Wednesday, October 24, 2012

နိုင်ငံတော်နှင့် ပုဂ္ဂလိကပူးပေါင်းပိုင်ဆိုင်သည့် ရတနာပုံတယ်လီပို့အား အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်၊ဆက်သွယ်ရေးလုပ်ငန်းအား ပုဂ္ဂလိကသို့ချထားရာတွင် နောက်ထပ် ပုဂ္ဂလိကကုမ္ပဏီ ၂ ခုကိုသာ အများဆုံးလက်ခံရန်စီစဉ်ထား

နိုင်ငံတော်နှင့် ပုဂ္ဂလိက ပူးပေါင်းပိုင်ဆိုင်သည့် ရတနာပုံတယ်လီပို့ကုမ္ပဏီအား အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရတနာပုံတယ်လီပို့ ကုမ္ပဏီအား နိုင်ငံတော်မှ ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကမှ ၄၉ ရာခိုင်နှုန်းအချိုးဖြင့် ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်သည့် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ထုတ်ပြန်ချက်များအရသိရသည်။

ယင်းအပြင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းများအား အပြိုင်ဝန်ဆောင်မှုပေးရန်အတွက် ပုဂ္ဂလိကအား ဖိတ်ခေါ်ထားသည်ဟုဆိုသော်လည်း စီစဉ်ထားမှုအရ အလွန်ဆုံး ကုမ္ပဏီ ၁ ခု ၂ ခုကိုသာလက်ခံရန်ရှိကြောင်းလည်းသိရသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၏ ဆက်သွယ်မှုကဏ္ဍအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့မှသာ စီမံလုပ်ကိုင်နေခြင်းဖြစ်ပြီး ၎င်းတို့နှင့် အပြိုင်လုပ်ကိုင်မည့် ပုဂ္ဂလိကကုမ္ပဏီအများအပြားလိုအပ်နေသည်။

ထိုသို့ အပြိုင်လုပ်ကိုင်မည့် ပုဂ္ဂလိက ကုမ္ပဏီများစွာလိုအပ်ရသည့် အဓိကအကြောင်းရင်းမှာ မြန် မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုသည် အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများဖြင့်ယှဉ်လျင် ၁၀ နှစ်မှ ၁၅ နှစ်အထိ နောက်ကျကျန်နေခဲ့ခြင်းကြောင့် အပြိုင်လုပ်ကိုင်မည့် ကုမ္ပဏီများလိုအပ်ခြင်း ဖြစ်သည်။

သို့သော် လက်ရှိစီစဉ်ထားသည့်အနေအထားအရ မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့ဖြင့် ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပေးမည့် ကုမ္ပဏီမှာ ၁ ခုသို့မဟုတ် ၂ ခုသာ လုပ်ခွင့်ပေးမည့်အနေအ ထားဖြစ်နေကြောင်း နေပြည်တော်တွင်ကျင်းပသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲတစ်ရပ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တင်ပြချက်များအရသိရသည်။

''ရတနာပုံတယ်လီပို့ကို အများပိုင်အဖြစ်ပြောင်းမယ်။ အခု မြန်မာ့ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေက အိမ်နီးချင်းနိုင်ငံတွေထက် ၁၅ နှစ်လောက်နောက်ကျကျန်နေတယ်။ ဒါကိုပြောင်းလဲဖို့နဲ့ လက်ဝါးကြီးအုပ်မဖြစ်ဖို့ ပုဂ္ဂလိကတွေများများဝင်ပြီး ယှဉ်ပြိုင်လုပ်ကိုင်ရင် အများပြည်သူလည်းပိုသက်သာ ခွင့်ရမှာပေါ့။ အခု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရတနာပုံတယ်လီပို့နှစ်ဦးနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရွေးချယ်ခွင့်ပြုမယ့် ကုမ္ပဏီ ၁ ခု ၂ ခုနဲ့ပြိုင်လုပ်မယ်ဆိုတော့ အများဆုံးမှ နောက်ထပ်ယှဉ်ပြိုင်မယ့် ကုမ္ပဏီက ၂ ခုပဲအများဆုံး လုပ်ခွင့်ရမှာပေါ့။ ယှဉ်ပြိုင်တယ်ဆိုတာက များလေပိုတိုးတက်လေပဲ''ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သူတစ်ဦး ကပြောကြားခဲ့ပါသည်။

အစိုးရသစ်လက်ထက် ၉ နှစ်အတွင်း လူတစ်ဦးလျှင် ဖုန်း ၁ လုံး အသုံးပြုနိုင်မည့် ပမာဏအထိ တိုးချဲ့မည်

