ဒီပိုစ့်ကိုရေးချင်နေတာကြာပါပြီ
အလုပ်မအားတာနဲ့မရေးဖြစ်တာ
တိုးတက်နေတဲ့ဒီခေတ်ကြီးမှာလူတိုင်းနီးပါးအင်တာနက်သုံးနေကြပါတယ်
ခေတ်ကြီးတိုးတက်နေသလိုတဖြေးဖြေး
ယဉ်ကျေးမူ့တွေကွယ်ပျောက်ကုန်တာလဲ
ဝမ်းနည်းစွာမြင်တွေ့ရပါတယ်
အထူးသဖြင့်ချက်တင်စတက်တဲ့ဆယ်ကျော်သက်
အရွယ်တွေမှာအများဆုံးတွေ့နေရပါတယ်
ကိုယ်တွေဆယ်ကျော်သက်တုန်းကလဲ
ချက်တင်ကိုရူးသွပ်ခဲ့ဘူးတာပဲလေ
ဒါပေမယ့်ဘယ်သူ့ကိုမှရိုင်းရိုင်းစိုင်းစိုင်းတွေ
မရေးခဲ့ဘူးပါဘူး
ဒီခေတ်ခလေးတွေအများစုကတော့
တော်တော့ကိုရိုင်းစိုင်းလာကြတယ်
သူတို့ချက်တင်တက်လာလို့ထုံးစံအတိုင်း
လူတယောက်ကိုစပြီး ဟိုင်း လို့စပြောတယ်
ပြန်မဖြေရင်ဒုတိယအကြိမ်ထက် ဟိုင်းတယ်
ဒုတိယအကြိမ်မှပြန်ပြီး ဟိုင်းမလုပ်ရင်
စပြီးဆဲခံရဖို့သာပြင်ပေတော့
မာန်တက်နေတာလားဆိုတာပါသေးရဲ့
နောက်ဆုံးအဆင့်ဆိုရင် မိဘတွေပါမလွတ်အောင်
ဆဲခံရပါပြီ
ကျွန်မဆိုလိုချင်တာက
ကျွန်မတို့လိုဖုန်းနဲ့သုံးမိတဲ့လူတွေဟာ
အမြဲတမ်းအကောင့်အွန်လိုင်းဖြစ်နေတတ်တာပါပဲ
သူတို့နားမလည်လို့ရှင်းပြမိရင်လဲ သောက်ကြွားမတဲ့
English လိုအော်တိုရီပလိုင်းရေးထားပြန်တော့လဲ
English လိုနားမလည်ဘူးတဲ့
နားမလည်ရင်သင်ယူသင့်တာပေါ့
ချက်တင်တက်တာဟာ
ဘဝကိုတိုးတက်အောင်အကျိုးပြုမှာမှမဟုတ်တာ
တချို့ဆို simple English တောင်နားမလည်ပါဘူး
တော်တော်ဝမ်းနည်းစရာပါ
တချို့လူငယ်တွေဆို အမေနှမဖတ်လို့မသင့်တော်တဲ့
မကောင်းတဲ့စာတွေရေးထားတာမျိုးတွေတောင်
ကိုယ့်ဆီပို့တာမျိုးကြုံရပါတယ်
အင်တာနက်သုံးတာဟာ
မိဝေးဖဝေးနိုင်ငံခြားမှာနေတဲ့လူတွေအဖို့
မိဘတွေနဲ့ငွေကုန်ကြေးကျသက်သာစွာ
ပြောဆိုနိုင်မယ်။ နိုင်ငံတကာရောက်နေတဲ့
ကိုယ့်သူငယ်ချင်းတွေနဲ့အချိန်မရွေးအဆက်အသွယ်လုပ်လို့ရမယ်
ကိုယ်မသိလိုက်ကတဲ့ကိုယ့်နိုင်ငံကသတင်းတွေကို
ဖတ်ရှု့နိုင်မယ် ကိုယ်မသိတဲ့နည်းပညာတွေကို
အချင်းချင်းဖလှယ်နိုင်အောင်သုံးကြတာများပါတယ်
နိုင်ငံခြားဆိုရင်မြန်မာပြည်ကလူတွေကအထင်ကြီးကျတယ်ပိုက်ဆံတွေအများကြီးရတယ်ပေါ့
ရတာသာမြင်ကျတာပေးဆပ်လိုက်ကတဲ့အရာတွေကိုမမြင်ကျပါဘူး
နိုင်ငံခြားမှာနေတဲ့လူတွေမှာအရှားပါးဆုံးကအချိန်ပါပဲ။ကိုယ့်တိုင်းပြည်မှာဆိုအချိန်တန်မိဘအိမ်ပေါ်
တက်လက်ဆေးထမင်းစားလိုက်ရုံပါပဲ
သူများနိုင်ငံမှာဆိုရေတခွက်တောင်အလကား
သောက်ရဖို့မလွယ်ပါဘူး
အချိန်နဲ့အမျှအလုပ်နဲ့လက်နဲ့မပြတ်လုပ်နေကျရ
တာပါ။အိပ်ချိန်တောင်အနိုင်နိုင်လုနေရတဲ့နေရာ
မျိုးမှာချက်တင်တက်ဖို့ဆိုတာဝေလာဝေးပါ
