Friday, April 12, 2013

Myanmar Education vs. American Education

ဒီပညာရေးစနစ် နှစ်ခုမှာ ဘာကွာသလဲဆိုတော့ ...

၁။ မြန်မာပြည် ပညာရေးက Teaching Method ကိုသုံးတယ်။ အမေရိကန် ပညာရေးက Learning Method ကိုသုံးတယ်။

၂။ မြန်မာပြည် ပညာရေးက Theory ကိုသင်တယ်။ အမေရိကန်ပညာရေးက Practical ကို သင်တယ်။

၃။ မြန်မာပြည် ပညာရေးက သင်တဲ့ဆရာကို ပြန်မေးရင် မကြိုက်ဘူး .. အမေရိကန် ပညာရေးက သင်တဲ့ ဆရာကို မမေးရင် မကြိုက်ဘူး။

၎။ မြန်မာပြည် ပညာရေးက " intolerant " ဖြစ်တယ်။ အမေရိကန် ပညာရေးက " liberal " ဆန်တယ်။

၅။ မြန်မာပြည် ပညာရေးမှာ ကျောင်းသားက ဆရာကို အားကိုးတာ ကြိုက်တယ်။ အမေရိကန် ပညာရေးမှာ ကျောင်းသား ကိုယ့်အားကိုယ်ကိုးတာကို ကြိုက်တယ်။

၆။ မြန်မာပြည် ပညာရေးမှာ Group Team Work ဆိုတာ မသိအောင် လုပ်ထားတယ်။ အမေရိကန် ပညာရေးမှာ Group Team Work ဆိုတာ အရေးအကြီးဆုံး ဖြစ်တယ်ဆိုတာ သိနေအောင် ရိုက်ထည့်ပေးထားတယ်။

၇။ မြန်မာပြည် ပညာရေးမှာ စာကြည့်တိုက်ထဲက စာအုပ်တို့ .. ကွန်ပြူတာ လက်တွေ့ခန်းထဲက ကွန်ပြူတာတွေဟာ သော့ခတ် သိမ်းခံထားရတယ်။ အမေရိကန် ပညာရေးမှာ ကျောင်းသား တစ်ယောက်ချင်းစီအတွက် အချိန်မရွေး နေရာမရွေး ဖတ်ချင်သလောက် သုံးချင်သလောက် သုံးနိုင်အောင် စီစဉ်ပေးထားတယ်။

၈။ မြန်မာပြည် ပညာရေးမှာ ဆရာ၊ဆရာမ ဆိုတာ မျက်နှာထားတည်ရမယ်၊ပုပ်ထားရမယ်၊ဒါမှ ကျောင်းသားက မခန့်လေးစား မလုပ်မှာ .. အရိုအသေ မတန်မှာလို့ ယူဆထားတယ်။ အမေရိကန် ပညာရေးမှာ ဆရာနဲ့ကျောင်းသား မျက်နှာချင်းဆိုင် တွေ့တာနဲ့ ပြုံးပြတယ်။ လက်လှမ်းပြတယ်။ အတူတူလမ်းလျှောက် စကားတွေပြောတယ်။ ရုံးခန်းကို အချိန်မရွေး စာသွားမေးခွင့် ရှိထားတယ်။

၉။ မြန်မာပြည် ပညာရေးမှာ အသက်ကြီးလာရင် ပညာရေးကို သင်ယူဖို့ အချိန်မပေးချင်တော့ဘူး ... ရှက်ဖို့ကောင်းတယ်လို့ အများစု ခံယူထားတယ်။ အမေရိကန် ပညာရေးမှာ အသက်အရွယ် လူတန်းစားမခွဲ ကြိုက်တဲ့အချိန် ကျောင်းပြန်လာတက်လို့ ရအောင် စီစဉ်ပေးထားတယ်။

၁၀။ မြန်မာပြည် ပညာရေးမှာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ နိုင်ငံရေးကို စိတ်ဝင်စားဖို့ ...လူငယ်တွေကို Political SNcience မသင်ပေးဘူး။။ အမေရိကန် ပညာရေးမှာ .. General Requirement Subject အနေနဲ့ မယူမနေရ .. မသင်မနေရ .. ပြဌာန်းထားတယ်။

သိပ်အများကြီး မကွာပါဘူး .. ဒီအချက်တွေကြောင့်ပဲ မြန်မာပြည် ပညာရေး အဆင့်ဟာ ကမ္ဘာမှာ မျက်နှာမွဲ မျက်နှာပြာအဖြစ်နဲ့ ရပ်တည်နေရတာ။။။

No comments:

Post a Comment