကုန်တက္ကသိုလ် နယ်မြေတွင် ပေါ်ပေါက်ခဲ့ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်လ အတွင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦအား ဖောက်ခွဲဖျက်ဆီး ခံခဲ့ရသည်။
အမေရိကန်သံရုံး တာဝန်ရှိသူများ က ရန်ကုန်တက္ကသိုလ်ဝန်းအတွင်း လုံခြုံရေးနှင့် ပတ်သက်သော ဆောင် ရွက်မှုများ၊ တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်အား ပြင်ဆင်နေမှုများကို လာရောက် ပြုလုပ်လျက်ရှိသည်။
အဆိုပါခရီးစဉ်သည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်များအတွက် အထောက်တစ်စုံ တစ်ရာအကူပြုနိုင်မည့် ခရီးစဉ်တစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း နှင့်မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများ ဆက်ဆံရေးပြောင်းလဲမှု တစ်ခုဟု သုံးသပ်မှုများလည်း ရှိနေသည်။
"သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာတာဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အမေရိကန်က အသိအမှတ်ပြုတာ ဖြစ်သလို အမေရိကန်-မြန်မာ သံတမန် အဆက်အသွယ် ပိုမိုခိုင်မာလာစေတယ်လို့ ကျွန်တော့်အနေ နဲ့ယူဆပါတယ်။ ကိုယ်တိုင်ကြိုဆိုခွင့် ရခဲ့မယ် ဆိုရင်တော့ အမေရိကန်သမ္မတကို သွားကြိုမှာပါ"ဟု IT လုပ်ငန်း လုပ်ကိုင်နေသူ ကိုနိုင်နိုင်ထက်က ပြောပါသည်။
"အိုဘားမားက ပထမအကြိမ် ရွေးကောက်ပွဲမှာ ကတိပေးခဲ့တာက သူသာသမ္မတဖြစ်ခဲ့မယ် ဆိုရင် ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်လို့ ပြောခဲ့တယ်။ သူကတကယ်တမ်း သမ္မတလဲ ဖြစ်လာရော သူ့ကတိအတိုင်း ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တယ်။ သူလုပ်ဆောင်ခဲ့တဲ့ ပြောင်းလဲမှုတွေမှာ မြန်မာ -အမေရိကန် ဆက်ဆံရေးလဲ ပါဝင်တယ်။ မြန်မာနိုင်ငံအပေါ်မှာ ထားတဲ့ အမေရိကန်နိုင်ငံရဲ့ သဘောထားတွေ လည်း ပြောင်းလဲလာခဲ့တယ်။ အမေ ရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် သဘောထား ပြောင်းလဲမှုဟာ အနောက် အင်အားကြီး နိုင်ငံတွေအပေါ်လည်း အတော်လေး သက်ရောက်မှုရှိခဲ့တယ်။ ကျွန်တော်တို့ တိုင်းပြည်ကိုသူလို လူမျိုး လာရောက်တာကို ကြိုဆိုပါတယ်"ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အပေါ်တွင် နယ်ပယ်အသီးသီးမှလူပုဂ္ဂိုလ်များက လည်းကြိုဆိုခဲ့ကြပြီး နိုင်ငံတကာ၏ မြန်မာနိုင်ငံကို ဆက်ဆံရေးပြောင်းလဲ မှုတစ်ခုဟုရှုမြင်ကြောင်း ပြောကြားမှု များလည်းရှိခဲ့သည်။
ရန်ကုန်တက္ကသိုလ်မှ သမိုင်းဌာန ပါမောက္ခဒေါက်တာ ခင်စောနွယ်က "မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံရဲ့ သမ္မတတစ်ယောက် လာတယ်ဆိုတာကို ၀မ်းပန်းတသာ ကြိုဆိုပါတယ်။ ပြည်သူ တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံကို တန်ဖိုးထားတယ်၊ အသိအမှတ်ပြုပြီး လာတယ်ဆိုတာကို ဂုဏ်ယူပါတယ်" ဟု ပြောကြားခဲ့ပါသည်။
"အမေရိကန်နိုင်ငံလို ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံနဲ့ ဆက်ဆံရေးထူ ထောင်လာနိုင်တာဟာ မြန်မာနိုင်ငံအနေ နဲ့ကမ္ဘာ့ အသိုင်းအ၀ိုင်းကို ၀င်ဆံ့လာတယ်လို့ ဆိုနိုင်တယ်။ ပူပူနွေးနွေး ရွေးကောက်ပွဲ အနိုင်ရထားတဲ့ အမေရိကန် သမ္မတတစ်ယောက် ကျွန်တော်တို့ နိုင်ငံကိုလာရောက်ခြင်းဟာ ကြိုဆိုရမယ့် ကိစ္စတစ်ခုပါ" လူငယ်အဆိုတော် ရသက ပြောကြားခဲ့သည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးအဖြစ် ကိုပြုံးချိုက "ကမ္ဘာ မှာဒီမိုကရေစီရဲ့ အလေ့အကျင့်ကောင်းတွေကို ကာလကြာရှည်စွာ ကျင့်သုံးခဲ့ပြီး ကျေညက်နေတဲ့ နိုင်ငံတစ်ခုရဲ့ ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ထားတဲ့ သမ္မတကိုယ်တိုင်က ကျွန်တော်တို့နိုင်ငံမှာ တွေ့သင့်တွေ့ထိုက်တဲ့သူကို တွေ့ဆုံပြီး အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို တိုးမြင့်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ လူထုက တိုက်ရိုက် ရွေးချယ်ထားတဲ့သမ္မတ၊ လူထုကိုအမြဲတမ်း မျက်နှာမူထားတဲ့ စံနှုန်းတွေကိုပိုင်ဆိုင်ထားတဲ့ သမ္မတတစ်ယောက်၊ အဲဒီ စံနှုန်းတွေကို သွားနေတဲ့ တိုင်းပြည်တစ်ခုက ပြည်သူတွေဆီကို ကောင်းမွန်တဲ့ သတင်းစကားတွေ သယ်ဆောင် ပေါင်းကူးနိုင်တဲ့ခရီးစဉ်လည်းဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ကမ္ဘာ့အ၀န်း အ၀ိုင်းက အာရုံစိုက်နိုင်လောက်တဲ့ခရီး စဉ်တစ်ခုလည်းဖြစ်တဲ့အတွက် ဒီခရီး စဉ်ကို ကြိုဆိုပါတယ်"ဟု ပြောကြား ခဲ့သည်။
"အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုရေစီရရှိရေးအတွက် သမ္မတကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်လာတယ်လို့ဆို နိုင်တယ်။ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေ၊ မြန်မာ့ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်လာမယ်လို့လည်း မျှော်လင့်ရတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်" ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းစောသန်း မြင့်က ပြောကြားခဲ့သည်။
အိုဘားမားသည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားစသည့် အရှေ့တောင် အာရှနိုင်ငံများသို့ နိုဝင်ဘာလ ၁၇ ရက် မှ ၂၀ ရက်နေ့အထိ လာရောက်မည် ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် မှ အတည်ပြု ပြောကြားထားသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က "အမေရိကန် မြန်မာဆက်ဆံရေးကို ပြန်ကြည့်ရင် လွတ်လပ်ရေးရပြီးနောက်ပိုင်း လုံးဝမကောင်းခဲ့ပါဘူး။ ဖဆပလ အစိုးရခေတ်မှာလည်း တရုတ်ဖြူ ကျူးကျော်မှုနဲ့ပတ်သက်ပြီး ချောချောမွေ့မွေ့ မဖြစ်ခဲ့ဘူး။ ၁၉၆၂ခုနှစ်တပ်မတော် အာဏာသိမ်းခဲ့မှုက အမေရိကန်မြန်မာ ဆက်ဆံရေးကို ပိုပြီးတော့ အေးစက်စက် ဖြစ်စေခဲ့ပြီး ဆက်ဆံရေး မရှိသလောက် ဖြစ်ခဲ့တယ်။ ၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကာလမှာတော့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံ ခေါင်းဆောင်တွေကို ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး တိုက်တွန်းပြောဆိုတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော်က အာဏာသိမ်း လိုက်တဲ့အခါ အမေရိကန်မြန်မာ ဆက်ဆံရေးဟာ အဆိုးဝါးဆုံး အခြေအနေကို ရောက်ရှိခဲ့ပြီး အမေရိကန် အနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခု အစိုးရသစ်လက်ထက် မှာတော့ ဆက်ဆံရေး ပြန်ပွင့်လာပြီး အမေရိကန်သမ္မတကိုယ်တိုင် မြန်မာနိုင်ငံကို လာမယ်ဆိုတာ အမေရိကန် မြန်မာဆက်ဆံရေးဟာ ပိုမိုလေးနက်ပြီး အနှစ်သာရရှိလာတယ်လို့ ယူဆပါတယ်" ဟု ပြောပြခဲ့ပါသည်။
အခု အမေရိကန်သမ္မတဟာ သူ့ရဲ့ ဒုတိယသက်တမ်းမှာ ပထမဆုံး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍ အသီးသီးမှာ အမေရိကန်ရဲ့အကူအညီ တွေရရှိခဲ့မယ်ဆိုရင် မြန်မာနိုင်ငံဟာ အချိန်တိုအတွင်း လွယ်လင့်တကူ တိုးတက်လာမယ်လို့ ယုံကြည်တဲ့ အတွက် အမေရိကန်သမ္မတကြီးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်"ဟု ဦးဝင်းကြိုင်က ဆက်လက် ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတ သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခြင်းခံ ခဲ့ရသော အိုဘားမားသည် ခရီးစဉ် အတွင်းတွင် သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
သမ္မတ ဦးသိန်းစိန်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံ၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရပြီး ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာ လမ်းရှိသူမ၏ နေအိမ်၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
မြန်မာ-အမေရိကန် ဆက်ဆံရေး
၁၈၁၃ - ရန်ကုန်သို့အသက် ၂၅ နှစ်အရွယ် အမေရိကန်လူငယ် မစ္စတာအဒိုနိရမ်ဂျပ်ဆင်၊ မြန်မာအခေါ် ဆရာ ယုဒသန်ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံအကြား ဘာသာရေး၊ ပညာရေး၊ ယဉ်ကျေးမှုလဲလှယ်ရေး အုတ်မြစ်ကို ပထမဦးဆုံး စိုက်ထူခဲ့သည်။
၁၈၅၆ - မင်းတုန်းမင်း တရားကြီးသည် မိမိထံအခစား ရောက်နေသော အမေရိကန်နိုင်ငံသား သာသနာပြု ဆရာဒေါက်တာကင်းကိတ်မှ တစ်ဆင့် အမေရိကန်သမ္မတ ဂျိမ်းဘူကနင်ထံ ချစ်ကြည်ရေး သ၀ဏ်လွှာပေးပို့ခဲ့ပြီး ၁၈၅၇ ခုနှစ်တွင် ဂျိမ်းဘူကနင်ကလည်း ချစ်ကြည်ရေး သ၀ဏ်လွှာ တုံ့ပြန်ခဲ့သည်။
၁၉၄၇ - အမေရိကန်က မြန်မာ့လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့ပြီး ရန်ကုန်တွင် အမေရိကန်သံရုံးဖွင့်လှစ်ခဲ့ကာ အောက်တိုဘာတွင် ပထမဆုံး အမေရိကန် သံအမတ်ခန့်အပ်ခဲ့သည်။
၁၉၄၈-၅၃ - အမေရိကန်က မြန်မာနိုင်ငံကို စီးပွားရေး အကူအညီပေးခဲ့သည်။
၁၉၅၃ - အမေရိကန် ဒုတိယသမ္မတ ရစ်ချတ်နစ်ဆင်မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ခရီး လာရောက်ခဲ့သည်။ ယင်းခရီးစဉ်အတွင်း ရန်ကုန်တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် တွေ့ကြုံခဲ့ရသည်။
၁၉၅၅ - ဖေဖော်ဝါရီလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဖော်စတာဒါးလက်စ် ရန်ကုန်သို့ ရောက်ရှိလာပြီး ၀န်ကြီးချုပ်ဦးနုအပါအ၀င် မြန်မာထိပ်တန်း အရာရှိကြီးများနှင့် တွေ့ဆုံခဲ့သည်။
၁၉၅၆-၆၄ - ၁၉၅၆ ခုနှစ်မှစ၍ အမေရိကန်က မြန်မာနိုင်ငံကို စားနပ်ရိက္ခာ အကူအညီများပေးခဲ့ပြီး ဗိုလ်ချုပ် နေ၀င်း၏ တော်လှန်ရေးအစိုးရ တက်လာသည့် ၁၉၆၂ ခုနှစ်တွင် ယင်းအကူအညီများရပ်ဆိုင်းခဲ့သည်။ ၁၉၆၂ ခုနစ်အထိ အမေရိကန်၌ မြန်မာစစ်တပ်အရာရှိ ၁၀၀၀ ခန့် သင်တန်း တက်ရောက်ခဲ့သည်။
၁၉၅၇ - မြန်မာသမ္မတဦးဝင်းမောင် အမေရိကန်သို့ ဆေးကုသရန် သွားရောက်ခဲ့ပြီး အမေရိကန်သမ္မတ အိုက်စင်ဟောင်ဝါနှင့် တွေ့ဆုံခဲ့သည်။
၁၉၆၆ - စက်တင်ဘာတွင် ဗိုလ်ချုပ်နေ၀င်း အမေရိကန်သို့ အလည်အပတ်သွားရောက်ခဲ့ပြီး အမေရိကန် သမ္မတ လန်ဒန်ဘီဂျွန်ဆင်နှင့် တွေ့ဆုံခဲ့သည်။
၁၉၇၄ - အမေရိကန်အစိုးရနှင့် မြန်မာအစိုးရကြား မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေး သဘောတူစာချုပ်ချုပ် ဆိုခဲ့ပြီး ယင်းအတွက် ဆေးဖျန်းရဟတ်ယာဉ် ၂၀၅ စီး ရန်ကုန်သို့ ပေးပို့ရန် သဘောတူညီခဲ့သည်။
၁၉၈၈ - တစ်နိုင်ငံလုံး လူထုအုံကြွမှု ဖြစ်ပွားနေသော စက်တင်ဘာလတွင် အမေရိကန် အာရှနှင့် ပစိဖိတ် ရေးရာဆပ်ကော်မတီဥက္ကဋ္ဌစတီဖင်ဂျေဆိုလာ့ဇ် ရန်ကုန်သို့ လာရောက်ခဲ့ပြီး သမ္မတသစ် ဒေါက်တာမောင်မောင် နှင့် တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
၁၉၈၈ - နိုဝင်ဘာတွင် အမေရိကန်အောက်လွှတ်တော် အမတ် ဒန်နာရိုရာဘက်ချာ ထိုင်း-မြန်မာနယ်စပ်ရှိ သေးဘောဘိုကျောင်းသားစခန်းသို့ ရောက်ရှိလာပြီး ဆန္ဒပြမှုကို စစ်တပ်က ဖြိုခွင်းခဲ့သဖြင့် ပြည်ပသို့ရောက်ရှိလာ သူများကို စိတ်ပိုင်းဆိုင်ရာနှင့် နိုင်ငံရေးထောက်ပံ့မှုများပြုလုပ်သွားမည်ဟု ကတိပေးခဲ့သည်။
၁၉၉၀ - အမေရိကန်က မြန်မာကိုပေးနေသော စီးပွားရေးနှင့် စစ်ရေးအကူအညီများ ဖြတ်တောက်ခဲ့သည်။ နှစ်ပေါင်းသုံးဆယ်အတွင်း ပထမဆုံးအကြိမ်ကျင်းပသော ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLDပါတီကို စစ်အစိုးရက အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သောကြောင့် သံတမန်ဆက်ဆံရေးကို သံအမတ်အဆင့်မှ သံရုံးတာဝန်ခံအဖြစ်သို့ အဆင့်လျှော့ချခဲ့သည်။