အစိုးရသစ်လက်ထက် ၉ နှစ်အတွင်း မြန်မာနိုင်ငံတွင် လူတစ်ဦးလျှင်အနည်းဆုံး ဖုန်း ၁ လုံးအသုံးပြုနိုင်သည့် ပမာဏအထိတိုးချဲ့ရန် စီစဉ်ထားကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိဖုန်း အသုံးပြုမှုနှုန်းမှာ လူ ၁၀၀ တွင် ၇ ဦးကျော်သာ အသုံးပြုနိုင်သည့်အနေအထားရှိကြောင်းသိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အစိုးရသစ် စတင်တာဝန်ယူခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ၅ နှစ်အတွင်း ဖုန်းအလုံးရေ ၄၅ သန်းအထိ တပ်ဆင်ရန်လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အထိ နောက်ထပ် ၅ နှစ်တွင် ဖုန်းအလုံးရေ ၇၆ သန်း အထိလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာ နှစ်အထိ တတိယ ၅ နှစ်တွင် ဖုန်းအလုံးရေ သန်း ၁၂၀ အထိလည်းကောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှ ၂၀၃၀- ၂၀၃၁ ဘဏ္ဍာနှစ်အထိ စတုတ္တ ၅ နှစ်တွင် ဖုန်းအလုံးရေ သန်း ၁၅၀ အထိလည်းကောင်း တိုးချဲ့တပ်ဆင်သွားရန် စီမံကိန်းချမှတ် လုပ်ဆောင်လျက်ရှိသည်ဟု သိရှိရ သည်။

ထို့အတွက် အစိုးသစ်လက်ထက်မှ ၁၀ နှစ်သက်တမ်းရောက်ရှိမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်  မြန်မာနိုင်ငံ၌ တိုးချဲ့မည့် ဖုန်းအလုံးရေမှာ ၇၆ သန်းရှိလာမည်ဖြစ်ရာ လက်ရှိနိုင်ငံလူဦးရေ သန်း ၆၀ ဖြင့် တွက်ချက်ပါက လူတစ်ဦးလျင် အ နည်းဆုံးဖုန်းတစ်လုံးကိုင်နိုင်သည့် နှုန်းအထိ ဖုန်းသိပ်သည်းဆရှိလာမည်ဖြစ်ကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုမှာ အိမ်နီးချင်းနိုင်ငံ၊ အာဆီယံနိုင်ငံများထက် ၁၅ နှစ်အထိ နောက်ကျကျန်နေပြီး ယနေ့ နိုင်ငံတကာဖုန်းဈေးနှုန်း၊ ဖုန်းစနစ်များဖြင့်နှိုင်းယှဉ်ပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အတတ်နိုင်ဆုံးလျော့ချပေးထားပါသည်ဆိုသော မိုဘိုင်းဖုန်းတစ်လုံး ကျပ် ၂ သိန်းမှာ မဖြစ်သင့်သည့်ဈေးတွင်ပင်ရှိနေဆဲဖြစ်သည်ဟုလည်း အများပြည်သူက သုံးသပ်ကြသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုလည်း ကော်ပိုရေးရှင်းအသွင်ဖြင့် စီးပွားရေးဆန်ဆန်ဆောင်ရွက်ပြီး ကိုယ့်ဝင်ငွေပေါ်ရပ်တည်မည့်အကြောင်းကိုလည်း ထုတ်ပြန်ထားသည်။

စီးပွားရေးဆန်ဆန် ဆောင်ရွက်လျက်ရှိသော်လည်း မျှတသည့် အသွင်ဖြင့်ဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအား မြှင့်တင်ပေးနိုင်ခြင်းမရှိပဲ ကုမ္ပဏီအကျိုးသာပိုမိုဖြစ်ထွန်းနေသည့် အနေအထားကိုလည်း ထည့် သွင်းတွက်ချက်ရန်လိုကြောင်း၊ အများပြည်သူအဆင်ပြေရေးပိုကြည့်သည့်ကုမ္ပဏီများကို အများစုလုပ်ကိုင်ခွင့်ပေးသင့်ပြီဖြစ်သည်ဟုလည်း ဆက်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးက ထောက်ပြခဲ့သည်။

 

နှစ်အပိုင်းအခြားအလိုက် တိုးချဲ့သွားမည့် တယ်လီဖုန်းနှင့် အင်တာနက်ပမာဏအား နိုင်ငံ့လူဦးရေပေါ်တွင် အခြေခံကာ ရာခိုင်နှုန်းတွက်ချက်ပြမှုဇယား

ဘဏ္ဍာနှစ် ဖုန်း ရာခိုင်နှုန်း အင်တာနက် ရာခိုင်နှုန်း
၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ၄၅ သန်း ၇၅%၈၀% ၃၀ သန်း ၅၀.၀၀%
၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ၇၆ သန်း ၁၂၅.၀၀% ၅၀ သန်း ၇၇.၀၀%
၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ ၁၂၀ သန်း ၂၀၀.၀၀% ၇၅ သန်း ၁၀၇.၀၀%
၂၀၂၆-၂၀၂၇ မှ ၂၀၃၀-၂၀၃၁ ၁၅၀ သန်း ၂၅၀.၀၀% ၉၀ သန်း ၁၂၀.၀၀%
 