လာပြီးချက်နေတာတော့တွေ့ပါရဲ့
ပြန်ချက်ဖို့ဆိုတာမလွယ်ပါဘူး
ကျွန်မတို့မြန်မာပြည်မှာနေတုန်းကဆိုရင်
အချိန်တွေတော်တော်ပေါပါတယ်
ကျောင်းလေးတက်လိုက်စာလေးကျက်လိုက်နဲ့
အချိန်တွေပိုနေတာဘာလုပ်ကမှန်းကိုမသိဘူး
မိဘတွေကလဲငါ့သားသမီးကျောင်းစာသင်နေတာ
ဆိုပြီးဘာမှမခိုင်းရက်ကျဘူးလေ
ကျွန်မယူဆချက်ကတော့အဲ့တာ
သားသမီးကိုချစ်တာမဟုတ်ဘူးနှစ်နေတာပါ
လက်ကြောမတင်းချင်းဆိုတာကိုမွေးမြူပေးလိုက်တာပါ
ကျွန်မတို့နိုင်ငံမှာချမ်းသာတဲ့လူတန်းစာတွေဟာ
တရုတ်ကုလားများပါတယ်
အများစုပြောတာကြားဘူးပါရဲ့
ဒီတရုတ်ကုလားပဲချမ်းသာနေတာပါကွာတဲ့
ပြောတဲ့လူကိုကြည့်လိုက်ရင်လမ်းဘေး
လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့လူတွေများပါတယ်
တရုတ်ကုလားချမ်းသာမှာပေါ့
အောက်သက်ကျေတာကိုး
သူတို့ခံယူချက်မှာအလုပ်ဟူသမျှဂုဏ်ရှိစွလဲ
ပါတယ်လေ
ကျွန်မကျောင်းနေတုန်းကသူငယ်ချင်း
တရုတ်ကောင်လေးတယောက်ရှိပါတယ်
ကျွန်မတို့နွေရာသီကျောင်းပိတ်ချိန်ဆို
အိပ်လိုက်စားလိုက်ကစားလိုက်နဲ့
အချိန်တွေဖြုန်းခဲ့တာပါ
သူကတော့သူများစားသောက်ဆိုင်မှာ
စားပွဲထိုးသွားလုပ်နေခဲ့တယ်
ကျွန်မဆိုသူ့မိဘတွေကိုအံ့သြလို့မဆုံးဘူး
နေတော့ရွှေတောင်ကြား
သားသမီးကျတော့စားပွဲထိုးလုပ်ခိုင်းရက်တယ်ပေါ့
တော်တော်ရက်စက်တဲ့မိဘတွေထင်ခဲ့တာ
အခုကိုယ်တိုင်ငွေရှာတော့မှ
ငွေတန်ဖိုးကိုနားလည်အောင် အောက်သက်ကြေ
အောင်လုပ်ခိုင်းခဲ့မှန်းစဉ်းစားမိတယ်
ကျွန်မတွေးမိတာလေးတခုရှိတယ်
ကျွန်မတို့မြန်မာလူမျိုးတွေရဲ့
သားသမီးကိုချစ်တာဟာချစ်ရာမရောက်ဘဲ
နှစ် ရာများရောက်နေသလားလို့ပေါ့
မိဘတွေကအလိုလိုက်လေလေ
သားသမီးတွေကမလေးမစားလုပ်လာလေလေ
နောက်ဆုံးမိဘတောင်ပြောမနိုင်ဆိုမနိုင်ဖြစ်တဲ့
အထိရောက်ကုန်ကျတာတွေအများကြီး
တွေ့ဘူးပါတယ်
မိဘတွေဟာသားသမီးဆယ်ယောက်ကို
မငတ်အောင်ကျွေးနိုင်ခဲ့ပေမယ့်
သားသမီးဆယ်ယောက်ကမိဘ၂ပါးကို
ကျွေးနိုင်ဖို့မလွယ်ပါဘူး
ဒီခေတ်လူငယ်တော်တော်များများဟာ
အချိန်တွေကိုလက်ဖက်ရည်ဆိုင်နဲ့
အင်တာနက်ဆိုင်တွေမှာအကျိုးမဲ့စွာ
ဖြုန်းနေကျတာကိုတွေ့ရပါတယ်
မိမိတို့တနေ့တနေ့ဖြုန်းမိနေတဲ့
အချိန်တွေထဲကနာရီဝက်လောက်များ
ဖဲ့ပြီး English စာသင်ယူတာပဲဖြစ်ဖြစ်
စီးပွားရေးပညာတခုခုသင်ယူတာပဲဖြစ်ဖြစ်
အကျိုးရှိမဲ့စာပေတခုခုဖတ်တာပဲဖြစ်ဖြစ်
လုပ်မိကျမယ်ဆိုရင်နောင်အနာဂတ်မှာ
တိုင်းပြည်အတွက်အကျိုးရှိမဲ့
တိုင်းပြည်အကျိုးပြုလူငယ်လေးတွေ
ပေါ်ထွန်းလာမှာပါ
[By April Thinn Naing ]
No comments:
Post a Comment