၁၉၉၄ - ဖေဖော်ဝါရီတွင် အမေရိကန် အောက်လွှတ်တော်အမတ် ဘီလ်ရစ်ချတ်ဆင်သည် နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏နေအိမ်တွင် တွေ့ဆုံခဲ့ပြီး သမ္မတဘီလ်ကလင်တန်၏ စာတစ်စောင်ကို ပေးအပ်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ အနာဂတ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်က အဆုံးအဖြတ်ပေးလိမ့်မည်ဟု ထိုင်းနိုင်ငံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၁၉၉၅ - စက်တင်ဘာလတွင် နောင်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမည့် ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် မက်ဒယ်လိန်းအောလ်ဘရိုက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။
၁၉၉၇ - မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် နိုင်ငံအဖြစ် လက်ခံခဲ့ခြင်းအပေါ် အမေရိကန်က အပြင်းအထန် ကန့်ကွက်ခဲ့သည်။
၂၀၀၃ - မေ ၃၀ ရက်တွင်ဖြစ်ပွားခဲ့သော ဒီပဲယင်း အရေးအခင်းကြောင့် အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ပြုလုပ်ခဲ့သည်။
၂၀၀၈ - မေလတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသူများကို အကူအညီပေးရန်ရေနှင့် အစားအသောက်များ တင်ဆောင်လာသော အမေရိကန် ရဟတ်ယာဉ်များကို စစ်အစိုးရက ၀င်ခွင့်ပေးရန် ငြင်းဆန်ခဲ့သောကြောင့် နယ်စပ်တွင် သုံးပတ်ကျော်ကြာ သောင်တင်နေခဲ့ရပြီး ကယ်ဆယ်ရေးပစ္စည်း ဒေါ်လာ ၁ ဒသမ ၂ သန်းခန့် တင်ဆောင်လာသည့် လေယာဉ်များကိုမူ ခွင့်ပြုပေးခဲ့သည်။
၂၀၀၉ - သြဂုတ်လတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့်တွေ့ဆုံခဲ့သည်။ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် ဆယ်စုနှစ်များစွာ အတွင်း မြန်မာစစ်အစိုးရ ခေါင်းဆောင်တစ်ဦးနှင့် တိုက်ရိုက်တွေ့ဆုံခွင့်ရခဲ့သော အမြင့်ဆုံးအရာရှိဖြစ်ခဲ့ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ် သော ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။
၂၀၀၉ - စက်တင်ဘာလတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ မရှိဘဲ တိုက်ရိုက်ထိတွေ့ဆက်ဆံသွားရန် ကြိုးပမ်းသွားမည်ဟု ကြေညာခဲ့သည်။
၂၀၁၀ - နိုဝင်ဘာလ ၇ ရက်နေ့ကပြုလုပ်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှု မရှိဘဲ ရွေးကောက်ပွဲရလဒ်များသည် ယခင်စစ် အစိုးရခေါင်းဆောင်များ ဦးဆောင်သော အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးမှု တစ်ခုသာဖြစ်သည်ဟု အိုဘားမားက ရှုံ့ချခဲ့သည်။
၂၀၁၁ - ဧပြီတွင် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဒဲရစ်မစ်ချယ်ကို အိုဘားမားက ခန့်အပ်ခဲ့သည်။
၂၀၁၁ - စက်တင်ဘာလ ၂၉ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၀ါရှင်တန်တွင် အမေရိကန်ထိပ်တန်း အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး နောက်တစ်နေ့တွင် သမ္မတ ဦးသိန်းစိန်က တရုတ်အစိုးရ၏ နောက်ခံဖြင့် ပြုလုပ်နေသော နိုင်ငံမြောက်ပိုင်းရှိ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။ ယင်းကြေညာချက်ကို ၀ါရှင်တန်မှ သိသာထင်ရှားသော အပြုသဘောဆောင်သည့် ပြောင်းလဲမှုတစ်ခုအဖြစ် ကြိုဆိုခဲ့သည်။
၂၀၁၁ - နိုဝင်ဘာလတွင် နှစ်လအတွင်း တတိယမြောက် ခရီးစဉ်အဖြစ် အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ် လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကာ ယင်းမှာ အပြုသဘော ဆောင်သည့် နောက်ထပ်ပြောင်းလဲမှုတစ်ခုဟု အမေရိကန်က ကြေညာခဲ့သည်။
၂၀၁၁ - နိုဝင်ဘာ ၁၈ တွင် ဒီဇင်ဘာလ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အထောက်အပံ့ပေးသည့် အနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း အိုဘားမားက ကြေညာခဲ့သည်။ ယင်းကြေညာချက်ကို မြန်မာအစိုးရက ကြိုဆိုခဲ့ပြီး အပြုသဘောဆောင်သည့် ပြောင်းလဲမှုများ၏ ရလဒ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
၂၀၁၁ - ဒီဇင်ဘာလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ တို့နှင့် တွေ့ဆုံခဲ့ကာ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ ဆက်လက်ပြုလုပ်သွားပါက ဆက်ဆံရေးတိုးမြှင့်သွားမည်ဟု ကမ်းလှမ်းခဲ့သည်။
၂၀၁၂ - မေလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ခန့်အပ်ခဲ့သည်။
Thursday, November 15, 2012
အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင်အသုံးပြုမည့် ပစ္စည်းများကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များ မြန်မာနိုင်ငံသို့ရောက်ရှိ
အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများ ကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များသည် နိုဝင်ဘာလ ၈ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။အဆိုပါလေယာဉ်များမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ရက်နေ့အထိ အမေရိကန်လေတပ်မှ C 17 လေယာဉ်ဖြင့် ငါးခေါက်၊ အခြားလေယာဉ်ဖြင့် ၂ခေါက်၊ စုစုပေါင်း ၇ခေါက်အထိ ရှိခဲ့သည်ဟု သိရသည်။
အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ရက်နေ့တွင် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် တာဝန်ရှိသူ ၉ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ရက်နေ့တွင် အမေရိကန်လေ တပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ၁၃ရက်နေ့တွင် C17 လေယာဉ် ၃စီးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။
''ခုရောက်လာတဲ့ အမေရိကန်လေတပ်က စစ်လေယာဉ်တွေမှာ သမ္မတအိုဘားမား မြန်မာနိုင်ငံခရီးစဉ်မှာ အသုံးပြုမယ့် ရဟတ်ယာဉ်တို့ မော်တော်ယာဉ်တို့ စတဲ့ အသုံးဆောင်ပစ္စည်းတွေ၊ နောက်လုံခြုံရေး နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပါလာတာဖြစ်ပါတယ်'' ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ထပ်မံ၍ နိုဝင်ဘာလ ၁၅ရက်နေ့နှင့် ၁၇ရက်နေ့များတွင်လည်း အမေရိကန်လေတပ်မှ စစ်လေယာဉ် များသည် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိမည်ဟုလည်း သတင်းရရှိပါသည်။
အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက် နေ့တွင် လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ မည်ဖြစ်ကြောင်း သိရသည်။
Wednesday, October 24, 2012
နိုင်ငံတော်နှင့် ပုဂ္ဂလိကပူးပေါင်းပိုင်ဆိုင်သည့် ရတနာပုံတယ်လီပို့အား အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်၊ဆက်သွယ်ရေးလုပ်ငန်းအား ပုဂ္ဂလိကသို့ချထားရာတွင် နောက်ထပ် ပုဂ္ဂလိကကုမ္ပဏီ ၂ ခုကိုသာ အများဆုံးလက်ခံရန်စီစဉ်ထား
နိုင်ငံတော်နှင့် ပုဂ္ဂလိက ပူးပေါင်းပိုင်ဆိုင်သည့် ရတနာပုံတယ်လီပို့ကုမ္ပဏီအား အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ရတနာပုံတယ်လီပို့ ကုမ္ပဏီအား နိုင်ငံတော်မှ ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကမှ ၄၉ ရာခိုင်နှုန်းအချိုးဖြင့် ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်သည့် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ထုတ်ပြန်ချက်များအရသိရသည်။
ယင်းအပြင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းများအား အပြိုင်ဝန်ဆောင်မှုပေးရန်အတွက် ပုဂ္ဂလိကအား ဖိတ်ခေါ်ထားသည်ဟုဆိုသော်လည်း စီစဉ်ထားမှုအရ အလွန်ဆုံး ကုမ္ပဏီ ၁ ခု ၂ ခုကိုသာလက်ခံရန်ရှိကြောင်းလည်းသိရသည်။
လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၏ ဆက်သွယ်မှုကဏ္ဍအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့မှသာ စီမံလုပ်ကိုင်နေခြင်းဖြစ်ပြီး ၎င်းတို့နှင့် အပြိုင်လုပ်ကိုင်မည့် ပုဂ္ဂလိကကုမ္ပဏီအများအပြားလိုအပ်နေသည်။
ထိုသို့ အပြိုင်လုပ်ကိုင်မည့် ပုဂ္ဂလိက ကုမ္ပဏီများစွာလိုအပ်ရသည့် အဓိကအကြောင်းရင်းမှာ မြန် မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုသည် အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများဖြင့်ယှဉ်လျင် ၁၀ နှစ်မှ ၁၅ နှစ်အထိ နောက်ကျကျန်နေခဲ့ခြင်းကြောင့် အပြိုင်လုပ်ကိုင်မည့် ကုမ္ပဏီများလိုအပ်ခြင်း ဖြစ်သည်။
သို့သော် လက်ရှိစီစဉ်ထားသည့်အနေအထားအရ မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့ဖြင့် ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပေးမည့် ကုမ္ပဏီမှာ ၁ ခုသို့မဟုတ် ၂ ခုသာ လုပ်ခွင့်ပေးမည့်အနေအ ထားဖြစ်နေကြောင်း နေပြည်တော်တွင်ကျင်းပသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲတစ်ရပ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တင်ပြချက်များအရသိရသည်။
''ရတနာပုံတယ်လီပို့ကို အများပိုင်အဖြစ်ပြောင်းမယ်။ အခု မြန်မာ့ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေက အိမ်နီးချင်းနိုင်ငံတွေထက် ၁၅ နှစ်လောက်နောက်ကျကျန်နေတယ်။ ဒါကိုပြောင်းလဲဖို့နဲ့ လက်ဝါးကြီးအုပ်မဖြစ်ဖို့ ပုဂ္ဂလိကတွေများများဝင်ပြီး ယှဉ်ပြိုင်လုပ်ကိုင်ရင် အများပြည်သူလည်းပိုသက်သာ ခွင့်ရမှာပေါ့။ အခု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရတနာပုံတယ်လီပို့နှစ်ဦးနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရွေးချယ်ခွင့်ပြုမယ့် ကုမ္ပဏီ ၁ ခု ၂ ခုနဲ့ပြိုင်လုပ်မယ်ဆိုတော့ အများဆုံးမှ နောက်ထပ်ယှဉ်ပြိုင်မယ့် ကုမ္ပဏီက ၂ ခုပဲအများဆုံး လုပ်ခွင့်ရမှာပေါ့။ ယှဉ်ပြိုင်တယ်ဆိုတာက များလေပိုတိုးတက်လေပဲ''ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သူတစ်ဦး ကပြောကြားခဲ့ပါသည်။
အစိုးရသစ်လက်ထက် ၉ နှစ်အတွင်း လူတစ်ဦးလျှင် ဖုန်း ၁ လုံး အသုံးပြုနိုင်မည့် ပမာဏအထိ တိုးချဲ့မည်
အစိုးရသစ်လက်ထက် ၉ နှစ်အတွင်း မြန်မာနိုင်ငံတွင် လူတစ်ဦးလျှင်အနည်းဆုံး ဖုန်း ၁ လုံးအသုံးပြုနိုင်သည့် ပမာဏအထိတိုးချဲ့ရန် စီစဉ်ထားကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိဖုန်း အသုံးပြုမှုနှုန်းမှာ လူ ၁၀၀ တွင် ၇ ဦးကျော်သာ အသုံးပြုနိုင်သည့်အနေအထားရှိကြောင်းသိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အစိုးရသစ် စတင်တာဝန်ယူခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ၅ နှစ်အတွင်း ဖုန်းအလုံးရေ ၄၅ သန်းအထိ တပ်ဆင်ရန်လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အထိ နောက်ထပ် ၅ နှစ်တွင် ဖုန်းအလုံးရေ ၇၆ သန်း အထိလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာ နှစ်အထိ တတိယ ၅ နှစ်တွင် ဖုန်းအလုံးရေ သန်း ၁၂၀ အထိလည်းကောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှ ၂၀၃၀- ၂၀၃၁ ဘဏ္ဍာနှစ်အထိ စတုတ္တ ၅ နှစ်တွင် ဖုန်းအလုံးရေ သန်း ၁၅၀ အထိလည်းကောင်း တိုးချဲ့တပ်ဆင်သွားရန် စီမံကိန်းချမှတ် လုပ်ဆောင်လျက်ရှိသည်ဟု သိရှိရ သည်။