ဒီမိုကရေစီကို လိုလားသူတိုင်း ဒီမိုကရေစီနှင့် မကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ပုဒ်မများကို ပြင်ဆင်ရန် မိမိတာဝန်အဖြစ် မှတ်ယူရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဒီမိုကရေစီကို လိုလားသူတိုင်း ဒီမိုကရေစီနှင့် မကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ပုဒ်မများကို ပြင်ဆင်ရန်မှာ မိမိတာဝန်အဖြစ် မှတ်ယူရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။

"တကယ်ဒီမိုကရေစီလိုလားတဲ့သူတိုင်းမှာ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မတွေကို ပြင်ဆင်ဖို့က ကိုယ့်တာဝန်ပဲလို့ မှတ်ယူရပါမယ်။ နောက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေ ညီလာခံရဲ့ဥက္ကဋ္ဌ မဟုတ်ဘူးလား" ဟု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ်များပေါ်တွင်သာ မူတည်ကြောင်း သမ္မတကြီး၏ ပြောကြားချက်နှင့်ပတ်သက်၍ မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါသည်။

 

5301
အောက်တိုဘာလ ၁၈ ရက်နေ့က ပြန်လည်စတင်သော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်နေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် Photo: AFP

 

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် NLD ပါတီအနေဖြင့် မည်သည့်အချိန်တွင် အဆိုတင် သွင်းမည်နည်းဟု Eleven Media Group ၏ မေးမြန်းမှုကို  ဒေါ်အောင်ဆန်းစုကြည်က "ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ဆိုတာကတော့ ကိုယ့်မှာဘယ်လောက်အထိ အောင်မြင်နိုင်မလဲဆိုတဲ့ အခြေအနေကို ကြည့်ပြီးလုပ်ရမှာ ဖြစ်ပါတယ်။ ဘယ်ကစမလဲဆိုတာလည်း ဆုံးဖြတ်ရမယ်" ဟု ဖြေကြားခဲ့ပါသည်။

ထို့အတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ပါဝင်သော သမ္မတလောင်း အရည်အချင်းများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က "အဲဒီ ဥပဒေကို အမေတို့သဘောမတူဘူး။ အဲဒါကြောင့် တကယ်ပဲမျှမျှတတနဲ့ ပြိုင်ချင်တယ်ဆိုရင် ဒီဥပဒေကို မျှတအောင်လုပ်ရမယ်" ဟု ပြောကြားခဲ့သည်။

"နောက်သက်တမ်းမှာ အရွေးချယ်ခံချင်တဲ့ မည်သူမဆို အားလုံးကနေ မျှမျှတတ အခြေခံပေါ်ကနေ ရွေးချယ်နိုင်အောင်လို့ ကြိုးစားပေးစေချင်တယ်။ အကုန်ပြင်ရမှာပဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက တရားမျှတမှုမှ မရှိတာ။ တရားမမျှတတဲ့ ဥပဒေအရတော့ ခေါင်းဆောင်လုပ်ချင်စိတ် မရှိသင့်ဘူးလို့ ဒီလိုပဲမြင် တယ်" ဟု သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကသာ လိုလားပါက သမ္မတလုပ်ရဲသည့် သတ္တိရှိသည်ဟု အောက်တိုဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သော အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် မိမိ၏သဘောထားတစ်ရပ်တည်းနှင့် ပြင်ရန်မဖြစ်နိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရန် အခွင့်အလမ်းပေးထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေ ခံဥပဒေကိုပြင်ရေး၊ မပြင်ရေးသည် လွှတ်တော်ထဲ၌ရှိနေသော လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒအ ပေါ်မှာပဲ မူတည်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အခန်း ၁၂ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၅ တွင် ဖွဲ့စည်း ပုံ အခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု ဖော်ပြပါရှိသည်။

လက်ရှိကျင်းပလျက်ရှိသော ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်လျက်ရှိသည်။

 

Saturday, October 20, 2012

Hear Me Now

I left everything behind me
Searching for the strength I thought I
Had inside me
Left you behind
So lonely
Praying for the day that you would somehow find me

I was young
You were wrong
But I tried
I was strong
And the years that I have lost are all I see

All I can say
Is I am not afraid
Of the world that I have tried to push away
I fight everyday
But I am to blame
I am not innocent
But I am not afraid

I lost all faith
Inside me
Still I find myself without the will to
Free me from you
I'm a slave
Unhappy
Wanting oh so much for you to someday
See me

Tell me how
I want to
Say it loud
I need you
To be the one who catches all my dreams
Hear me now
All I can say
Is I am not afraid
Of the world that I have tried to push away
I fight everyday
But I am to blame
I am not innocent
But I am not afraid
Anymore

I'm tired of sleeping
Alone I've been grieving
The life that I gave up to feel alive
I want to feel alive

I'm not afraid anymore, I'm not afraid anymore

I want to feel alive, I want to feel alive
I want to feel, I need to feel
I want to feel alive

Hold on tight
Let's make this right
Take me, make me
Feel alive tonight