အမှတ်တရ ကဗျာ
တင်းတင်းကိုက်ထားတဲ့ ငါ့  နှုတ်ခမ်းဟာ
ဗြန်းခနဲ ကွဲ ထွက်
သွေးအစက်စက် စီးလိမ့် လာတယ်။
ငါ အံ ကြိတ်ပြီး
ငါ့ လက်သီးကို တင်းတင်းဆုပ်မိတယ်
ဗိုလ်အောင်ကျော် ရဲဘော်
ရဲဘော်ဟာ
ဒီနေရာမှာ ကျဆုံးသွားခဲ့ တယ်။
ကတ္တရာလမ်းကိုခွာ
ရာဇ၀င် ရုပ်ရေး အရ
သုတေသန လုပ်ရင်
ရဲ ဘော်ရဲ့ 
နီမြန်းတဲ့ ဂုဏ်ပုဒ်ကိုတွေ ရ မယ်။
ဘယ်သူတွေ ငြင်းနိုင်မလဲ
စီးဆင်းခဲ့ တဲ့  ရဲဘော်ရဲ့  သွေးတွေ အကြောင်း။
သင်းတို့  တတွေက
ရဲ ဘော်ရဲ့ ဂုဏ်အထူးထူးကို ဖော်ကျူးဖို့  ငြင်းဆန် ကြတယ်။
ဘယ်သူတွေ ရှိဦးမလဲ
ရဲ ဘော် မုန်းခဲ့ တဲ့  သူတွေ ပေါ့ 
သင်းတို့ အမုန်းကို
ရဲ ဘော်က စိမ်းကားတဲ့ အပြုံး နဲ့ 
ပြုံးမှာပဲ ယုံတယ်။
စပါတာကပ်ရဲ့ ဂုဏ်ရောင်
ကုန်းဘောင်သူပုန်
ဂဠုန် ဆရာစံ
ငုယင်ဗန်ထရွင်း
အတိုင်းမသိသော
ချေဂွေဗားရားစသော
အာဇာနည်ထောင်သောင်းတို့ နဲ့ အတူ
ရဲ ဘော်ဟာ နီရဲဝင်းလက်ခဲ့ တယ်။
တရားတဲ့ ပြည်သူတွေရဲ့ တိုက်ပွဲ မှာ
ရဲ ဘော်ရဲ့  သွေးဟာ နီရဲ ခဲ့ တယ်။
ပြည်သူချစ်တဲ့ 
အာဇာနည်အနှစ်ဟာ
ဘယ်ခေတ်မှာမဆို
နုပျို စိမ်းလန်းနေမှာပဲ
မုချယုံတယ်။
ဗိုလ်အောင်ကျော် ရဲဘော်
ဒီနေရာမှာ တို့  ဟာ
စာရွက်တွေအတူတူ ဝေ ဖူးတယ်။
ဗိုလ်အောင်ကျော် ရဲ ဘော်
တို့  ဟာ ဒီနေရာမှာ
ရဲ ဘော်ကို အကြိမ်ကြိမ် ဂုဏ်ပြု ခဲ့ ဖူးတယ်။
ရဲဘော်ရဲ့  အခန်းဆက်တိုက်ပွဲ
ရဲဘော်ရဲ့ တရားတဲ့ တိုက်ပွဲ တွေအကြောင်း
ဒီနေရာကို လာပြီး
ရဲဘော်ရဲ့ စီးဆင်းခဲ့ တဲ့ 
နီရဲတဲ့  သွေးစက်တွေပေါ်မှာ
ငါ့ ရဲ့  ဖြူယော်တဲ့  မျက်ရည်နဲ့ 
သူရသတ္တိမဲ့ တဲ့ ရှိုက်သံနဲ့ 
ရဲဘော်ရဲ့ ဂုဏ် အခန်းခန်းကို
ညစ်နွမ်းအောင် ငါမလုပ်ဘူး။
ကဗျာတပုဒ်
ဟုတ်တယ် ငါ့ ရဲ့  ကဗျာတပုဒ်
ရဲဘော်ရဲ့  ဂုဏ်ကိုဖော်ထုတ်ဖို့ 
ကြိုးစားတဲ့  ကဗျာတပုဒ်။
လက်ခံပါ ရဲဘော် ငါ အော်ဟစ်ပြီးပန် ကြားတယ်။
ပြန်ငြင်းပါရစေ
ဒီကဗျာဟာ ငါ့ ရဲ့ ကဗျာမဟုတ်ဘူး။
ဖတ်ကြည့် စမ်းလေ
စီးဆင်းခဲ့ တဲ့ သွေးစက်တွေ ရယ်
ဘယ်သူ့  သွေးလဲ
ရဲဘော်ရဲ့  ပူနွေးတဲ့ သွေး
မခမ်းခြောက်တဲ့  သွေးတွေ။
အို ...........ရဲဘော် ရဲ့ သွေးအစက်စက်နဲ့ 
ရဲရဲလက်လက်
သီယှက်ထားတဲ့ 
ရဲဘော် ရဲ့  ကဗျာပါလား။
ကဗျာ ဆရာ မောင်လေးအောင်
ပန်ပြားချက်ဗိုလ်အောင်ကျော်၏ (၇၃) နှစ်မြောက် နှစ်ပတ်လည်နေ့  ကဗျာကို ယခုမှ တင်ရသည်ကို တောင်းပန်ပါသည်။
No comments:
Post a Comment