ထို့အတွက် အစိုးသစ်လက်ထက်မှ ၁၀ နှစ်သက်တမ်းရောက်ရှိမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၌ တိုးချဲ့မည့် ဖုန်းအလုံးရေမှာ ၇၆ သန်းရှိလာမည်ဖြစ်ရာ လက်ရှိနိုင်ငံလူဦးရေ သန်း ၆၀ ဖြင့် တွက်ချက်ပါက လူတစ်ဦးလျင် အ နည်းဆုံးဖုန်းတစ်လုံးကိုင်နိုင်သည့် နှုန်းအထိ ဖုန်းသိပ်သည်းဆရှိလာမည်ဖြစ်ကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုမှာ အိမ်နီးချင်းနိုင်ငံ၊ အာဆီယံနိုင်ငံများထက် ၁၅ နှစ်အထိ နောက်ကျကျန်နေပြီး ယနေ့ နိုင်ငံတကာဖုန်းဈေးနှုန်း၊ ဖုန်းစနစ်များဖြင့်နှိုင်းယှဉ်ပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အတတ်နိုင်ဆုံးလျော့ချပေးထားပါသည်ဆိုသော မိုဘိုင်းဖုန်းတစ်လုံး ကျပ် ၂ သိန်းမှာ မဖြစ်သင့်သည့်ဈေးတွင်ပင်ရှိနေဆဲဖြစ်သည်ဟုလည်း အများပြည်သူက သုံးသပ်ကြသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုလည်း ကော်ပိုရေးရှင်းအသွင်ဖြင့် စီးပွားရေးဆန်ဆန်ဆောင်ရွက်ပြီး ကိုယ့်ဝင်ငွေပေါ်ရပ်တည်မည့်အကြောင်းကိုလည်း ထုတ်ပြန်ထားသည်။
စီးပွားရေးဆန်ဆန် ဆောင်ရွက်လျက်ရှိသော်လည်း မျှတသည့် အသွင်ဖြင့်ဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအား မြှင့်တင်ပေးနိုင်ခြင်းမရှိပဲ ကုမ္ပဏီအကျိုးသာပိုမိုဖြစ်ထွန်းနေသည့် အနေအထားကိုလည်း ထည့် သွင်းတွက်ချက်ရန်လိုကြောင်း၊ အများပြည်သူအဆင်ပြေရေးပိုကြည့်သည့်ကုမ္ပဏီများကို အများစုလုပ်ကိုင်ခွင့်ပေးသင့်ပြီဖြစ်သည်ဟုလည်း ဆက်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးက ထောက်ပြခဲ့သည်။
နှစ်အပိုင်းအခြားအလိုက် တိုးချဲ့သွားမည့် တယ်လီဖုန်းနှင့် အင်တာနက်ပမာဏအား နိုင်ငံ့လူဦးရေပေါ်တွင် အခြေခံကာ ရာခိုင်နှုန်းတွက်ချက်ပြမှုဇယား
| ဘဏ္ဍာနှစ် | ဖုန်း | ရာခိုင်နှုန်း | အင်တာနက် | ရာခိုင်နှုန်း |
| ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ | ၄၅ သန်း | ၇၅%၈၀% | ၃၀ သန်း | ၅၀.၀၀% |
| ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ | ၇၆ သန်း | ၁၂၅.၀၀% | ၅၀ သန်း | ၇၇.၀၀% |
| ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ | ၁၂၀ သန်း | ၂၀၀.၀၀% | ၇၅ သန်း | ၁၀၇.၀၀% |
| ၂၀၂၆-၂၀၂၇ မှ ၂၀၃၀-၂၀၃၁ | ၁၅၀ သန်း | ၂၅၀.၀၀% | ၉၀ သန်း | ၁၂၀.၀၀% |
ဒီမိုကရေစီကို လိုလားသူတိုင်း ဒီမိုကရေစီနှင့် မကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ပုဒ်မများကို ပြင်ဆင်ရန် မိမိတာဝန်အဖြစ် မှတ်ယူရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
"တကယ်ဒီမိုကရေစီလိုလားတဲ့သူတိုင်းမှာ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မတွေကို ပြင်ဆင်ဖို့က ကိုယ့်တာဝန်ပဲလို့ မှတ်ယူရပါမယ်။ နောက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေ ညီလာခံရဲ့ဥက္ကဋ္ဌ မဟုတ်ဘူးလား" ဟု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ်များပေါ်တွင်သာ မူတည်ကြောင်း သမ္မတကြီး၏ ပြောကြားချက်နှင့်ပတ်သက်၍ မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် NLD ပါတီအနေဖြင့် မည်သည့်အချိန်တွင် အဆိုတင် သွင်းမည်နည်းဟု Eleven Media Group ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က "ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ဆိုတာကတော့ ကိုယ့်မှာဘယ်လောက်အထိ အောင်မြင်နိုင်မလဲဆိုတဲ့ အခြေအနေကို ကြည့်ပြီးလုပ်ရမှာ ဖြစ်ပါတယ်။ ဘယ်ကစမလဲဆိုတာလည်း ဆုံးဖြတ်ရမယ်" ဟု ဖြေကြားခဲ့ပါသည်။
ထို့အတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ပါဝင်သော သမ္မတလောင်း အရည်အချင်းများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က "အဲဒီ ဥပဒေကို အမေတို့သဘောမတူဘူး။ အဲဒါကြောင့် တကယ်ပဲမျှမျှတတနဲ့ ပြိုင်ချင်တယ်ဆိုရင် ဒီဥပဒေကို မျှတအောင်လုပ်ရမယ်" ဟု ပြောကြားခဲ့သည်။
"နောက်သက်တမ်းမှာ အရွေးချယ်ခံချင်တဲ့ မည်သူမဆို အားလုံးကနေ မျှမျှတတ အခြေခံပေါ်ကနေ ရွေးချယ်နိုင်အောင်လို့ ကြိုးစားပေးစေချင်တယ်။ အကုန်ပြင်ရမှာပဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက တရားမျှတမှုမှ မရှိတာ။ တရားမမျှတတဲ့ ဥပဒေအရတော့ ခေါင်းဆောင်လုပ်ချင်စိတ် မရှိသင့်ဘူးလို့ ဒီလိုပဲမြင် တယ်" ဟု သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကသာ လိုလားပါက သမ္မတလုပ်ရဲသည့် သတ္တိရှိသည်ဟု အောက်တိုဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သော အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် မိမိ၏သဘောထားတစ်ရပ်တည်းနှင့် ပြင်ရန်မဖြစ်နိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရန် အခွင့်အလမ်းပေးထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေ ခံဥပဒေကိုပြင်ရေး၊ မပြင်ရေးသည် လွှတ်တော်ထဲ၌ရှိနေသော လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒအ ပေါ်မှာပဲ မူတည်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အခန်း ၁၂ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၅ တွင် ဖွဲ့စည်း ပုံ အခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု ဖော်ပြပါရှိသည်။
လက်ရှိကျင်းပလျက်ရှိသော ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်လျက်ရှိသည်။
Saturday, October 20, 2012
Hear Me Now
Searching for the strength I thought I
Had inside me
Left you behind
So lonely
Praying for the day that you would somehow find me
I was young
You were wrong
But I tried
I was strong
And the years that I have lost are all I see
All I can say
Is I am not afraid
Of the world that I have tried to push away
I fight everyday
But I am to blame
I am not innocent
But I am not afraid
I lost all faith
Inside me
Still I find myself without the will to
Free me from you
I'm a slave
Unhappy
Wanting oh so much for you to someday
See me
Tell me how
I want to
Say it loud
I need you
To be the one who catches all my dreams
Hear me now
All I can say
Is I am not afraid
Of the world that I have tried to push away
I fight everyday
But I am to blame
I am not innocent
But I am not afraid
Anymore
I'm tired of sleeping
Alone I've been grieving
The life that I gave up to feel alive
I want to feel alive
I'm not afraid anymore, I'm not afraid anymore
I want to feel alive, I want to feel alive
I want to feel, I need to feel
I want to feel alive
Hold on tight
Let's make this right
Take me, make me
Feel alive tonight
Thursday, September 27, 2012
အီရန်နှင့်ပတ်သက်၍ ကုလသမဂ္ဂညီလာခံတွင် အစ္စရေးဝန်ကြီးချုပ် သတိပေးပြောကြား
အီရန်နိုင်ငံ၏ နျူကလီးယား လက်နက်ဖြင့် ခြိမ်းခြောက်လာနိုင်သည့် အခြေအနေကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူက ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် သတိပေး ပြောဆိုသွားသည်။
Posted on Sep 27 12 - 10:48 PM
အီရန်နှင့်ပတ်သက်၍ ကုလသမဂ္ဂညီလာခံတွင် အစ္စရေးဝန်ကြီးချုပ် သတိပေးပြောကြား
... အီရန်နိုင်ငံ၏ နျူကလီးယား လက်နက်ဖြင့် ခြိမ်းခြောက်လာနိုင်သည့် အခြေအနေကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူက ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် သတိပေး
ပြောဆိုသွားသည်။ အီရန်နိုင်ငံသာ နျူကလီးယားလက်နက် ပိုင်ဆိုင်သွားပြီ ဆိုပါက အယ်လ်ကေးဒါး အကြမ်းဖက် တပ်ဖွဲ့လက်ထဲ နျူကလီးယားလက်နက် ထည့်ပေးလိုက်သည်နှင့် လုံးဝ ခြားနားတော့မည် မဟုတ်ဟု နာတန်ယာဟူက ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက အီရန်၏ နျူကလီးယား လက်နက် အဆင့်မြှင့်တင်မှု အခြေအနေကို အလေးထား စောင့်ကြည့်နေပြီး တိကျသော အတိုင်းအတာ တစ်ခုတွင် စစ်ရေးအရ အရေးယူသင့်ကြောင်းပါ အစ္စရေး ဝန်ကြီးချုပ်က သရုပ်ပြပုံနှင့်တကွ ရှင်းလင်း ပြောကြားသွားခဲ့သည်။
နယူးယော့ခ်တွင် ပြုလုပ်သည့် ညီလာခံတွင် နာတန်ယာဟူက "အီရန်က သူတို့လိုချင်တဲ့ ရည်မှန်းချက်ကို (၇၀)ရာခိုင်နှုန်းလောက် လမ်းဖောက်ပြီးပြီ။ ခုဆိုရင် ဒုတိယအဆင့်ကို တက်လှမ်းနေပြီ။ နောက်နှစ် နွေရာသီလောက်ဆိုရင် နျူကလီးယား သန့်စင်မှုနှုန်းက အလယ်အဆင့်လောက်ကို ရောက်လာမယ်။ အဲဒီကနေပြီး နောက်ဆုံးအဆင့်ကို တက်မယ်။ အဲဒီကျရင် နျူကလီးယားဗုံး တစ်လုံး တည်ဆောက်ဖို့ လိုအပ်တဲ့ သန့်စင်မှုကို သီတင်းပတ် နည်းနည်းလောက်နဲ့ ပြီးအောင် သူတို့ လုပ်နိုင်သွားပါပြီ"ဟု ရှင်းပြခဲ့သည်။
၎င်းက အီရန်၏ နျူကလီးယား သန့်စင်မှုကို သည်းခံနိုင်စွမ်းရှိမည့် နောက်ဆုံး အတိုင်းအတာ Red Lineအဖြစ် (၉၀)ရာခိုင်နှုန်းထိ ရှိလာချိန်တွင် အရေးယူသင့်ကြောင်း ပြောကြားခဲ့သည်။ "ကျွန်တေယ် ယုံကြည်တယ်။ ဒီအခြေအနေမှာ Red Lineတစ်ခု ရှိနေရမယ်။ အီရန်က သူတို့ စီစဉ်နေတာကို နောက်ဆုတ်ရပါမယ်။ ဒါဆိုရင်တော့ သံတမန်ရေးရာ ဖြေရှင်းဖို့အတွက် အချိန်ပိုရလိမ့်မယ်"ဟုလည်း နာတန်ယာဟူက ပြောဆိုသွားသည်။ လက်ရှိတွင် အမေရိကန် ပြည်ထောင်စုသည် အစ္စရေးအား အီရန်ကို ထိုးစစ်မဆင်ရန် ထိန်းသိမ်းထားနေဆဲ ဖြစ်သော်လည်း အစ္စရေးကမူ ဒေသတွင်း ရန်သူတော်ကြီး၏ ခြေလှမ်းတိုင်းကို အထူးတလည် စိုးရိမ်လျှက် ရှိသည်။ အီရန်ကမူ မိမိတို့၏ နျူကလီးယား လုပ်ငန်းစဉ် အားလုံးသည် စွမ်းအင်ကဏ္ဍနှင့် ဆေးဝါးသုတေသန လုပ်ငန်းများအတွက်သာ ရည်ရွယ်ကြောင်း အခိုင်အမာ ပြောဆိုနေဆဲ ဖြစ်သည်။
Source: RThttp://www.planet.com.mm/newsSee more
Posted on Sep 27 12 - 10:48 PM
အီရန်နှင့်ပတ်သက်၍ ကုလသမဂ္ဂညီလာခံတွင် အစ္စရေးဝန်ကြီးချုပ် သတိပေးပြောကြား
...
ပြောဆိုသွားသည်။ အီရန်နိုင်ငံသာ နျူကလီးယားလက်နက် ပိုင်ဆိုင်သွားပြီ ဆိုပါက အယ်လ်ကေးဒါး အကြမ်းဖက် တပ်ဖွဲ့လက်ထဲ နျူကလီးယားလက်နက် ထည့်ပေးလိုက်သည်နှင့် လုံးဝ ခြားနားတော့မည် မဟုတ်ဟု နာတန်ယာဟူက ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက အီရန်၏ နျူကလီးယား လက်နက် အဆင့်မြှင့်တင်မှု အခြေအနေကို အလေးထား စောင့်ကြည့်နေပြီး တိကျသော အတိုင်းအတာ တစ်ခုတွင် စစ်ရေးအရ အရေးယူသင့်ကြောင်းပါ အစ္စရေး ဝန်ကြီးချုပ်က သရုပ်ပြပုံနှင့်တကွ ရှင်းလင်း ပြောကြားသွားခဲ့သည်။
နယူးယော့ခ်တွင် ပြုလုပ်သည့် ညီလာခံတွင် နာတန်ယာဟူက "အီရန်က သူတို့လိုချင်တဲ့ ရည်မှန်းချက်ကို (၇၀)ရာခိုင်နှုန်းလောက် လမ်းဖောက်ပြီးပြီ။ ခုဆိုရင် ဒုတိယအဆင့်ကို တက်လှမ်းနေပြီ။ နောက်နှစ် နွေရာသီလောက်ဆိုရင် နျူကလီးယား သန့်စင်မှုနှုန်းက အလယ်အဆင့်လောက်ကို ရောက်လာမယ်။ အဲဒီကနေပြီး နောက်ဆုံးအဆင့်ကို တက်မယ်။ အဲဒီကျရင် နျူကလီးယားဗုံး တစ်လုံး တည်ဆောက်ဖို့ လိုအပ်တဲ့ သန့်စင်မှုကို သီတင်းပတ် နည်းနည်းလောက်နဲ့ ပြီးအောင် သူတို့ လုပ်နိုင်သွားပါပြီ"ဟု ရှင်းပြခဲ့သည်။
၎င်းက အီရန်၏ နျူကလီးယား သန့်စင်မှုကို သည်းခံနိုင်စွမ်းရှိမည့် နောက်ဆုံး အတိုင်းအတာ Red Lineအဖြစ် (၉၀)ရာခိုင်နှုန်းထိ ရှိလာချိန်တွင် အရေးယူသင့်ကြောင်း ပြောကြားခဲ့သည်။ "ကျွန်တေယ် ယုံကြည်တယ်။ ဒီအခြေအနေမှာ Red Lineတစ်ခု ရှိနေရမယ်။ အီရန်က သူတို့ စီစဉ်နေတာကို နောက်ဆုတ်ရပါမယ်။ ဒါဆိုရင်တော့ သံတမန်ရေးရာ ဖြေရှင်းဖို့အတွက် အချိန်ပိုရလိမ့်မယ်"ဟုလည်း နာတန်ယာဟူက ပြောဆိုသွားသည်။ လက်ရှိတွင် အမေရိကန် ပြည်ထောင်စုသည် အစ္စရေးအား အီရန်ကို ထိုးစစ်မဆင်ရန် ထိန်းသိမ်းထားနေဆဲ ဖြစ်သော်လည်း အစ္စရေးကမူ ဒေသတွင်း ရန်သူတော်ကြီး၏ ခြေလှမ်းတိုင်းကို အထူးတလည် စိုးရိမ်လျှက် ရှိသည်။ အီရန်ကမူ မိမိတို့၏ နျူကလီးယား လုပ်ငန်းစဉ် အားလုံးသည် စွမ်းအင်ကဏ္ဍနှင့် ဆေးဝါးသုတေသန လုပ်ငန်းများအတွက်သာ ရည်ရွယ်ကြောင်း အခိုင်အမာ ပြောဆိုနေဆဲ ဖြစ်သည်။
Source: RThttp://www.planet.com.mm/news

Wednesday, September 19, 2012
Saturday, August 18, 2012
Saturday, July 28, 2012
အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်အဆင့်တွင် စာသင်နှစ်များ မူလကထက် တစ်နှစ်စီထပ်တိုးထားပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့တွင်လည်း လက်ခံနိုင်မည့်ကျောင်းသား ဦးရေ လျှော့ချထားကာ ၀င်ခွင့် လျှောက်ထားနိုင်ခွင့်ရှိသည့် အခြေခံကြမ်းခင်း ရမှတ်များကိုလည်း တိုးမြှင့်သတ
အဆင့်မြင့် ကဏ္ဍ တက္ကသိုလ် အဆင့်တွင် ယခုပညာသင်နှစ်မှ စတင်ကာ စာသင်နှစ်များ မူလကထက် တစ်နှစ်စီ ထပ်တိုးထားပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့၌ လက်ခံနိုင်မည့် ကျောင်းသား အရေအတွက် ကိုလည်း ယခင်နှစ်ကထက် လျှော့ချထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရပါသည်။
အလားတူ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များဖြစ်သည့် နည်းပညာတက္ကသိုလ်များ၊ အစိုးရ နည်းပညာ ကောလိပ်များနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံများ၊ နည်းပညာ တက္ကသိုလ်များ၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်များ စသည့် တက္ကသိုလ်များတွင် ယခင်နှစ်ကထက် ကျောင်းသား ဦးရေ လျှော့ချခေါ်ယူထားခြင်းနှင့် ၀င်ခွင့် လျှောက်ထားနိုင် သည့် အခြေခံကြမ်းခြင်း ရမှတ်များကို ယခင်နှစ်ကထက် တိုးမြှင့်ထားသည့်အပြင် ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ ဆေးတက္ကသိုလ်များတွင်လည်း ၀င်ခွင့်လက်ခံမည့် ဦးရေကို ထက်ဝက်ခန့် လျှော့ချထား သည်ကိုလည်း တွေ့ရှိရပါသည်။
"ဒီနှစ်ကစပြီး တက္ကသိုလ်တွေရဲ့ ပညာသင်နှစ်ကို မူလကထက် တစ်နှစ်စီ ထပ်တိုးခဲ့တဲ့အပြင် လက်ခံနိုင်တဲ့ ကျောင်းသားဦးရေကို လျှော့ချခဲ့ပြီး ၀င်ခွင့်အမှတ်တွေကိုလည်း တိုးခဲ့တာ ကိုလည်း တွေ့ရပါတယ်။ ၀င်ခွင့် အမှတ်တွေကို တိုးပြီး ကျောင်းသားဦးရေကို လျှော့ခေါ်လိုက်တာက ထိရောက်တဲ့ သင်ကြားမှုနဲ့ ကျောင်းသားတွေရဲ့ အရည်အသွေးပိုင်းဆိုင်ရာကို မြှင့်တင်တဲ့ သဘောပါ။ အရည်အသွေးပိုင်းဆိုင်ရာကို မြှင့်တင် သွားမှာဖြစ်တဲ့ အတွက် လျှောက်ထားတဲ့ရမှတ်နဲ့ လျှောက်တဲ့ အရေအတွက်ပေါ် မူတည်ပြီး အမှတ် အများဆုံးကနေစပြီး သတ်မှတ်ဦးရေအထိ စီစစ်ရွေးချယ်သွားမှာ ဖြစ်ပါတယ်"ဟု တက္ကသိုလ် ၀င်ခွင့် စီစစ်ရွေး ချယ်ရေးအဖွဲ့ (အဆင့်မြင့်ပညာဦးစီး ဌာန - အောက်မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
"၀င်ခွင့်အမှတ် သတ်မှတ်ချက် မပေးထားတဲ့ တက္ကသိုလ်တွေဆိုရင်လည်း ဘယ်တက္ကသိုလ်မဆို မိမိဝါသနာနဲ့ ကိုက်ညီမယ်ဆိုရင် လျှောက်ပါ။ အမှတ်အမြင့်ဆုံးကနေ စပြီး သတ်မှတ်ဦး ရေပြည့်သည်အထိ စီပြီး သွင်းသွားမှာ ဆိုတော့အခွင့်အရေးက လျှောက်တဲ့ ကျောင်းသားဘက်မှာ လည်းရှိနေပါတယ်" ဟု ၎င်းက ဆက်လက်ပြောပြခဲ့ ပါသည်။
တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် ကျောင်းသားအချို့မှာ မိမိအမှန် တကယ်ဝါသနာပါသည့် ဘာသာရပ် သင်ယူနိုင်ရန် ရွေးချယ် လျှောက်ထားခြင်းမျိုးထက် မိမိရမှတ်နှင့် ချိန်ဆကာ အမှတ်အများဆုံးကို စီ၍ အစဉ် လိုက်လျှောက်ထားကြသည့် အတွက် ၀ါသနာနှင့် အသက်မွေးဝမ်းကျောင်း ကိုက်ညီမှုမရှိသည့် ဖြစ်ရပ်များကြောင့် အချို့မှာ ကျောင်းပြီးဆုံးသည်အထိ ပညာ ဆက်လက်သင်ကြားနိုင်မှု မရှိသည့်ဖြစ်ရပ်များကိုလည်း သာဓက တစ်ခုအဖြစ် တက္ကသိုလ် ရွေးချယ် လျှောက်ထားမည့်သူများ သတိပြုရမည်ဖြစ်ကြောင်း ပညာရေးမှ အငြိမ်းစား ပါမောက္ခချုပ်တစ်ဦးက လမ်းညွှန် ပြောကြားခဲ့ပါသည်။
၂၀၁၂ခုနှစ် တက္ကသိုလ် ၀င်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မိမိတို့ရရှိခဲ့သည့် ရမှတ်များအလိုက် တက္ကသိုလ် ၀င်ခွင့် လျှောက်ထားနိုင်ရေးအတွက် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ် ၀င်ခွင့် လမ်းညွှန်စာအုပ်နှင့် လျှောက်ထားရမည့်ပုံစံများကို မိမိတို့ ဖြေဆိုခဲ့ကြသော စာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ) မှ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့မှ စတင်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကိုလည်း ဇူလိုင်လ(၂၆)ရက်မှ သြဂုတ်လ(၁၅) ရက်နေ့ အထိစနေ၊ တနင်္ဂနွေနေ့များ အပါအ၀င် ပိတ်ရက်မရှိအဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) တွင် လာရောက် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသားကျောင်းသူပေါင်း (၁၆၀၇၇၈) ဦးဖြေဆိုအောင်မြင်ခဲ့ပြီး ၂၀၁၁ခုနှစ်၌ ဖြေဆိုအောင်မြင်သူ (၁၆၅၀၀၀)ဦးရှိသော်လည်း တက္ကသိုလ် ၀င်ခွင့် လျှောက်ထားသူ (၁၆၀၀၀၀) ဦး ရှိခဲ့ကြောင်း သိရှိရပါသည်။
ဝင်ခွင့်အမှတ်များ တိုးမြှင့်ထားပြီး လက်ခံဦးရေ လျှော့ချထားသည့် တက္ကသိုလ်ကျောင်းများ စာရင်း
| တက္ကသိုလ် | ၀င်ခွင့်လျှောက်ထားနိုင်သည့် ရမှတ်စာရင်း | လက်ခံဦးရေ | ||
| ၂၀၁၁ခုနှစ် | ၂၀၁၂ခုနှစ် | ၂၀၁၁ခုနှစ် | ၂၀၁၂ခုနှစ် | |
| ဆေးတက္ကသိုလ် | - | - | ၂၄၀၀ ဦး | ၁၂၀၀ ဦး |
| နည်းပညာတက္ကသိုလ်များ/ အစိုးရနည်းပညာကောလိပ်များ နှင့်စက်မှုလက်မှုသိပ္ပံများ | ၃၂၀နှင့်အထက် | ၃၆၀နှင့်အထက် | ၂၉၂၅၀ ဦး | ၁၆၀၀၀ဦး |
| မြန်မာနိုင်ငံရေကြောင်းပညာ | ၄၀၀နှင့်အထက် | ၄၅၀နှင့်အထက် | - | - |
| မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ | ၃၇၀နှင့်အထက် | ၄၂၀ နှင့်အထက် | - | - |
| နည်းပညာ(ရတနာပုံဆိုက်ဘာစီးတီး) | ၃၅၀နှင့်အထက် | ၄၂၀အထက် | ၁၀၀၀ ဦး | ၅၀၀ဦး |
| စီးပွားရေး | ||||
| (ဘောဂဗေဒဘာသာရပ်အပါ) | ၃၀၀နှင့်အထက် | ၃၅၀နှင့်အထက် | - | - |
| (ဘောဂဗေဒဘာသာရပ်မပါ) | ၃၂၀နှင့်အထက် | ၃၅၀နှင့်အထက် | - | - |
Tuesday, July 3, 2012
ကိုယ့်ဆီမှာ ကျန်သေးတယ် ဂျူလိုင်
ညာခြေထောက် တစ်ဆစ်ဆစ် ကိုက်နေတယ်
ဘယ်သူမှ မကြားနိုင်အောင်ကို
အကျယ်ကြီး ရွတ်ဆိုနေမိတယ်၊
မျက်စိရှေ့  ဘာတွေ ထွက်သွားတာလဲ
မီးခိုးတစ်လမ်း မိုးတိမ်တစ်လမ်း။
မိုးရွာရင် ရေပါလာမှန်း သိရုံကလွဲပြီး
ကိုယ်နဲ့ ဝေေ၀းသွားတဲ့ မိုးစက်တစ်ချို့ ၊
ကြည့်လိုက်တိုင်း အကြည့်တွေပဲ ရှိတယ်။
အရေးပြားတစ်ချို့ ခွာချဖို့ 
အရေပြားတစ်ချို့ မွေးရဦးမယ်။
သူ့ ကိုယ်သူအိပ်မက်ပါလို့  ပြောတဲ့ နေ့ ခင်းကြောင်တောင်ရေ
လူလုပ်တဲ့ ကံပါ
ဂျင်းဘောင်ဘီတစ်ထည်ကို လုပ်ကြံချင်သူ လူကြီးမင်းများအတွက်
ကိုယ်နဲ့ ကြံရာပါ သီချင်းတစ်ချို့ တော့ရှိမယ်။
ကိုယ့်ရောင်းရင်း ပင်လယ်စာ၊
ဖြူဖတ်ဖြူရော်ကြီး
သွေးအေးလေးလံနေတာကြီး
ပူယောင်ဖေါင်းပွကြီး
ပွတတ အရောင်ကတုံးကြီး
အပိုင်းပိုင်း အပြတ်ပြတ်မြစ်ကြီး။
ဒုက္ခနဲ့ ပျားရည်ကို ချစ်ပါတယ်။
ဟိုး ပြေရာပြေကြောင်း တစ်ခုထဲ
ကိုယ့်ကိုယ်ကို အနောက်တောင်ရပ်ဝန်းလို့  သတ်မှတ်ပြီးသား။
သွေးကြောတွေထဲ နောက်ထပ်သွေးကြောတွေ
စိမ့်ထွက်လာသလို
တစ်ယောက်တည်းလျှောက်တဲ့ လရောင်အောက်မှာတောင်
ကိုယ့်ဘက်က အသေအပျောက်များတယ်။
ညီဇံလှ
၀၂ ၀၇ ၁၂
Monday, July 2, 2012
Wednesday, June 20, 2012
Whether or . . . . . . . .not.
မိုးအုံ့  သည်ဖြစ်စေ
နေသာသည် ဖြစ်စေ
ငါ တိမ်တွေကို ကြည့်  ပြီး အတိတ်ကာလတွေကို လွမ်းဘူးတယ်
ခုတော့  . . ..
ငါမလွမ်းတာ ကြာပြီလေ။
ငါ့  ခုံတန်းလေး ခြောက်ကပ်သောအခါ . ..
နင်လာသည်ဖြစ်စေ
မလာသည် ဖြစ်စေ
နင်လာရာ လမ်းလေးကို ကြည် ပြီး ငါ မျှော်ခဲ့  ဖူးတယ်။
ခုတော့  ငါမျှော်စရာမလိုတော့ ဘူးလေ။
နင် နဲ့ ငါ တဖန် ပြန်တွေ့  ကြ သောအခါ
ချစ်ခဲ့  ဘူးသည်ဖြစ်စေ
မချစ်ခဲ့ ဘူးသည်ဖြစ်စေ
ချစ်နေသေးသည်ဖြစ်စေ
မချစ်တော့ သည်ဖြစ်စေ
ငါ နင်ကိုကြည့်  ပြီး
တချိန်တခါက တစုံတယောက်ဆိုတာ
အသိအမှတ်ပြု ဖူးတယ်။
သြော် ကြာခဲ့ ပြီပဲ။
ကာလယန္တရားရွေ့  သွားသောအခါ
ငါ
လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ
လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ
ခုနှစ်သက္ကရာဇ်က ဖြို ခဲ့ တယ်လေ။
ဒါ .... ဓမ္မရဲ့ နိယာမပဲ လေ။။
Thursday, June 14, 2012
နိုင်ငံခြားမှာပညာသင်မည်ဆိုလျှင် ဤအချက်(၁၀)ချက်ကို သိစေချင်ပါသည် ...
LAS Group ပညာရေးအကြံပေးအဖွဲ့ကနှုတ်ခွန်းဆက်သပါရစေ။ကျနော်တို့၏ အတွေ့အကြုံများနှင့်
အင်တာနက်ပေါ်မှ အချက်အလက်များ အပေါ်အခြေပြု၍ ဒီဆောင်းပါးလေးကို မြန်မာကျောင်းသား
ကျောင်းသူများဗဟုသုတရရန်ကိုမျှော်ကိုး၍ဘာသာပြန်ရေးသားလိုက်ရပါသည်။ ကျွန်တော်တို့ရဲ
ဘာသာပြန်ချက်ထဲတွင် အမှားများပါလျှင် ခွှင့်လွှတ်ပေးပါရန် ဦးစွာပထမပြောကြားလိုပါသည် ခင်ဗျာ။
နိုင်ငံခြားမှာပညာသင်မည်ဆိုလျှင်အဤအချက်(၁၀)ကို သိစေချင်ပါသည် ။
နိုင်ငံခြားသို့ပညာသင်သွားလိုသော ကျောင်းသားများသည် နိုင်ငံတကာ တက္ကသိုလ်ကျောင်းများတွင် တက္ကသိုလ်ပညာရေးကိုမိမိတို့အလိုကျရွေးချယ်ခွင့်ရရန်စဉ်းစားနေကြပြီးဖြစ်သည်။ကျောင်းသားများအနေ ဖြင့်မည်သည့်နေရာသို့သွားရောက်ရန်လျှောက်ထားရမည်ကိုဆုံးဖြတ်ရာတွင်အကူအညီရစေရန်အချက်(၁၀)ချက်ကို အောက်ပါအတိုင်းဖော်ပြလိုက်ပါသည်။
(၁)ကွန်ရက်များ
တက္ကသိုလ်တွင်သင်နှင့်အတူနေခဲ့သောသူငယ်ချင်းများနှင့်ထားရှိခဲ့သောခင်မင်ရင်းနှီးမှုသည်သင့်ဘ၀တစ် လျောက်လုံးတွင်တည်တံ့နေပါလိမ့်မည်။သင့်အနေဖြင့်မည်သို့သောကွန်ရက်မျိုးကိုရှာဖွေနေပါသလဲ။နိုင်ငံတကာတက္ကသိုလ်များအနေဖြင့်နိုင်ငံပေါင်းစုံမှကျောင်းသားများကိုလက်ခံသင်ကြားပေးရာမိမိအနေဖြင့်ကမ္ဘာ့ နေရာအနှံ့အပြားမှသူငယ်ချင်းများနှင့်မိတ်ဖွဲ့ခွင့်ရသောသဘောပင်ဖြစ်သည်။ ကျွန်တော်၏ကျောင်းသား ဟောင်း တကောက်အကြောင်းကိုဥပမာပေးလိုပါသည်။သူ့ကိုအမှတ်မထင်ပြန်တွေ့ခွှင့်ရသာအခါ သူဘာတွေလုပ်နေသလဲဟုမေးမိသည်။ အလုပ်အားလပ်ရက်များတွင် တက္ကသိုလ်တုန်းက သူငယ်ချင်းများ ထံသို့အလည်အပတ်သွားရင်းဖြင့် အားလပ်ချိန်များကုန်လွန်သွားသည်ဟု သူကကျွန်တော့်ကို ဖြေကြားခဲ့ သည်။ဆိုလိုသည်မှာသူသည်ဂရိ၊ယူကေ၊ပြင်သစ်၊ဆွစ်ဇာလန်နှင့်မော်ရိုကိုနိုင်ငံများသို့သွားရောက်ခဲ့သည့်အပြင်သူ့ဇာတိအီတလီနိုင်ငံသို့လည်းသူငယ် ချင်းများကိုအလည်တစ်ခေါက်ခေါ်သွားခဲ့သောအဓိပ္ပာယ်လည်းသက်ရောက်ပါသည်။နိုင်ငံတကာတက္ကသိုလ်များသည်ကျနော်သူငယ်ချင်းကဲ့သို့ကမ္ဘာပတ်ကာမွေလိုသူမဟုတ်သည့်တိုင်သင့်ကိုတစ်ကမ္ဘာလုံးက သူငယ်ချင်းများ နှင့် မိတ်ဖွဲ့နိုင်သောကွန်ရက်ကိုရရှိစေပါလိမ့်မည်။
(၂) စာပေဌာန
နိုင်ငံတကာကျောင်းတစ်ကျောင်းကိုရွေးချယ်ရန်စဉ်းလျှင်ကျောင်းသားရောဆရာပါလူမျိုးစုံလင်သည့်ကျောင်းနှင့်ဌာနကိုစဉ်းစားသင့်ပါသည်။ပြည်တွင်းရှိတက္ကသိုလ်အများစုတွင်ဒေသအစဉ်အလာအရသင်ယူပြီးမြောက်ခဲ့သောပါမောက္ခအများစုဖြင့်သင်ကြားပေးသော်လည်း နိုင်ငံတကာတက္ကသိုလ်ကျောင်းများတွင်မူ ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှ ဆရာများစုံလင်ကြရသည်။ ကျွန်တော်၏တက္ကသိုလ်တွင်ဥပမာအားဖြင့်ကျောင်းသား များကို ပထမနှစ်ကတည်းကစပိန်၊ကနေဒါ၊ဖင်လန်၊အမေရီကန်၊ပါကစ္စတန်၊ဂျာမနီ၊အာဂျင်တီးနားနှင့်ပြင်သစ်အပါအ၀င်နိုင်ငံစုံမှပါမောက္ခများကသင်ကြားပို့ချပေးကြသည်။ ထို့ကြောင့်ကျယ်ဝန်းသောပညာရေးနောက်ခံများမှ အကျိုးကျေးဇူးများကို အတန်းထဲတွင်မျှော်လင့်နိုင်ရုံမျှမက အသံနေအသံထား အမျိုးမျိုးကိုလည်း ထိတွေ့ ကြားသိခွင့်ရပါလိမ့်မည်။
(၃)စာသင်ခန်းပတ်ဝန်းကျင်
နိုင်ငံတကာတက္ကသိုလ် များသည် ပို၍သေးငယ်လာပြီးအင်ဂလို-အမေရီကန် စာသင်ခန်းပုံစံအတိုင်းရှိနေ ကြသည်။စာသင်ခန်းများသေးငယ်သဖြင့်အပြန်အလှန်သင်ယူမှုပတ်ဝန်းကျင်ကိုပို၍ရရှိစေသည်။ပြည်တွင်းတက္ကသိုလ်၊ကောလိပ်များတွင်(အမြဲတမ်းတော့မဟုတ်ပါ)ကျောင်းသားများသည် ၂ နှစ်စာသင်ကာလ ပထမပိုင်းတွင်၎င်းတို့၏ပါမောက္ခအများစုနှင့်အပြန်အလှန်ပြောဆိုဆွေးနွေးရန်ကန့်သက်ခံရပြီးစာသင်ခန်း ကျယ်ကြီးများထဲတွင်သာအချိန်ကုန်ဆုံးသွားကြရသည်။နိုင်ငံတကာကျောင်းများမှာမူလစ်ဘရယ်ဝိဇ္ဇာဘာ သာရပ်ကောလိပ်များကဲ့သို့ပင်စာသင်ခန်းထဲရှိကျောင်းသားပမာဏကိုကန့်သတ်ထားကာပါမောက္ခများကိုစာသင်ခန်းပြင်ပရှိတက္ကသိုလ်နယ်မြေထဲတွင်ပင်ဆွေးနွေးမေးမြန်းနိုင်ရန်အားပေးလှုံ့ဆော်ထားသည်။
(၄)တက္ကသိုလ်နယ်မြေဘဝ
များသောအားဖြင့်နိုင်ငံတကာတက္ကသိုလ်များတွင်အရွယ်အစားသေးငယ်ပြီးအဆောင်ထားရှိသောပုရ၀ုဏ် နယ်မြေများထားရှိကြသည်။ကျောင်းသားဘ၀သည်တက္ကသိုလ်ကြီးများကဲ့သို့အိမ်မှတက္ကသိုလ်နယ်မြေသို့ သွားရောက်ကာသင်ယူရန်သို့မဟုတ်ပို့ချချက်ကိုနာယူရန်လောက်သာမဟုတ်တော့ဘဲတစ်ဦးနှင့်တစ်ဦးမသိသူမရှိဖြစ်လာစေပါသည်။ထို့ကြောင့်သင့်အနေဖြင့်ပိုမိုတက်ကြွသောကျောင်းသားဘ၀ကိုရယူလိုပါကတက္ကသိုလ် နယ်မြေ ပမာဏပို၍သေးငယ်လေ၊ပိုကောင်းလေပင်ဖြစ်သည်။သို့သော်ပြောင်းပြန်ဖက်မှ ကြည့်လျှင် တက္ကသိုလ်ကောလိပ်များပိုမိုသေးငယ်လေလေ အရင်းအမြစ်ပိုနည်းလေလေ ဟုလည်းဆိုနိုင်ပြန်သည်။အား ကစားအထောက်အကူပစ္စည်းများ၊သုတေသနစာကြည့်တိုက်ကြီးများနည်းသွားမည်။ထို့ကြောင့်မိမိရယူလို သော တက္ကသိုလ်နယ်မြေအတွေ့အကြုံပေါ်တွင်မူတည်၍အရေးကြီးသည်ကိုစဉ်းစားသင့်ပါသည်။
(၅)နိုင်ငံတကာနှင့်နိုင်ငံခြားကျောင်းသား
နိုင်ငံခြားကျောင်းသားဖြစ်ခြင်းနှင့် နိုင်ငံတကာကျောင်းသားဖြစ်ခြင်းတို့အကြားအရေးပါသောကွာခြားချက်ရှိ သည်။ဥပမာပြည်တွင်းရှိပို၍ကြီးသောတက္ကသိုလ်များတွင်ပညာဆည်းပူးရန်နိုင်ငံခြားမှလာသောကျောင်း သား များသည်အခြားနိုင်ငံခြားကျောင်းသားများနှင့်မိတ်ဖွဲ့္ဇရုံမျှဖြင့်သာအချိန်ကုန်ဆုံးသွားမည်ဖြစ်သည်။ နိုင်ငံတကာတက္ကသိုလ်များတွင်မူလူတိုင်းသည်ဒေသခံကျောင်းသားများပါမကျန်နိုင်ငံခြားသားများဖြစ်နေ သည်။တက္ကသိုလ်နယ်မြေပေါ်တွင်လွှမ်းမိုးထားသောနိုင်ငံသားဟူ၍မရှိသောကြောင့်ဖြစ်သည်။ယဉ်ကျေးမှု ပြယုဂ်တစ်စုံတစ်ရာကကျောင်းသားများထဲသို့စိမ့်ဝင်နေလျှင်နိုင်ငံတကာကျောင်းဟူသောအမည်မှာအဓိ ပ္ပာယ်ကင်းမဲ့သွားပေလိမ့်မည်။လူတိုင်းသည်နိုင်ငံတကာဖြစ်နေပြီးသူစိမ်းဆန်ဆန်သီးခြားဖြစ်မနေပါ။
(၆)ဘာသာစကား
နိုင်ငံတကာတက္ကသိုလ်များတွင်အမြဲသုံးနှုန်းသောဘာသာစကားမှ ကျွန်တော်သိသလောက်ပြောရလျှင် အင်္ဂလိပ်ဘာသာစကားပင်ဖြစ်သည်။သင်၏ပညာရပ်များကိုယင်းဘာသာစကားဖြင့်လေ့လာဆည်းပူးရန်စိတ်ဝင်စားလျှင်နိုင်ငံတကာတက္ကသိုလ်သည်အလွန်သင့်တော်သောတကက္ကသိုလ်ပင်ဖြစ်နိုင်ပါလိမ့်မည်။ နိုင်ငံတ ကာသို့ကျယ်ကျယ်ဝန်းပေါက်ရောက် ရန်အတွက် အင်္ဂလိပ်စာတတ်ကျွမ်းမှု အဆင့်သည်ကျောင်းသား ထုထဲတွင်အမျိုးမျိုး ကွဲပြားနိုင်သော်လည်း TOEFLကဲ့သို့သောရမှတ်များ နှင့် အခြားသောစာမေးပွဲ ရလဒ်များအရ နိုင်ငံ တကာတက္ကသိုလ်များတွင် ကျောင်းသားအားလုံးကို အင်္ဂလိပ်စာတတ်ကျွမ်းမှုပိုင်းတွင် သင့်တော်သောအဆင့်တစ်ခုသို့ရောက်ရှိုအောင်စီစဉ်ပေးထားသည်။ သို့သော်လေးနှစ်ကြာသော အင်္ဂလိပ်ဘာသာစကားပြော ပတ်ဝန်းကျင်တွင် အပြောကောအရေးပါ ကောင်းစွာတတ်မြောက်လာကြသည် ကို ကျွန်တော်သတိထားမိခဲ့ပါသည်။ ကျွန်တော်တို့တက္ကသိုလ်သို့ဝင်ရောက်လာသောကျောင်းသားများအနေ ဖြင့်အင်္ဂလိပ်ဘာသာစကားစွမ်းရည် အကောင်းဆုံးမဖြစ်သည့်တိုင်ဘွဲ့ရသောအခါမိင်ဘာသာစကားပြောသူနီး ပါးကျွမ်းကျင်လာတတ်ကြပါသည်။ နိုင်ငံတကာတက္ကသိုလ်များသည်အဓိပ္ပာယ်ဖွင့်ဆိုမှုအရယဉ်ကျေးမှုစုံလင်သည့်အလျောက်ဘာသာစကားအသိုင်းအ၀ိုင်းသည်လည်းစုံလင်လှသဖြင့်အကျိုးကျေးဇူးတစ်မျိုးလည်းရပြန်သည်။ဥပမာ ကျွန်တော့်အတန်းထဲ တွင်ကျွန်တော့်ကျောင်းသားများပြောသောဘာသာစကားသောင်းပြောင်းထွေလာကိုကျွန်တော်သဘောပေါက်ခွင့်ရလာသည်။သင်၏ပြဠာန်းချက်ကိုအင်္ဂလိပ်သင်နေစဉ်သင်၏လောက၀န်းကျင်မှာဘာသာစကားပေါင်း စုံရောနှောနေပါလိမ့်မည်။
(၇)အလုပ်အကိုင် အစီအစဉ်များ
နိုင်ငံတကာတက္ကသိုလ်ကျောင်းတစ်ကျောင်းသည် ထူးခြားသောအလုပ်အကိုင်ကြိုတင်ပြင်ဆင်မှု အချို.တစ် ၀က်ကိုဖန်တီးပေးတတ်သဖြင့်ဤသည်မှာလည်းအရေးကြီးပါသည်။သင်သည်ဆရာဝန် သို့မဟုတ် ကျောင်း ဆရာဖြစ်လိုပါကဥပမာ သင့်အနေဖြင့် ပြည်တွင်းတက္ကသိုလ်တစ်ခုခုတွင်သင်ယူဆည်းပူးလျှင်ပိုကောင်းပါ လိမ့်မည်။သို့ရာတွင်သင်သည်နိုင်ငံတကာအလုပ်အကိုင်ရှာဖွေလိုလျှင် နိုင်ငံတကာတက္ကသိုလ်တစ်ကျောင်း ကျောင်းကိုရွေးချယ်ခြင်းသည်သာကောင်းပါလိမ့်မည်။သူတို့ဘွဲ့ရသောအခါတစ်ကမ္ဘာလုံးရှိအလုပ်အကိုင်များ ကိုဖြန့်ကြက်စဉ်းစားချင့်ချိန်နိုင်လာမည်ဖြစ်သည်။ကျောင်းသားအချို.မှာမူမိမိတို့၏ဌာနေနိုင်ငံသို့ပြန်ရန်ရွေး ချယ်မည်ဖြစ်သော်လည်းအချို့မှာနယူးယောက်၊လန်ဒန်သို့မဟုတ်စင်ကာပူစသောနေရာများသို့ဦးတည် သွား ရောက်ကြလိမ့်မည်။ထိုနေရာများတွင်သူတို့၏ပညာရေး၊သူတို့၏တက္ကသိုလ်ကွန်ရက်များကအလုပ်အကိုင်အခွင့်အလန်းအတွက် တံခါးဖွင့်ထားပြီးသောကြောင့်ဖြစ်သည်။
(၈)ယဉ်းကျေးမှုတတ်မြောက်ခြင်း
သင်မည်သည့်နေရာတွင်သင်ယူလေ့လာသည်ဖြစ်စေ တက္ကသိုလ်ပုရ၀ုဏ်ပြင်ပရှိလောကကိုရှာဖွေသင်ယူ ခြင်းဖြင့်သာအဆုံးသတ်ရပေမည်။ ထိုယဉ်ကျေးမှုနယ်ပယ်ထဲတွင်သင်ယူတတ်မြောက်မှုကိုရရှိရန်အခွင့်အ လန်းရှိနေခြင်းကြောင့်ဖြစ်သည်။ထို့ကြောင့်သင်သည်နိုင်ငံခြားတွင်ပညာဆည်းပူးရန်စဉ်းစားနေပါကတက္ကသိုလ်တည်ရှိသည့်နေရာတွင်သင့်နိုင်ငံနှင့်ဆက်နွယ်ပတ်သတ်မှုရှိမရှိသေချာအောင်ကြည့်ရမည်။ကျွန်တော်တို့ကျောင်းသားများစွာသည်စပိန်နိုင်ငံကိုစိတ်ဝင်စားသည်ဟူသောအချက်တစ်ချက်ဖြင့်ကျွန်တော်တို့ထံသို့ရောက်ရှိလာကြသည်။စပိန်ဘာသာစကားကိုရောယဉ်ကျေးမှုကိုပါသင်ယူလိုသဖြင့်လာကြခြင်းပင်ဖြစ်သည်။တစ်ခါတစ်ရံတွင်မူဤမျှလောက်တော့လေးနက်ခြင်းမရှိပါ။ ကျောင်းသူတစ်ယောက်ကိုကျွန်တော်ကြုံဖူး သည်။သူမကအင်္ဂလိပ်ဘာသာစကားဖြင့်စီးပွားရေးဘွဲ့တစ်ဘွဲ့ရလိုသည်။ဆောင်းရာသီကို မနှစ်သက်သဖြင့် သူမအနေဖြင့်နေသာပြီး၊ပူနွေးမှုအများဆုံးဖြစ်သောနေရာတစ်နေရာကိုရွေးချယ်နေခြင်းဖြစ်သည်ဟုဆို သည်။ယင်းအချက်နှင့်ကိုညီသောနေရာကိုစဉ်းစားရာမှစပိန်ကသူမအတွက်ကောင်းသောနေရာဖြစ်သွားခဲ့ လေသည်။သင့်စိတ်နှိုး ဆော်မှုမည်သို့ပင်ရှိနေစေကာမူ ၄ နှစ်လုံးလုံး သင်နေထိုင်ရမည့်နိုင်ငံသည် သင့်အ တွက် နေပျော်သောနေရာဖြစ်သင့်ပါသည်။
(၉)လက်ရှိကျောင်းသားများကိုစကားပြောကြည့်ပါ
ဖြစ်နိုင်လျှင်သင်တက်ရောက်ရန်စဉ်းစားထားသည့် တက္ကသိုလ်များသို့စာသင်ချိန်တစ်ချိန်၊နှစ်ချိန်ခန့် သွားတက် ကြည့်ပြီး တက္ကသိုလ်ဘ၀ကိုလက်တွေ့ခံစားကြည့်လိုက်ပါ။ သင်၏တက္ကသိုလ်ပညာရေးကို ရယူသောနေရာသည်သင့်ဘ၀၏အရေးအကြီးဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်ပါလိမ့်မည်။ထို့ကြောင့်သင်ရွေးချယ်မည့်နေရာသည်သင့်အ တွက်သင့်တော်ခြင်းရှိမရှိုသေချာစွာသိရှိစေရန်အချိန်ယူပြီး အားထုတ်ကြည့်သင့်သည်။သင်၏နေအိမ်နှင့်ဝေးကွာလှသောတက္ကသိုလ်များကိုစဉ်းစားကြည့်လျှင်အမြဲတမ်း အလွယ်တကူဖြစ်နိုင်မည်တော့မဟုတ်ပါ။သို့ရာတွင်ကျောင်းတက်နေသောကျောင်းသားများနှင့်စကား တော့ပြောကြည့်ပါ။ထိုတက္ကသိုလ်အကြောင်း၊ယဉ်ကျေးမှုဓလေ့စရိုက်အကြောင်း၊ပါမောက္ခများအကြောင်း၊ပြ ဠာန်းချက်အကြောင်းနှင့်ကဖေးဆိုင်မှအစားအစာများအကြောင်းတို့ကိုထိုကျောင်းသားများထက်ပို၍မည်သူကမျှပြောပြနိုင်ကြမည်မဟုတ်ပါ။တကက္ကသိုလ်တိုင်းတွင်ထိုတက္ကသိုလ်နှင့်ပတ်သက်သည့်အားသာချက်၊ အားနည်းချက်များအကြောင်းရိုးသားပွင့်လင်းစွာပြောဆိုခွင့်ရစေသောတစ်စုံတစ်ယောက်ကိုသေချာစွာမေးမြန်းသင့်ပါသည်။သင်ကိုယ်တိုင်အနေဖြင့်လည်းယင်းအခွင့်အလန်းကိုရအောင်ယူသင့်သည်။ ကျွန်တော်၏တက္ကသိုလ်တွင်ကျောင်းသားလူမှုဝန်ထမ်းများကိုကျောင်းတက်မည့်လူသစ်များနှင့်တွဲပေးသောအစီအစဉ်တစ်ခုထားရှိပေးပါသည်။ထိုကျောင်းသားလူမှုဝန်ထမ်းများသည်မိမိတို့သဘောအလျောက်စိတ်အားထက်သန်မှုရှိသူများဖြစ်ကြပြီးတက္ကသိုလ်ကောင်းကြောင်းသာပြောပေးသူများမဟုတ်ဘဲတက္ကသိုလ်ပုရ၀ုဏ်အတွင်းအပြင်တွင်ရှိသည့်ပညာရေး၊လူမှုရေးဘ၀ နှင့်ပတ်သက်၍ရိုးသား ပွင့်လင်းသောအဖြများဖြေကြား ပေးပါလိမ့်မည်။
(၁၀)သင်၏အနာဂတ်ကို ဒေသတွင်းအတွက် သို့မဟုတ် တစ်ကမ္ဘာလုံးအတွက်လိုလားပါသလား ။
ဤမေးခွန်းသည် အနှစ်သာရမရှိသောဆောင်ပုဒ် တစ်ခုသဖွယ်ဖြစ်နေပါမည်။ သို့ရာတွင်အဤအချက်သည် လည်းထည့်သွင်းစဉ်းစားရမည့်ကိစ္စပင်ဖြစ်သည်။ "ကမ္ဘာဆန်သော" ဆိုသည့်စကားလုံးအတွက်ကျွန်တော် တို့သည်ထိုက်တန်သောဂုဏ်ဒြပ်ကိုရင်းနှီးမြုပ်နှံထားရသဖြင့် " သြော် - ငါတော့ကမ္ဘာဆန်တဲ့ နိုင်ငံသား ဖြစ်ချင်လိုက်တာ"ဟုစိတ်သဘောအရတွေးမိကောင်းတွေးမိပါလိမ့်မည်။သို့သော်အမှန်တကယ်အားဖြင့် ဟုတ်မှန်ပါသလားဟုလေးလေးနက်နက်တွေးကြည့်သင့်သည်။ဘားရက်အိုဘားမားသည်အိမ်ဖြူတော်ထဲ တွင်ရှိသည်မှာသေချာပေသည်။သူ၏နိုင်ငံသားအမှတ်သင်္ကေတမှာအမေရီကန် နိုင်ငံသား ဖြစ်နေသော ကြောင့်ပင်ဖြစ်သည်။(ကျွန်တော်လည်းဟားဗတ်တက္ကသိုလ်ရောက်မှာသေချာပေလို့လား)နိုင်ငံ တကာ တက္ကသိုလ်များတွင်ဒီဂရီဘွဲ့များရလိုသောကျောင်းသားများမှာနိုင်ငံတကာနောက်ခံများဖြင့်လာရောက်ကြသူများဖြစ်ပြီးကွဲပြားသောဒေသအသီးသီးတွင်နေထိုင်ခဲ့ခြင်း၊ဘာသာစကားအမျိုးမျိုးပြောဆိုခြင်း၊နိုင်ငံကူးလက်မှတ်မျိုးစုံရှိခြင်းစသည်ဖြင့်စုံလင်လှသည်။ထို့ကြောင့်ပြည်တွင်းကန့်သတ်ချက်ကိုမကျော်လွန်ဘဲမိမိတို့အနာ ဂတ်ကိုသက်တောင့်သက်သာစီစဉ်ကြသကဲ့သို့အခြားကျောင်းသားများမှာမူမိမိတို့ပြည်တွင်းအ၀န်းအ၀ိုင်းကိုကျော်လွန်၍အကျိုးခံစားခွင့်ရယူလိုကြသောသဘောပင်ဖြစ်သည်။ထိုကျောင်းသားများသည်ပိုမိုကျယ်ဝန်းသောယဉ်ကျေးမှုရပ်ဝန်းမှအတွေ့အကြုံများဖြင့်အိမ်ပြန်ရန်မျှော်မှန်းကြသည်။မည်သည့်ရပ်ဝန်းတွင်သက် တောင့်သက်သာဖြစ်မည်ဟု စဉ်းစားတတ်ရန်လူတိုင်းအတွက်တော့မဖြစ်နိုင်ပေ။
မြန်မာကျောင်းသား ကျောင်းသူများအားလုံး ပြည့်စုံကောင်းမွန်သော ပညာရေး နှင့် ပတ်ဝန်းကျင်ကောင်းများတွင် ပညာသင်ယူရရှိနိုင်ကြပါစေ။
လိုအပ်သော အကြံဥာဏ်များကို မေးမြန်းလိုပါရင် အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်ခင်ဗျာ။
LAS Group – International Education Consultants, Mandalay Head Office
No. 6, 33th Street, Bet: 67th & 68th Street, Chan Aye Thar Zan, Mandalay, Myanmar.
Mobile: (+95) 9910 53125, 9731 64372, 9431 46107
Skype: las.group
E-mail: joe@lasgroups.com or learned.advisory.services@gmail.com
Web: www.lasgroups.com
Monday, May 28, 2012
Mobile Broadband အကြောင်း သိကောင်းစရာ
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက အင်တာနက်ဆိုတာ ကျွန်တော်တို့ဘဝမှာ မရှိမဖြစ် အရေးပါလာတယ်။ တစ်နေ့တစ်နေ့ အီးမေးလ်မှ မစစ်ရရင် မနေနိုင်သူတွေ၊ သိချင်တာတွေကို အင်တာနက်ထဲမှာ Google ကို ဖွင့်ပြီးတော့ မရှာရရင် စိတ်မချချင်တဲ့ သူတွေ၊ အွန်လိုင်းမှာ ဗီဒီယိုနဲ့ ရုပ်သံကြား စကားမှ မပြောရရင် မနေနိုင်သူတွေ၊ YouTube နဲ့ Facebook ကိုမှ တစ်နေ့ တစ်နာရီလောက် မထိုင်ရရင် ဘဝင်မကျချင်သူတွေ ပေါလာတယ်။
အထက်မှာ ကျွန်တော်ဖော်ပြခဲ့တဲ့ ဆန္ဒတွေအားလုံးဟာ broadband လို့ခေါ်တဲ့ မြန်နှုန်းမြင့် ဆက်သွယ်ရေးစနစ်နဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေပါတယ်။ ၂၀၀၇ ခုနှစ်လောက်ကတည်းက ဆန်းစစ်ချက်တစ်ခုမှာ အမေရိကန်နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းသော အင်တာနက်သုံးတဲ့ လူကြီးတွေဟာ broadband စနစ်ကို အိမ်မှာ သုံးနေကြတယ်လို့ ဆိုတယ်။
အင်တာနက်ကို လူတွေ ဘာကြောင့်သုံးကြသလဲဆိုတော့ သတင်းအချက်အလက်တွေ ရယူချင်လို့၊ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ချင်လို့၊ ဖျော်ဖြေရေးအတွက် သုံးချင်လို့ဆိုတဲ့ အကြောင်းပြချက်တွေဟာ အများဆုံး ဖြစ်နေပါတယ်။
၂၀၀၈ ခုနှစ် အစီရင်ခံစာတစ်ခုမှာ (Pew Internet & American Life Project) အမေရိကန် ၅၈ ရာခိုင်နှုန်းလောက်ဟာ ဆဲလ်ဖုန်း သို့မဟုတ် ပီဒီအေလို့ခေါ်တဲ့ လက်ကိုင်ကွန်ပျူတာလေးတွေကို အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ကတော့ အီးမေးလ်တွေ ပို့ဖို့နဲ့ ဗီဒီယိုဖိုင်တွေကို ကူးယူဖို့ အသုံးပြုကြတာ များတယ်။ အဲဒီအချိန်မှာပဲ ၄၁ ရာခိုင်နှုန်းသော အမေရိကန်တွေဟာ Wi-Fi ရတဲ့ လက်ပ်တော့ကွန်ပျူတာတွေနဲ့ အခြား မိုဘိုင်းပစ္စည်းတွေကို သုံးပြီး သွားရင်းလာရင်း အင်တာနက်ကို သုံးနေကြပါတယ်။
လက်ရှိအနေအထားမှာ မိုဘိုင်းပစ္စည်းတွေကနေ အင်တာနက်သုံးနိုင်ဖို့
- Wi-Fi ရတဲ့ လက်ပ်တော့ကွန်ပျူတာ သို့မဟုတ် လက်ကိုင်ပစ္စည်းတစ်ခုခု ရှိရမယ်။ ဒါဆိုရင် အီးမေးလ်ပို့နိုင်၊ စစ်နိုင်မယ်။ အင်တာနက်ကို အခမဲ့ သုံးနိုင်မယ်။ နိုင်ငံခြားလေဆိပ်၊ ကဖေး၊ စာအုပ်ဆိုင်နဲ့ မြို့လယ်ကောင်တွေမှာ အင်တာနက်ကို Wi-Fi ရရင် အခမဲ့ သုံးနိုင်တယ်။
- WAP (Wireless Application Protocol) ရတဲ့ ဆဲလ်ဖုန်းတွေနဲ့ သုံးနိုင်တယ်။ WAP ဆိုတာ နိုင်ငံတကာစံဖြစ်ပြီးတော့ ကြိုးမဲ့ ဆက်သွယ်ရေး စနစ်အတွက် အများဆုံး အသုံးပြုတဲ့ စံလည်း ဖြစ်တယ်။
- Black Berry Phone နဲ့ iPhone သို့မဟုတ် အခြား Smart Phone တွေကို ဝယ်ပြီး WAP နဲ့ website တွေကို ဝင်နိုင်တယ်။ Speed နှေးတယ်။ ရိုးရိုးပဲရပြီး ဗီဒီယို၊ အသံ၊ ဂရပ်ဖစ်တွေ မရဘူး။ အီးမေးလ်နဲ့ အင်တာနက်ရိုးရိုးကို အမြန်ရတယ်။
ခုဆိုရင် အမေရိကန်နိုင်ငံတွင်းမှာရှိတဲ့ ဆဲလ်ဖုန်းဝန်ဆောင်မှု ကုမ္ပဏီတွေက DSL အရည်အသွေးနဲ့ speed ကို မိုဘိုင်းပစ္စည်းတွေနဲ့ signal တွေ ဖမ်းမိနိုင်ဖို့ တိုးမြှင့်ဆောင်ရွက်ပေးနေပါတယ်။ လက်ပ်တော့ကွန်ပြူတာတွေပါ ရမယ်လို့ဆိုတယ်။
Mobile Broadband Technology (မိုဘိုင်း ဘရော့ဘန်း နည်းပညာ)
မိုဘိုင်း ဘရော့ဒ်ဘန်းဆိုတာ ဆဲလ်ဖုန်းတွေမှာ အလုပ်လုပ်တဲ့ နည်းပညာနဲ့ အတူတူဖြစ်ပါတယ်။ သူတို့အားလုံး ရေဒီယိုလှိုင်းနဲ့ ဖရီကွင်စီတွေနဲ့ အလုပ်လုပ်ကြပါတယ်။ ဆဲလ်ဖုန်းတွေနဲ့ ဆဲလ်ဖုန်းရေဒီယို တာဝါတိုင်ကြီးတွေက ဒစ်ဂျစ်တယ် အချက်အလက်တွေကို packet လိုက် ရေဒီယိုလှိုင်းတွေက တစ်ဆင့် အပြန်အလှန် သယ်ယူပို့ဆောင်ပေးနေပါတယ်။ ဖုန်းခေါ်ရင်လည်း အဲဒီ အချက်အလက် packet တွေကို ဒေတာတွေနဲ့အတူ တစ်ပြိုင်တည်း သယ်ဆောင်သွားတတ်တယ်။ မိုဘိုင်း ဘရော့ဒ်ဘန်းကတော့ အဲဒီ packet တွေကို အသံဒေတာတွေနဲ့အတူ တစ်ပြိုင်တည်း သယ်ဆောင်သွားတတ်တယ်။ မိုဘိုင်းဘရော့ဒ်ဘန်းကတော့ အဲဒီ packet တွေကို အခြား ဒေတာအမျိုးအစားတွေ ဖြစ်တဲ့ အီးမေးလ်၊ web page တွေနဲ့၊ သီချင်းဖိုင်၊ ဗီဒီယိုဖိုင်တွေအဖြစ် သယ်ဆောင်ပေးပါတယ်။
ဆဲလ်ဖုန်း network တွေကို လုပ်ဆောင်နိုင်စေတဲ့ နည်းပညာနှစ်ခု ရှိပါတယ်။ အဲဒါတွေကတော့ GSM (Global System for Mobile Communications) နဲ့ CDMA (Code Division Multiple Access) တွေပဲ ဖြစ်ပါတယ်။
GSM က ဥရောပနဲ့ အာရှတွေမှာ ခေတ်စားပြီးတော့၊ CDMA ကတော့ အမေရိကန်တွေ အသုံးများတယ်။ အဲဒီ နည်းပညာနှစ်ခု ကွာခြားချက်ကတော့ ရေဒီယိုအသံလှိုင်းစဉ် ပို့လွှတ်တဲ့ space ချင်း ကွာခြားပါတယ်။ GSM နဲ့ CDMA မှာ algorithms ချင်း ကွာပါတယ်။ ဆဲလ်ဖုန်းတွေကို လူတွေအများကြီး ပြုံသုံးနေကြပေမယ့် တူညီတဲ့ ရေဒီယိုဖရီကွင်စီနဲ့ပဲ မျှဝေထားတဲ့အတွက်ကြောင့် တစ်ဦးနဲ့တစ်ဦး အနှောင့်အယှက် မဖြစ်စေနိုင်ပါဘူး။
မိုဘိုင်းဘရော့ဒ်ဘန်းကို 3G လို့လည်း ခေါ်ကြသေးတယ်။ တတိယမျိုးဆက် ဆဲလ်ဖုန်းနည်းပညာ (third-generation cell-phone technology) ကို အတိုကောက် 3G လို့ပဲ သုံးကြတယ်။ GSM ရော CDMA နှစ်ခုစလုံး သူတို့ပိုင် 3G နည်းပညာတွေ ရှိကြတယ်။ မိုဘိုင်းပစ္စည်းတွေက တစ်ဆင့် အင်တာနက် ရရှိနိုင်ဖို့ 3G နဲ့ လုပ်ဆောင်ပေးနိုင်တယ်။
CDMA ကို အခြေခံတဲ့ မိုဘိုင်းဘရော့ဒ်ဘန်း နည်းပညာကို EV-DO (Evolution-Data Optimized or Evolution-Data Only) လို့လည်း ခေါ်သေးတယ်။ EV-DO ရဲ့ ထူးခြားချက်က ဆယ်လူလာ network ရဲ့ အစိတ်အပိုင်း တစ်ခုတည်းနဲ့ ဒေတာတွေ အားလုံးကို သယ်ပို့နိုင်ခြင်း ဖြစ်ပါတယ်။ အသံနဲ့ ပြောရတဲ့ (voice call) တွေမှာ bandwidth တွေ အများကြီးလိုပါတယ်။ များမှ အသံအရည်အသွေး ကောင်းတတ်ပါတယ်။ အသံလှိုင်း (voive channel) တွေကနေ ဒေတာလှိုင်း (data channel) တွေကို ခွဲထုတ်ခြင်းဖြင့် ဒေတာတွေကို ကူးပြောင်းလွှဲပို့ရာမှာ ပိုပြီး မြန်ဆန်စေပါတယ်။ အထူးသဖြင့် အီးမေးလ်၊ အင်တာနက်နဲ့ မာလ်တီမီဒီယာတွေမှာ ပိုပြီး အမြန်နှုန်း ရလာတယ်။ အဆင်မပြေတာ တစ်ခုက ဆဲလ်ဖုန်းပြောနေရင် အင်တာနက်သုံးလို့ မရဘူး။ EV-DO ရဲ့ ပျမ်းမျှ speed က 3000-4000 Kbps (kilobytes per second) ရှိတယ်။ DSL နဲ့ အတူတူလောက်ပဲ ရှိတယ်။
ED-VO network ကို သုံးချင်ရင် ED-VO ကို ရအောင်လုပ်ထားတဲ့ ဟာ့ဒ်ဝဲနဲ့သုံးမှ အဆင်ပြေတယ်။ ဥပမာ BlackBerry ဖုန်းနဲ့ အခြား စမတ်ဖုန်းတွေကို ဆိုလိုပါတယ်။ လက်ပ်တော့နဲ့ သုံးမယ်ဆိုရင်လည်း အထူးပြုလုပ်ထားတဲ့ network ကတ်ကို ထည့်သုံးမှ ရတယ်။ အဲဒီ network ကတ်ကို USB port သို့မဟုတ် PC ကတ် slot တွေမှာ တပ်ဆင်ပြီး antenna တိုင်တွေ ထုတ်မှ မိုဘိုင်းဘရော့ဒ်ဘန်းရဲ့ signal တွေကို ဖမ်းနိုင်တယ်။ အမြန်ဆုံး download နဲ့ upload တွေကို ရယူချင်ရင် အဲဒီ ED-VO ဆယ်လူလာ signal ခွင် အတွင်း ရောက်နေဖို့တော့ လိုတယ်။ 1xRTT (Radio Transfer Technology) standard ကို သုံးထားတဲ့ လှိုင်းခွင်အတွင်းမိမှ အမြန်နှုန်းကို 60Kbps မှ 100Kbps အတွင်းကို ရနိုင်လိမ့်မယ်။
GSM သုံးနိုင်တဲ့ ED-VO ကို HSDPA (High-Speed Downlink Packet Access) လို့လည်း ခေါ်သေးတယ်။ ED-VO နဲ့ HSDPA မတူတဲ့အချက်က HSDPA network မှာ အသံရော ဒေတာကိုပါ တစ်ပြိုင်တည်း ကူးပြောင်းသယ်ဆောင်နိုင်တဲ့ အချက်ပဲ။ ဒါကြောင့် စကားလည်းပြော၊ အင်တာနက်လည်း တစ်ပြိုင်တည်း သုံးနိုင်တယ်။ အထူးသဖြင့် ဒေတာတွေကို upload လုပ်ရတာထက် download လုပ်ရတဲ့ အမြန်နှုန်းက ပိုကောင်းတတ်တယ်။ HSDPA ရဲ့ ပျမ်းမျှ download speed က 400Kbpd မှ 700Kbps လောက်အထိ ရတတ်တယ်။
ED-VO လိုပဲ HSDPA ကိုသုံးရင် အထူး စီမံပြုလုပ်ထားတဲ့ ဟာ့ဒ်ဝဲလိုတယ်။ လက်ပ်တော့နဲ့ တွဲသုံးရင်လည်း HSDPA ကို ထည့်ပြီးမှ သုံးနိုင်တယ်။ များသောအားဖြင့် မြို့တွင်းနဲ့ အဓိကကျတဲ့ အဝေးပြေး လမ်းမကြီးပေါ်မှာ အသုံးပြုနိုင်တယ်။
Ref:How Mobile Broadband Services Work,by Dave Roos
ဒေါက်တာဦးမြင့်၏ ရန်ကုန်တက္ကသိုလ် အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ အကြံပေးများ ရှင်းလင်းပွဲပြုလုပ်
ဒေါက်တာဦးမြင့်၏ ရန်ကုန် တက္ကသိုလ် အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အိတ်ဖွင့် ပေးစာနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတအကြံပေးများက ရှင်းလင်းပွဲ တစ်ရပ်ကို မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။
နိုင်ငံတော်သမ္မတ အကြံပေး အဖွဲ့ရုံးခန်းတွင် ပြုလုပ်သည့် ရှင်းလင်းပွဲ၌ ရန်ကုန်တက္ကသိုလ်၏ အ စဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် ထွန်းပြောင်လာစေရန် တည်ဆောက် ထူထောင်ရေးမှာ ဒေါက်တာဦးမြင့် နှင့်တကွ ကျောင်းသားကျောင်းသူ အဟောင်းအသစ်များ၊ ဆရာဆရာမ အဟောင်းအသစ်များ လိုလားတောင့်တကြသကဲ့သို့ နိုင်ငံတော်ကလည်း အထူးလိုလား ဆန္ဒရှိသည့်ကိစ္စဖြစ် ကြောင်း၊ စင်စစ်၌ ရန်ကုန်တက္ကသိုလ်သာမက တစ်နိုင်ငံလုံးရှိ တက္ကသိုလ် အားလုံးကို နိုင်ငံတကာအဆင့်နှင့် ရင်ပေါင်တန်းနိုင်သည့် တက္ကသိုလ်များ ဖြစ်လာစေလိုသည့် ဆန္ဒရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ရန်ကုန်တက္ကသိုလ် တစ်ခုတည်းကိုသာ အထူးတလည်ဦးစားပေး တည်ဆောက်ပြီး ကျန်တစ်ပြည်လုံးရှိ တက္ကသိုလ်များကို မျက်ကွယ်ပြုထား၍ မဖြစ်နိုင်ပါကြောင်း နိုင်ငံတော် သမ္မတရုံး၏ ရှင်းလင်းထုတ်ပြန်ချက် ကို နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ဖတ်ကြားခဲ့သည်။
ဒေါက်တာဦးမြင့်၏ အိတ်ဖွင့် ပေးစာမှာ ယင်း၏ ပုဂ္ဂလိက ဆန္ဒအလျောက် ရေးသားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး အနေဖြင့် ကြိုတင် သိရှိခြင်းလည်း မရှိ၊ နိုင်ငံတော် သမ္မတရုံး၏ သဘောထား တစ်စုံတစ်ရာ ထင်ဟပ်ခြင်းလည်း မရှိပါကြောင်း ဦးကိုကိုလှိုင်က ပြောကြားခဲ့သည်။
အဆိုပါ ရှင်းလင်းပွဲတွင် နိုင်ငံတော်နှင့် ပြည်သူသို့ အိတ်ဖွင့်ပေးစာ ပေးခဲ့သော ဒေါက်တာဦးမြင့် တက်ရောက်ခြင်း မရှိဘဲ အခြားနိုင်ငံတော် သမ္မတအကြံပေးများက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။
| စင်စစ်၌ ရန်ကုန်တက္ကသိုလ်သာမက တစ်နိုင်ငံလုံးရှိ တက္ကသိုလ် အားလုံးကို နိုင်ငံတကာအဆင့်နှင့် ရင်ပေါင်တန်းနိုင်သည့် တက္ကသိုလ်များ ဖြစ်လာစေလိုသည့် ဆန္ဒရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ရန်ကုန်တက္ကသိုလ် တစ်ခုတည်းကိုသာ အထူးတလည်ဦးစားပေး တည်ဆောက်ပြီး ကျန်တစ်ပြည်လုံးရှိ တက္ကသိုလ်များကို မျက်ကွယ်ပြုထား၍ မဖြစ်နိုင်ပါကြောင်း |
"ကျွန်တော်လည်း မနေ့ကမှ ပြည်ပခရီးက ပြန်ရောက်တာပါ။ ဒီနေ့ ညနေလည်း ပြန်ထွက်ရဦးမှာပါ။ ကျွန်တော် သိတာကတော့ နိုင်ငံ တော်သမ္မတကြီးရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က နေပြည်တော်ကို ရောက်နေပါတယ်။ ကျွန်တော်က ညွှန်ကြားချက်အရ ရှင်းလင်းပြောကြားခြင်းဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြောကြားခဲ့ ပါသည်။
ထို့နောက် တက်ရောက်လာသည့် သတင်းထောက်များ၏ မေးမြန်းချက်တို့အား ဦးကိုကိုလှိုင်က ပြန်လည်ဖြေကြားပေးခဲ့ရာတွင် ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့် ဦးမှာ မေလ ၃ ရက်နေ့တွင် ထွက်ရှိလာသော အမိန့်အရ တရားဝင်ရာထူး၌ ရှိနေဆဲဖြစ်ကြောင်း၊ မိုးစရွာ နေပြီဖြစ်သဖြင့် လျှပ်စစ်မီးကိစ္စ မကြာ မီပြေလည်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"သက်ဆိုင်ရာက အကောင်းဆုံးဖြစ်အောင်လုပ်နေကြတယ်။ အမြန်ဆုံးဖြစ်အောင် လုပ်နေကြတယ်။ မိုးရွာတာနဲ့ Voltage ထုတ်နိုင်တဲ့ Power တက်လာပြီ။ မိုးမရွာရင် ရေအားလျှပ်စစ်က Run လို့ မရဘူး။ ရေ နဲ့ Run ရတာ ဖြစ်တဲ့အတွက် ရေမရှိရင်ဘာမှ မဖြစ်ဘူး။ မိုးက အခုဆို တော်တော် စရွာနေပြီ။ မကြာမီ ပြေလည်သွားမှာပါ"ဟု ဦးကိုကိုလှိုင်က ပြောကြားခဲ့သည်။
"ဂျပန်မှာ Nuclear Facility တွေပျက်သွားတယ်။ အဲဒါနဲ့ကြောက်လန့်ပြီး Nuclear Plant တွေ အကုန် ပိတ်တယ်။ အခု စက်ရုံ ၄၀ မှာ နှစ်ခု ပဲ ကျန်တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူကခြိုးခြံချွေတာတယ်။ အဲဒီတော့ စေတနာနဲ့ပြောချင်တာက ကျွန်တော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီး မီးလေး ပိတ်ထားလိုက်ကြပါ။ အားလုံး အဆင်ပြေ သွားပါလိမ့်မယ်"ဟု နိုင်ငံတော်သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ဆက်လက်ပြောကြားခဲ့ပါသည်။
"ဆန္ဒပြတယ်ဆိုတဲ့ကိစ္စသည် ပြည်သူတွေရဲ့ဆန္ဒကို ဒီမိုကရေစီ နိုင်ငံတွေမှာ ဖော်ပြတာထုံးစံပဲ။ သို့သော် ဥပဒေနဲ့အညီဖြစ်ဖို့ လိုတယ်။ ဥပဒေက ခွင့်ပြုထားတဲ့ အတိုင်းအတာအတိုင်း ဆန္ဒပြလို့ရတယ်။ နိုင်ငံတကာမှာလည်း ဥပဒေအရ ခွင့်ပြုထားတာက မတ်တပ်ရပ်လမ်းလျှောက် ပြီး ဆန္ဒပြရင်ရတယ်။ ထိုင်လို့ရှိရင် ဆွဲတာပဲ။ နိုင်ငံတကာမှာ ပန်းခြံထဲမှာ ထိုင်ပြီး ဆန္ဒပြလို့ ပြန်ထွက်လာရင် ဆွဲတာပဲ။ ဥပဒေနဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ လိုပါတယ်"ဟု ပြော ကြားခဲ့သည်။
"တကယ်တမ်းပြောရရင် ဥပဒေက ထွက်ပြီးသား။ နည်းဥပဒေ မထွက်သေးဘူး။ တကယ်လို့ ဆန္ဒပြချင်တယ်ဆိုရင် သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားပြီး ခွင့်ပြုချက်တောင်းရမယ်"ဟု ဦးကိုကိုလှိုင် က ဆက်လက်ပြောကြားခဲ့သည်။
ပြန်လည်ဖြေကြားပေးခဲ့သည့် အနက် ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် အာဆီယံဆီးဂိမ်းပြိုင်ပွဲအတွက် တင်းနစ်ကွင်းများကို နိုင်ငံတကာ အဆင့်မီအောင်မြှင့်တင် တည်ဆောက်မည်ဆိုခြင်းမှာ ရန်ကုန်တက္ကသိုလ်ပိုင် တင်းနစ်ကွင်းများအား ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များလက်သို့ ၀ကွက်အပ်လိုက်ခြင်း မဟုတ်ကြောင်း ဦးကိုကိုလှိုင်က ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ ရန်ပုံငွေမှ လက်ရှိတင်း နစ်ကွင်းများကို ပြိုင်ပွဲဝင် စံချိန်မီရေး အဆင့်မြှင့်တင်ခြင်းသာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီး ဌာန (သို့မဟုတ်) တက္ကသိုလ်အနေ ဖြင့် ရန်ပုံငွေမသုံးစွဲရဘဲ ကွင်းသစ်အ ဆောက်အအုံများ ရရှိပိုင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ အားကစားပွဲပြီး လျှင် တက္ကသိုလ်ပိုင်ကွင်းများ အဖြစ်သာရှိပြီး တက္ကသိုလ်များမှ ဆရာ ဆရာမ ကျောင်းသားကျောင်းသူများ က ကစားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါရှင်းလင်းပွဲသို့ နိုင်ငံတော် သမ္မတအကြံပေး ဦးကိုကိုလှိုင် အပါအ၀င် နိုင်ငံတော်သမ္မတ အကြံပေးများဖြစ်သည့် ဒေါက်တာနေဇင်လတ်၊ ဦးစစ်အေးနှင့် ဒေါ်ခင်မျိုးမြင့် တို့ တက်ရောက်ခဲ့သည်။
Tuesday, April 17, 2012
တလောလောက်က ဘွဲ့ ရမိန်းကလေးတယောက်နဲ့ တွေ့ တယ်
ဘာတွေလေ့လာနေလဲလို့ မေးလိုက်တယ်။သူက MS တဲ့ ကျနော်နဲနဲ ကြောင်သွားတယ်
ဘာဘာသာရပ်လဲပေါ့ ပြီးတော့မှ အဲ့မိန်းကလေးပြောတာက Microsoft Office တဲ
့။ကျနော်ပြေးပြီးထိုင်ငိုချင်စိတ်ပေါက်သွားတယ်။Microsoft Office ဆိုတဲ
့ပညာရပ်လောက် ဘာသာရပ်လောက်ဆိုတာ မသင်ထားလဲတတ်နေ
ရမယ်။ကွန်ပျူတာနယ်ပယ်မှာ ဒီဆော့ဖ်ဝဲလ်တခုထဲရှိတာလဲမဟုတ်။အများအပြား Linux
တို့ ဘာတို့ သုံးရင်ဘယ်လိုနေမလဲမသိ။
နှိုင်းယှဉ်ချက်အရပြောရရင်လဲ အိမ်နီးချင်းနိုင်ငံတွေမှာ
ကလေးတော်တော်များများက ကွန်ပျူတာကိုကောင်းကောင်းကျွမ်းကျွမ်းကျင်ကျင်
သုံးတတ်နေပြီ။အဓိကဖြစ်သင့်တာက ကွန်ပျူတာဆိုတာ လူ
့လောကကိုအထောက်အကူပြုလောက်ပဲပေါ့..။ပြီးတော့ Microsoft Office မှာ
အလုပ်လျှောက်လွှာတင်ဖို့ ရိုက်ထားတယ် ကျနော့်ကွန်ပျူတာမှာက Microsoft
Office 2003 ပဲရှိလို့ သူ၂၀၀၇ ဗားရှင်းနဲ့ ဆေ့ဖ်ထားတာကို
ပြောင်းခိုင်းတာမတတ်ဘူး...။အဲ့မှာ ပွဲကပြတ်ကရောပဲ...။
တလွဲဆံပင်ကောင်းခြင်း
အဲ့နောက်ထပ်တွေ့ သေးတယ်ဗျ....အသိမိန်းကလေးတယောက်ပဲ
အင်ဂျင်နီယာCivilကိုနောက်ဆုံးနှစ်သူတို့ 
အိမ်ကဆင်းရဲတယ်လေ ပညာနဲ့ စီးပွားရှာချင်တယ်။ကျနော်နားလည်ပါတယ် ထားပါတော့
သူက Civil ဆိုရင် အနည်းဆုံးတော့ သူ့ အင်ဂျင်နီယာပညာနဲ့ သင်ထောက်ကူပစ္စည်း
ကွန်ပျူတာတလုံးလောက်ရှိသင့်တယ်။သူက ၂သိန်းတန်ုဖုန်းဝယ်ဖို့ စဉ်းစားတယ် ။
မိဘကလဲလမ်းကြောင်းကောင်းကောင်းမချပေးနိုင်ဘူး။အမှန်တကယ်ဆို
သူအင်ဂျင်နီယာပညာနဲ့ ပက်သက်တာ ကွန်ပျူတာဝယ်သင့်တယ်။ကွန်ပျူတာဆိုတာ
သုံးနေရင်းယဉ်ပါးသွားမှာပဲ။ဖုန်းကဘာလုပ်ဖို့ လဲ
လွဲမှားနေတာ..ထပ်ပြီးငိုချင်သွားတယ်။
Globalizationနဲ့ လွဲချော်မှု
သင်္ကြန်မှာ မြင်တဲ့ ပုံတွေကိုတွေ့ လိုက်တော့
ပိုစိတ်ပျက်သွားတယ်။အမှန်တကယ်
အရက်သောက်နိုင်တာ၊ဖုန်းကိုင်နိုင်တာ၊ကလပ်တက်နိုင်တာ၊အဖေါ်အချွတ်လုပ်နိုင်တာ
အဲ့ဒါဂလိုဘယ်လိုက်ဇေးရှင်းဆိုမှားသွားမယ်ထင်တယ်။ဂလိုဘယ်လိုက်ဇေးရှင်းနဲ
့တန်တဲ့ အသိ ပညာမရှိသေးဘူးလို့ ပဲဆိုရမယ်။ဘာကြောင့်လဲဆိုတော့
လူငယ်တွေအင်တာနက်ဆိုတာကို
အများဆုံး တလွဲသုံးနေကြတယ်။ချက်တင်ထိုင်တယ် ဂိမ်းနှိပ်တယ် ဖွန်ကြောင်တယ်
ကျူတယ် အီတယ်။ဒါမဖြစ်သင့်ဘူး..အချိန်အလားကားဖြုန်းနေတာပဲ။အင်တာနက်မှာ
စာပေတွေဖတ်သင့်တယ် ဆောင်းပါးတွေ မိမိသန်ရာဘာသာရပ်တွေနဲ့ ပက်သက်လို
့တကမ္ဘာလုံးမှာ ဘယ်နိုင်ငံက ဘာနဲ့ ပက်သက်လို့ ဘာလုပ်လိုက်ပြီဆိုတာမျိုးကို
သိအောင်လေ့လာနေရမယ်။ပညာမလာလဲထိုင်နေကြတဲ့ အများစု
ဟုတ်ပြီ အစိုးရပညာရေး ဘာမှမပေးနိုင်ဘူးဗျာ လက်ခံတယ်
ပြည့် ဝအောင်မသင်ကြားပေးနိုင်ဘူး ဆရာတော်တော်များ
များကလဲ သင်ကြားပေးဖို့ စွမ်းရည်မလောက်ဘူး ။ဟုတ်ပြီ ဒါဆို လူငယ်တွေအနေနဲ
့ကိုယ်ကသွားရမယ်လေ သင်တန်းတက် စာဖတ် စားများများဖတ်
တွေးခေါ်သုံးသပ်။ဒါမျိုးတွေမဟုတ်ဘူး သင်တန်းတွေကလဲ ကွန်ပျူတာဆို
ကွန်ပျူတာသင်တန်းတော်တော်များများက ပိုက်ဆံကြည့် ကြတယ် အစိုးရက
စစ်ဆေးမှုမရှိ ကျောင်းသားတွေက ဖွန်ကြောင်ချင်နဲ
့ဘာဘာသာရပ်မဆိုနော်..။ပညာမလာရင်ကိုယ်ကသွားရတယ်တဲ့ အခုတော့ ထိုင်နေကြတယ်
ကဲ ပြတ်ကရော။
အာဏာရူးလေးများ (သို့ )ဘိလပ်ရည်ပုလင်းဖုံးထဲက ဖား
ပညာရပ်တွေကိုသေချာမလေ့လာ မဖတ် နဲနဲလေးသိပြီး
လူငယ်အချင်းချင်းပဲကို မာနကြီးတခွဲသားနဲ့ နေ..။အများသဖြင့် မတန်တဲ
့နေရာကို အလွယ်တကူရသွားလိုက်တဲ့ လူငယ်တွေမှာအဖြစ်များတယ်။ပညာရပ်ဆိုတာက
တကယ်တမ်းလေ့လာကြည့် ပါ..။ခင်ဗျားမသေမချင်းလေ့လာနေရမယ်
ဒါကိုနားမလည်ဘူး။ကိုယ့်ကိုယ်ကိုဘာမှမသိခြင်း သုညဆိုတာနားမလည်ဘူး။ပြီးတော့
တချို့ အင်္ဂလိပ်လိုတွေ ပြောတယ် ဥပမာ Civil Society တို့ ဘာတို့ ပေါ့
သုံးပါ သုံးတာတော့ သုံးပါ။ဒါပေမယ့် အဲ့ဒီအပေါ်မှာ
ဘာသက်ရောက်မှုမှမရှိစေရဘူး မသိသေးတဲ့ သူတွေကို
စကားလုံးကြီးတွေသုံးပြတယ်(လူငယ်တွေထဲမှာပဲနော်)
တကယ်မေးလိုက်မယ် အင်္ဂလိပ်စာကို တကယ်တတ်ပြီလားလို့ ။ပွဲတွေ ပြတ်သလားမမေးနဲ့ .။
ပညာသင်ခြင်းဆိုတာနဲ့ ကပ်လွဲခြင်းနောက်တချက်
ပညာသင်ခြင်းဆိုတာ မိမိကိုယ်ကို
မိမိဝမ်းစာဖြည့်ခြင်းပါ။မိမိကိုယ်ကို
တိုးတက်အောင်လုပ်ခြင်းပါ။မိမိကိုယ်ကိုပညာပြည့်အောင်လုပ်မှ မိမိနေထိုင်တဲ
့လူ့ အဖွဲ့ အစည်းလဲ တိုးတက်မှာဖြစ်တယ်။ကျနော်တို့ မြန်မာပြည်မှာ
လူငယ်တော်
တော်များများ တပွဲထိုးလေ့လာရေးများတယ်။ဥပမာ အင်ဂျင်နီယာကျောင်းဆိုတာနဲ
့စုပြုံရောက်သွားတယ်။တိုင်းပြည်တခုကဒီပညာရပ်
တခုတည်းနဲ့ ရပ်တည်လို့ မှမရတာ အဖက်ဖက်က ပညာရပ်တွေကို မျှခြေနဲ
့သင်ယူရမယ်။ပြီးတော့ ကိုယ်တကယ်ဝါသနာပါလို့ ရွေးချယ်
တာမဟုတ်။ကျောင်းကပေးလိုက်တဲ့ ပညာကလဲ တကယ်မတတ်..အဲ့မှာပွဲပြတ်ရော။သူတို
့ရည်ရွယ်ချက်က ဘွဲ့ ဆိုတဲ့ တံဆိပ်လေးပဲ။
အဲ့ပညာတရပ်လုံးလိုချင်လို့ မဟုတ်ဘူး။ပြီးတော့ မိဘတွေကလဲ ကြွားချင်တာနဲ
့သားသမီးကို ဖိအားပေးဖို့ လောက်ပဲသိတယ်။သားသမီး
တွေကလဲ ဘွဲ့ ရပြီးရင် စင်္ကာပူသွားမယ်။ပိုက်ဆံရှာမယ်။အဲ့ဖုန်းဝယ်တဲ
့အင်ဂျင်နီယာလောင်းလေးပြောတာက စင်္ကာပူနိုင်ငံသားလုပ်မယ်တဲ့ ။ကဲပြတ်ကရော
ဦးနှောက်ယိုစီးမှုတွေ..။ကျနော်ကတော့ အဲ့လိုလူတွေကို
ပညာတတ်အောက်တန်းစားလို့ 
မှတ်လိုက်တယ်။နိုင်ငံကိုမကြည့် ခြင်း(လူ့ အဖွဲ့ အစည်းကိုမကြည့် ခြင်း)။
ဒီလိုလူတွေ နဲ့ နောင်အနှစ်၂၀သုတို့ ခေတ်
ဒီလိုလူတွေနဲ့ နောင်အနှစ်၂၀ သူတို
့ဦးဆောင်မယ့်ခေတ်ကျရင် ကျနော်တို့ ဘယ်လိုစခန်းသွားမလဲ ?
သင်တို့ ပညာရေး သင်တို့ လွတ်လပ်မှု
သင်တို့ ကျန်းမာရေး သင်တို့ နိုင်ငံဖွံ့ ဖြိုးရေး သင်တို
့ဒီမိုကရေစီအုတ်မြစ်ခိုင်မာရေး လူ
့အခွင့်အရေး...............................................?
မှတ်ချက်။ ။ထိုထဲမှရုန်းထွက်နေသော လူငယ်အနည်းစုမပါပါ။
ခေတ်သစ်မီးမောင်း
Wednesday, April 11, 2012
အင်္ဂလိပ်စာလေ့လာရာတွင် အသိများလေ ပိုလွယ်လေ
Posted by Kyaw Win Tun on April 9, 2012
ထိုသို့ နားထောင်စရာများကို အင်တာနက်စာအိမ်များပေါ်တွင်ရှာနိုင်ပါသည်။ အင်္ဂလိပ်စာ လေ့လာ သူများအတွက်သီး သန့်  ဟောပြောချက်များကိုမူ သိပ်ရှာတွေ့ မည်မဟုတ်ဘဲ ပုံမှန် စကားပြောနှုန်းဖြင့် ပြောသော ဟောပြောမှု၊ ဆွေး နွေးမှု စကားပြောများကိုသာ များသောအားဖြင့် နား ထောင်နိုင်ပါ လိမ့် မည်။ bbcworldservice.com bbc.co.uk စာအိမ်များတွင် အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေး ဟောပြောထားသော နားထောင်စရာများစွာ ရှိပါသည်။
ဤနေရာတွင် အခက်အခဲတစ်ခုရှိပါသည်။ ပြောသော အသံများ၊ စကားလုံးများကို အကုန် ဖမ်းမိလျင်သော်မှ နားမ လည်လိုက်သော အဖြစ်မျိုးရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆွေးနွေး ဟောပြောသော အကြောင်းအရာကို တီးမိခေါက်မိမရှိသောကြောင့်ဖြစ်ပါသည်။ ဥပမာ ဘီဘီစီ အင်္ဂလိပ်ပိုင်းရှိ သိပံ္ပဆိုင်ရာ သတင်းလွှာသော်လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှု အစီအစဉ်သော်လည်းကောင်း၊ စာပေဆွေးနွေးမှုများကိုလည်းကောင်း နားထောင် ရာတွင် ထိုအကြောင်းတို့ ၏ အခြေခံ သဘောများကိုအနည်းငယ် တီးမိခေါက် မိရှိထားပါက မြန်မြန်နားလည်နိုင်ပါ လိမ့်မည်။
မေးစရာရှိပါသည်။ ထိုအရာတို့ ကို မသိပါ။ ကျောင်းတွင်မသင်ခဲ့ရပါ။ ထို့ ကြောင့် ဘယ်လိုသိနိုင် မလဲ။ သတိပြု စရာ တစ်ခု ရှိ ပါသည်။ ၎င်းရေဒီယို အစီအစဉ်များမှာ သိပံ္ပပညာရှင် စာပေပညာရှင် ကျန်းမာရေးပညာရှင်များအတွက်သာ သီးသန့် ထုတ်လုပ်ထားသည်မဟုတ်ပါ။ သူလိုကိုယ်လို သာမန်နားဆင်သူများအတွက် မေးမြန်းဆွေးနွေးထား ချက် များ ဖြစ်ပါသည်။ မေးမြန်းသူက နားထောင်သူများ လိုက် နိုင်မည်ဟု ထင်သည့် နေရာက စ ထားတတ်ပါသည်။ ထို့ ကြောင့် ထိုအရာတွေကို မသိ၍ စ နားမထောင်ဘူးဟု ဆင်ခြေမပေးသင့်ပဲ အကြောင်းအရာ အသစ်များကို စိတ် ၀င် စားအောင် အားထုတ်သင့်ပါသည်။
မိမိ မသိသေးသော အကြောင်းအရာကို မည်သို့ စိတ်ဝင်စားအောင် အားထုတ်ပါမလဲ။ အလွယ်ကူဆုံးမှာ မေးခွန်း ထုတ်ကြည့်ခြင်းဖြစ်ပါသည်။ ဥပမာ သတ္တ၀ါများ အဆင့်ဆင့်ပြောင်းလဲမှုဖြစ်စဉ်Evolution အကြောင်း ကြားလိုက် သည်ဆိုပါစို့ ။ ဘယ်သတ္တ၀ါတွေကိုပြောတာလဲ။ အဆင့်ဆင့်ဆိုတာဘာလဲ။ ပြောင်းတယ်ဆိုတာ ဘယ်လို ပြောင်း တာ ကို ခေါ်တာလဲ။ ဖြစ်စဉ်ဆိုတာကရော။ဘယ်လောက်ကြာသလဲ စသည့် စသည့် မေးခွန်းများကို မေးကြည့်ပါ။ နား ထောင် သည့် အစီအစဉ်တွင်ရှင်းပြထားတတ်ပါသည်။ ထိုအခါ နားထောင်ရာတွင် ဘာအချက်အလက်ကို ဂရု စိုက်ရှာ ဖွေရမည်ကိုလည်း သိပြီးဖြစ်သွား ပါလိမ့်မည်။အကယ်၍ နားထောင်သည့် အစီအစဉ်တွင် မိမိသိလိုသည့် မေးခွန်း၏ အဖြေပါမလာပါက အင်တာနက်တွင် evolution theory အကြောင်းဖတ်နိုင်မည့် စာအိမ်ကို ရှာကြည့်နိုင်ပါသည်။ အလွယ်အင်္ဂလိပ်စာဖြင့် ရေးထားသော စာအိမ်များကို ရှာလိုပါက evolution theory for kids ဟု စာရိုက်ရှာဖွေပါ။ ထိုအခါ အဖတ် စွမ်းရည်ကိုပါလေ့ကျင့်ပြီးသား ဖြစ်သွားပါပြီ။
ဆိုခဲ့ပြီးသည့်အတိုင်း တက္ကသိုလ် ကောလိပ်တွင် ပညာသင်ရန်ရည်ရွယ်ချက်ဖြင့် အင်္ဂလိပ်စာ လေ့ လာ လျင် ဟောပြော ပို့ ချမှု ပုံစံ ဆွေးနွေးမှု ပုံစံတို့ နှင့် အကျွှမ်းဝင်ရန် အကြောင်းအရာဗြောက်သောက်ကို သိထားဖို့ ရန်လိုပါသည်။ ထို့ ပြင် ထိုဗဟုသုတများက မိမိ၏လေ့လာမှုကိုပါ အထောက်အကူပေးပါသည်။အဘယ်ကြောင့် ဆို သော် မိမိအထူးပြုသင်ယူနေသည့် ဘာသာရပ်နှင့်ဆက်နွယ်၍ ဆရာများက အခြားနယ်ပယ်မှ အကြောင်းအရာတို့ ကို ဆက်စပ်ပြတတ်သောကြောင့်ဖြစ်သည်။ ထိုအခါ နားမအ တော့ဟုပြော နိုင်ပါမည်။
ထိုမျှမကပါ။ IELTS TOEFL စသည့် စာမေးပွဲဖြေရာတွင်လည်း အထောက်အကူပေးပါလိမ့်မည်။ ထိုစာမေးပွဲများတွင် အကြားစွမ်းရည်စစ်ဆေးသည့် နားထောင်စရာများတွင် ထိုထိုသော အကြောင်း အရာ များစွာပါ၏။ သိထားသော အကြောင်းအရာကို နားထောင်ရသည်က ဘာမှမသိဘဲ အသံများ စကားလုံးများကိုသာ လိုက်နားထောင်ရသည်ထက် ပို၍ လွယ်ကူပါလိမ့်မည်။ အဖတ်စွမ်းရည် ကိုဖြေရာ တွင်လည်း ဤအတိုင်းပင်ဖြစ်ပါသည်။ ရေးရာတွင်လည်း သူ များ သုံးထားသည့် ဖန်တရာတေ အ ချက်များထက်သာအောင် ရေးနိုင်ပါလိမ့်မည်။
နောက်ဆုံးမေးခွန်းတစ်ခုမှာ များပြားလှသော သိစရာများအနက် ဘယ်အရာကို အရင်သိအောင် အားထုတ်သင့် သလဲ ဆိုသော မေးခွန်းဖြစ်ပါသည်။ ဖတ်စရာများများ နားထောင်စရာများများကို ရှိရန် နိုင်ငံ တကာသတင်းများကို စတင် စိတ် ၀င်စားကြည့်ပါဟု အကြံပေးလိုပါသည်။ မြေပုံကိုလည်း ဂူဂဲလ် မြေပုံ googlemap မှရှာနိုင်ပါသည်။ နိုင်ငံ တစ် ခုစီ၏ ခေတ်ဟောင်း ခေတ်သစ်သမိုင်းကိုလည်း အင်တာ နက် ပေါ်တွင် လက်ချောင်း တစ်ချက်နှစ်ချက်နှိပ်ဖြင့်ပင် ရှာ ဖတ်နိုင်ပါပြီ။
အသိများများ ရှာနိုင်ကြပါစေ။






